Tuesday, October 9, 2012

“လယ်စောင့်တဲနှင့် ငှက်ပြာလေး”


ကောက်လှိုင်းညို့ ညို့  လှည်းမို့ မို့ တို့ 
နွား တို့ လို့ မောင်း ညနေစောင်းပေါ့။

ဟိုမှာတစ်စု သည်တစ်စုနှင့်
မြတ်နုရှာစား နွားမများတို့ 
စားလို့ လည်းဝ ပြန်ချိန်ကျထင့်
မြစ်စကမ်းနား ရေသောက်သွားပေါ့။

ရိုးပြတ်ကြားမှာ အစာရှာသည်
ခိုပြာတစ်အုပ် စာတစ်အုပ်လည်း
မိုးချုပ်ချိန်တန် အိပ်တန်းပြန်ပေါ့။

နွားတို့ လည်းပြန် ငှက်တို့ ပြန်သော်
ထီးကျန်တဲလေး ဟိုသည်ငေးကာ
အဝေးဆီမှန် အဖော်လွမ်း။


မကြာလိုက်ပါ
ငှက်ပြာကလေး ပြီးတံသေးနှင့်
အဝေးဆီက ပျံလာသည်။

မြူမှုန်ဝေတဲ့ ဆည်းဆာထဲတွင်
တဲနှင့်ငှက်ပြာ မိတ်ဖွဲ့ ကာလျှင်
ညတာခရီး သွားကြမည်တဲ့။

မောင်လင်းကြည်

ဒီနေရာလေးကနေ ကူးယူတင်ပြလိုက်တာပါ။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ