ကျွန်တော့် အမေ
ကျောင်းမနေ စာမတတ်
ပညာ ငတ်ပေမယ့်
သူ့ သားတွေ တစ်လှေကြီးနဲ့ 
ရေစီးကို မှန်မှန်ခတ်လို့ 
ဆန်မပြတ် ..ဆီမပြတ်ခဲ့ 
ဟော့.............
ကျောင်းတော်မှာ အမေ ထားလို့ 
အမေ့ သား ကျွန်တော်တို့ တွေ
ကျောင်းနေကာ ပညာတတ်သော်မှ
ကျွန်တော့်လှေ.........
ကျွန်တော် ခတ်ပေမယ့်
ကျွန်တော့်လှေ ......
အမေ တစ်လှည့်စီးတော့
လှေကြီး လေးသလိုလို
လှေကြီး နှေးသလိုလို
ချွေးစေးတွေ လှိုင်းထန်လို့ 
ရေစီးမှာ ယက်ကန်ကန်နဲ့ 
ဆန်ပြတ် ဆီပြတ် ။....။
( ပန်းတောင်း ) နေမင်းထင်
ပညာ ငတ်ပေမယ့်
သူ့ သားတွေ တစ်လှေကြီးနဲ့ 
ရေစီးကို မှန်မှန်ခတ်လို့ 
ဆန်မပြတ် ..ဆီမပြတ်ခဲ့ 
ဟော့.............
ကျောင်းတော်မှာ အမေ ထားလို့ 
အမေ့ သား ကျွန်တော်တို့ တွေ
ကျောင်းနေကာ ပညာတတ်သော်မှ
ကျွန်တော့်လှေ.........
ကျွန်တော် ခတ်ပေမယ့်
ကျွန်တော့်လှေ ......
အမေ တစ်လှည့်စီးတော့
လှေကြီး လေးသလိုလို
လှေကြီး နှေးသလိုလို
ချွေးစေးတွေ လှိုင်းထန်လို့ 
ရေစီးမှာ ယက်ကန်ကန်နဲ့ 
ဆန်ပြတ် ဆီပြတ် ။....။
( ပန်းတောင်း ) နေမင်းထင်
ဒီနေရာလေးကနေ ကူးယူတင်ပြလိုက်တာပါ။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...
