"မှန်ပါ ဒါကြောင့် ကမ္မ၀ိပါကော အစိန္တေယျောလို့ ဟောခဲ့တာထင်ပါ့ဘုရား"
အထက်က စကားတွေဟာ ဆရာဘုန်းကြီးနှင့် မိမိတို့ နွားကျောင်းသားနန္ဒ ၀တ္ထုလေးကို အကြောင်းပြုပြီး တွေးမိတာလေးမိန့်တော်မူလို့ -
လယ်တီဆရာတော်ရဲ့ တေးထပ်ထဲကလို့ တစ်ပိုင်းကြောင် ကျက်စာရရုံလေးနဲ့ မိမိက ပြန်လည်လျှောက်ထားဖြစ်ခဲ့မိ တာလေးပါ။
မှတ်မိသေးတယ် အဲဒီနေ့က အထ နံ ဧကော လုဒ္ဒကော ၀ိဇ္ဈိတွာ မာရေသိ-၀ါကျကို ဆရာဘုန်းကြီးက ဘာနဲ့ပစ်တယ်ဆိုတာလဲ မပါဘူးနော်…တဲ့၊ ဒါနဲ့ မိမိက ကလေးကလားဉာဏ်နဲ့ ပြန်လျှောက်ထားလိုက်သေးတယ် "မြားနဲ့ ပစ်တာနေမှာပါဘုရား" လို့၊
တကယ့်အဓိကနေရာကလဲ အဲဒီ အထ နံ ဧကော လုဒ္ဒကော ၀ိဇ္ဈိတွာ မာရေသိ-= မြတ်ဗုဒ္ဓက နွားကျောင်းသာနန္ဒကို ပြန်လှည့်စေတဲ့ အခါမှာ မုဆိုးတစ်ယောက်က နွားကျောင်းသားနန္ဒကို ပစ်ခွင်းပြီး သတ်လိုက်ပါတယ်..တဲ့။
အဲဒီလို နန္ဒသေသွားတာကို နောက်က ရဟန်းတွေမြင်လို့ မြတ်ဘုရားအထံသို့ သွားရောက် လျှောက်ထားလိုက်ကြတယ်၊ မကျေနပ်သလိုလေသံတွေနဲ့ပေါ့။
" အရှင်ဘုရား..နွားကျောင်းသား နန္ဒဟာ
အရှင်ဘုရား ဒီကိုကြွလာတဲ့အတွက်ကြောင့် အလှူကြီးပေးပြီး အရှင်ဘုရားကို
လိုက်ပို့ခဲ့ပါတယ်၊ လိုက်ပို့ပြီး အပြန်မှာ အခုကွယ်လွန်သွားပြီ၊ တကယ်လို့သာ
အရှင်ဘုရား ဒီကြွမလာရင် နွားကျောင်းသား နန္ဒ သေရမှာ မဟုတ်ဘူး" တဲ့။
မကျေနပ်တာလား၊ အလျှောက်မတတ်ကြတာလား မပြောတတ်၊ ဒီလိုပဲ ထင်သလို မြင်သလို လျှောက်ထားလိုက်ကြတယ်ပေါ။
တကယ်တော့ နန္ဒဟာ နယ်နယ်ရရမဟုတ်ပါဘူး၊ သာဝတ္ထိမြို့မှာ ကျောင်းဒကာကြီး အနာထပိဏ်ရဲ့ နွားတွေကိုကျောင်းရင်း ချမ်းသာကြွယ်ဝလာသူတစ်ဦးပါ။ ဇာတိကတော့ ကောသလဇနပုဒ်က။
သို့သော် သူဋ္ဌေးရာထူးကို သူမလိုလား၊ နွားကျောင်းသားဆိုတဲ့ အမည်ကိုသာ သူကခုံမင်ခဲ့တာပါ။
သူ့အတွက် နွားကျောင်းသားဆိုတဲ့ အမည်ကိုခံယူခြင်းက မင်းတို့ကို ဆက်သရတဲ့အခွန်(ရာဇဗလိ)ကနေ လွတ်ကင်းအောင် ရှောင်လွဲပြီးသားလဲ ဖြစ်သွားတာပါ။
ဒီလိုနဲ့ နွားကျောင်းတဲ့လုပ်ငန်းမှာ အောင်မြင်တဲ့ ကိုနန္ဒဟာ အနာထပိဏ်သူဌေးထံကို အလျင်းသင့်ရင် သင့်သလို နွားကထွက်တဲ့ (၁)နို့၊ (၂)နို့ဓမ်း၊ (၃)ရက်တက်ရည်၊ (၄)ဆီဦး၊ (၅)ထောပတ်-ဆိုတဲ့ နွားကရတဲ့ အရသာငါးမျိုးကို ပို့ပေးရပါတယ်။
ဒီနေရာမှာ (၂)နို့ဓမ်းဆိုတာ၁၊ နို့ချဉ်၊ ၂၊ နို့ခဲ-ကို ဟောတယ်၊ (၃) ရက်တက်ရည်ဆိုတာ=ထောပေး ထုတ်ယူပြီးသော နို့ရည်ကြည်။ ထောပေးဆိုတာ=နို့ဓမ်းကိုချက်ရာမှရသော ထောပတ်မဖြစ်မီ ဆီဦး။
လို့ မြန်မာအဘိဓာန်မှာဖွင့်ပါတယ် ။ အဲဒီအတိုင်းဆို၊ (၁) နို့ရည်ရိုးရိုး၊ (၂)နို့ချဉ်၊ နို့ခဲ၊ (၃) ဆီးဦး(ထောပေး)ကနေထုတ်ယူထား တဲ့ နို့ရည်ကြည်။ (၄) ထောပတ်မဖြစ်ခင်ဆီဦး၊ (၅) ထောပတ်-လို့ ဆိုရမှာပေါ့။ အဲဒါကို ပါဠိလို ပဉ္စဂေါရသ လို့ဆိုပါတယ်။
အဲဒီပဉ္စဂေါသကို ပို့ရတော့ နန္ဒဟာ အနာထပိဏ်သူဌေးအိမ်မှာ ဘုရားကို အမြဲလိုလို ဖူးတွေ့ရတာပေါ့၊ တရားတွေလဲ နာရတယ်၊ သူ့အိမ်ကိုလည်း ကြွပေးဖို့ မြတ်ဘုရားကို ပင့်ပါတယ်၊ သို့သော်လည်း ဘုရားရှင်က နန္ဒအိမ်ကို မကြွးသေးပါဘူး။
မြတ်စွာဘုရားဟာ အချိန်ကို ကွက်တိဝင်အောင် အသုံးချနိုင်တဲ့ ဉာဏ်တော်ရှိတော်မူပါတယ်၊ အဲဒီဉာဏ်တော်ကို လွယ်လွယ်ကူကူရခဲ့တာမဟုတ်ပါဘူး၊ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းလောက်ကြာမြင့်ေ အာင် ဆည်းပူးအားထုတ်လာရတာပါ၊ ဒါကြောင့် မြတ်စွာဘုရားအတွက် အချိန်ဟာ အလွန်ပဲ ရေးကြီးလှပါတယ်။
မြတ်စွာဘုရားက နန္ဒရဲ့ ဣနြေ္ဒရင့်ကျက်မှုကို အမြဲကြည့်ရှုတော်မူရင်း သဒ္ဓါစတဲ့ ဣနြေ္ဒရင့်ကျက်ပုံကို သိမြင်လေတော့ တစ်နေ့မှာ နွားကျောင်းသားနန္ဒဇာတိ ကောသလဇနပုဒ်ကို ဒေသစာရီကြွပြီးတော့ နန္ဒတို့ အိမ်နီးနားက သစ်ပင်ရင်းမှာပဲ ရဟန်းတွေခြံရံပြီး ကြယ်တွေရံခနေတဲ့ လမင်းကြီးပမာ သတင်းသုံးတော်မူနေပါတယ်။
ဘုရားကြွတော်မူလာတဲ့သတင်းကို နန္ဒကြားသိတော့ အိမ်ကို ပင့်ပြီး ၇-ရက်တိုင်တိုင် ဘုရားအမှူးရှိတဲ့ ရဟန်းများစွာကို အလွန်မွန်မြတ်တဲ့ နွားကဖြစ်တဲ့အရသာငါးမျိုးနဲ့  ဆွမ်းကပ်ပါတယ်။
၇-ရက်မြောက်နေ့မှာ အနုမောဒနာတရားဟောတော်မူပါတယ်။
အနစ်နာခံ စွန့်လွတ်နိုင်စိတ်မွေးဖို့ ရန် ဒါနကထာစတဲ့ ဒေသနာတော်ဟောတော်မူပါတယ်၊ အဲဒီတရားပွဲအပြီးမှာပဲ နွားကျောင်းသားနန္ဒဟာ သောတာပန်အရိယာဖြစ်သွားပါတယ် ။
သောတာပန်ဖြစ်ပြီးတဲ့နန္ဒ မြတ်စွာဘုရားကို လိုက်ပို့ရင်း မုဆိုး တစ်ဦးရဲ့ လက်ချက်နဲ့ ကွယ်လွန်ခဲ့ရတာပါ။ အဲသလို ကွယ်လွန်ခြင်းကြောင့် ရဟန်းများက မြတ်စွာဘုရားကို အထက်မှာ ပြောခဲ့တဲ့ စကားကို ရင်ထဲရှိတဲ့ အတိုင်းလျှောက်ကြားခဲ့တာဖြစ်ပါတယ်။
အဲသလို ရဟန်းတွေက လျှောက်ကြားတော့ မြတ်ဘုရားက " ချစ်သားတို့၊ ငါဘုရား ကြွလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ၊ အရပ်ရှစ်မျက်နှာကို ဒီနွားကျောင်းသားနန္ဒ သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ၊ သေခြင်းဘေးက လွတ်နိုင်တဲ့ အကြောင်းကတော့ ရှိမှာ မဟုတ်ဘူး၊
အမှန်က လူဆိုးကဖြစ်စေ ရန်သူကဖြစ်စေ သတ်ခြင်းဖျက်ဆီးခြင်း မလုပ်နိုင်ပါဘူး၊ တကယ်တမ်းက ဒီသတ္တ၀ါတွေရဲ့ အတွင်းသန္တာန်မှာ ကိန်းနေတဲ့ မကောင်းစိတ်ကလေးကသာ ပြုတာပါ ချစ်သားတို့" လို့ ပြန်လည် မိန့်တော်မူခဲ့ပြီး..အောက်က ဂါထာကို မိန့်တော်မူတာပါ။
ဒိသော ဒိသံ ယံ တံ ကရိယာ၊ ဝေရီ ၀ါ ပန ဝေရီနံ၊
မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော နံ တတော ကရေ။
လူဆိုးကဖြစ်စေ၊ ရန်သူကဖြစ်စေ၊ အကျိုးမဲ့ ဖျက်ဆီးခြင်းကို ပြုလျှင် ဤဘ၀သာပြုနိုင်၏။
မိမိပြုထားမိသော မကောင်းဆိုးဝါး ကံများကသာ မိမိကို ဘ၀များစွာ ပျက်သွားအောင် ဖျက်ဆီးနိုင်။
(လင်္ကာ)ချင်းချင်းပြစ်မှား၊ ခိုးသားရန်သူ၊ ထိုထိုလူတို့၊ တွေ့မူခဏ၊ ခုဘ၀သာ၊ ကျိုးမဲ့ရှာ၏၊ ကောင်းစွာမထား၊ စိတ်ဓာတ်များကား၊ ဆိုးဝါးထိုထက်၊ သံသာစက်ဝယ်၊ ဆက်လက်ထွေထွေ၊ကျိုးမဲ့စေ၏။
ဒီဒေသနာတော်ကြောင့် လူပေါင်းများစွာ သောတာပန်ဖြစ်ခဲ့ရပြီး၊ သောတာပန် မဖြစ်သူများကတော့ ဓမ္မဿဝနကုသိုလ်အကျိုးကို ရရှိကြတယ်ပေါ့။
ဒီဝတ္ထု ဖတ်လိုက်မိတော့ သူသေနိမိတ်ပန်းပုရုပ်ကလေးနဲ့  စပ်တဲ့ အဖြစ်အပျက်ကလေးကို သတိရမိပါသေးတယ်။ ဆရာဘုန်းကြီးပြောပြလို့ သိရတာပါ။
ကျောင်းမှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်း၊ ထောထွက်၊ ဆိုတဲ့ ပန်းပုပုံလေး ထုပြီး ဘုရားခန်းမှာ ကိုးကွယ်ချင်လို့ ပန်းပုဆရာဆီ ဆရာဘုန်းကြီးက သွားပြီးအပ်ထားပါတယ်။
တော်တော်ကြာတော့ ပန်းပုရုပ်တွေ ရပြီအထင်နဲ့ ပန်းပုထုတဲ့ အိမ်ကို သွားတော့ အကုန်မပြီးသေးပါဘူး၊ သူသေရုပ် ပန်းပု တစ်ပိုင်းတစ်စတော့ ထုနေပြီပေါ့၊ ရဟန်းတို့ တောထွက်တို့ဆို ဘယ်မှန်းမသိသေး။
အဲဒါသွားမေးတော့ ဒကာမတစ်ယောက်က ရှိုက်ကြီး တငင်နဲ့ "ဒီအရုပ်ထုလို့ ငါ့ယောက်ျားသေတာ…ဒီအရုပ်ထုလို့ ငါ့ယောက်ျားသေတာ" ဆိုပြီး သူသေရုပ်ထုကို လက်ညှိုးထိုးထိုးပြီး ငိုပါလေရောတဲ့။
ဒီတော့ ဆရာဘုန်းကြီးတို့က ဘာပြောကောင်းရမှန်းမသိ ဘယ်လိုချောရမှန်း မသိနဲ့ စိတ်မကောင်းဖြစ်ခဲ့ရသတဲ့။
တစ်ခါတစ်လေမှာ ကိုယ့်မှာ ရင်ဆိုင်ရတဲ့ ဒုက္ခကို လက်မခံချင်ဘဲ တခြားကိုလွဲချတတ်ကြတယ်၊ ကိုယ့်ရဲ့လိုအပ်ချက် တစ်စုံတစ်ရာကြောင့်
စီးပွားရေးအဆင်မပြေတာ ဘယ်ဟာခိုက်လို့ ကျန်းမာရေး မကောင်းတာ နာမည်က စီးနေလို့၊ အိမ်ထောင်ရေးအဆင်မပြေတာ ဘယ်လိုရက်ကြောင့် စသဖြင့်ပေါလေ…။ တစ်ချို့ဆို ဘုရားက ခိုက်တယ်ဆိုတာမျိုးအထိ လွဲချလိုက်ကြတယ်၊ တခြားကို ညွှန်ပြလိုက်ကြတယ်။
အဲဒါဟာ ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်ပြီး မဖြစ်သင့်တဲ့ ပြဿနာတွေက ပိုပိုပြီးတောင် ကြီးထွားလာတတ်ပါသေးတယ်။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့ ဘာကြောင့် ညာကြောင့်လို့ လွဲချနေမယ့်အစား အကြောင်းရှိလို့ အကျိုးတရားပေါ်လာတယ် ဆိုတာကို လက်ခံဖို့ပါ။ အဆိုးကို အကျိုးပေးအောင် မိမိတို့ကိုယ်တိုင် ဖန်တီခဲ့တာဖြစ်သလို၊ အကောင်းကို ဖြစ်စေအောင်လဲ ကိုယ်တိုင်ဖန်တီးတာပါပဲ။
သေချာတဲ့ သင်္ခန်းစာကတော့ မကောင်းစိတ်က ရန်သူ လူဆိုးထက်တောင် ဆိုးဝါးတယ်ဆိုတာပါပဲ၊ အဲသလို အဆိုးဝါးကိုမှ မွေးမြူမိခဲ့ရင်တော့....... .
အားလုံး ရွှင်လန်းကြပါစေ…. အမှားပါရင် သည်းခံခွင့်လွတ်ပေးပါရန် မေတ္တာရပ်ခံပါသည်။
အထက်က စကားတွေဟာ ဆရာဘုန်းကြီးနှင့် မိမိတို့ နွားကျောင်းသားနန္ဒ ၀တ္ထုလေးကို အကြောင်းပြုပြီး တွေးမိတာလေးမိန့်တော်မူလို့
လယ်တီဆရာတော်ရဲ့ တေးထပ်ထဲကလို့ တစ်ပိုင်းကြောင် ကျက်စာရရုံလေးနဲ့ မိမိက ပြန်လည်လျှောက်ထားဖြစ်ခဲ့မိ
မှတ်မိသေးတယ် အဲဒီနေ့က အထ နံ ဧကော လုဒ္ဒကော ၀ိဇ္ဈိတွာ မာရေသိ-၀ါကျကို ဆရာဘုန်းကြီးက ဘာနဲ့ပစ်တယ်ဆိုတာလဲ မပါဘူးနော်…တဲ့၊ ဒါနဲ့ မိမိက ကလေးကလားဉာဏ်နဲ့ ပြန်လျှောက်ထားလိုက်သေးတယ် "မြားနဲ့ ပစ်တာနေမှာပါဘုရား" လို့၊
တကယ့်အဓိကနေရာကလဲ အဲဒီ အထ နံ ဧကော လုဒ္ဒကော ၀ိဇ္ဈိတွာ မာရေသိ-= မြတ်ဗုဒ္ဓက နွားကျောင်းသာနန္ဒကို ပြန်လှည့်စေတဲ့ အခါမှာ မုဆိုးတစ်ယောက်က နွားကျောင်းသားနန္ဒကို ပစ်ခွင်းပြီး သတ်လိုက်ပါတယ်..တဲ့။
အဲဒီလို နန္ဒသေသွားတာကို နောက်က ရဟန်းတွေမြင်လို့ မြတ်ဘုရားအထံသို့ သွားရောက် လျှောက်ထားလိုက်ကြတယ်၊ မကျေနပ်သလိုလေသံတွေနဲ့ပေါ့။
" အရှင်ဘုရား..နွားကျောင်းသား
မကျေနပ်တာလား၊ အလျှောက်မတတ်ကြတာလား မပြောတတ်၊ ဒီလိုပဲ ထင်သလို မြင်သလို လျှောက်ထားလိုက်ကြတယ်ပေါ။
တကယ်တော့ နန္ဒဟာ နယ်နယ်ရရမဟုတ်ပါဘူး၊ သာဝတ္ထိမြို့မှာ ကျောင်းဒကာကြီး အနာထပိဏ်ရဲ့ နွားတွေကိုကျောင်းရင်း ချမ်းသာကြွယ်ဝလာသူတစ်ဦးပါ။
သို့သော် သူဋ္ဌေးရာထူးကို သူမလိုလား၊ နွားကျောင်းသားဆိုတဲ့ အမည်ကိုသာ သူကခုံမင်ခဲ့တာပါ။
သူ့အတွက် နွားကျောင်းသားဆိုတဲ့ အမည်ကိုခံယူခြင်းက မင်းတို့ကို ဆက်သရတဲ့အခွန်(ရာဇဗလိ)ကနေ လွတ်ကင်းအောင် ရှောင်လွဲပြီးသားလဲ ဖြစ်သွားတာပါ။
ဒီလိုနဲ့ နွားကျောင်းတဲ့လုပ်ငန်းမှာ အောင်မြင်တဲ့ ကိုနန္ဒဟာ အနာထပိဏ်သူဌေးထံကို အလျင်းသင့်ရင် သင့်သလို နွားကထွက်တဲ့ (၁)နို့၊ (၂)နို့ဓမ်း၊ (၃)ရက်တက်ရည်၊ (၄)ဆီဦး၊ (၅)ထောပတ်-ဆိုတဲ့ နွားကရတဲ့ အရသာငါးမျိုးကို ပို့ပေးရပါတယ်။
ဒီနေရာမှာ (၂)နို့ဓမ်းဆိုတာ၁၊ နို့ချဉ်၊ ၂၊ နို့ခဲ-ကို ဟောတယ်၊ (၃) ရက်တက်ရည်ဆိုတာ=ထောပေး ထုတ်ယူပြီးသော နို့ရည်ကြည်။ ထောပေးဆိုတာ=နို့ဓမ်းကိုချက
လို့ မြန်မာအဘိဓာန်မှာဖွင့်ပါတယ်
အဲဒီပဉ္စဂေါသကို ပို့ရတော့ နန္ဒဟာ အနာထပိဏ်သူဌေးအိမ်မှာ ဘုရားကို အမြဲလိုလို ဖူးတွေ့ရတာပေါ့၊ တရားတွေလဲ နာရတယ်၊ သူ့အိမ်ကိုလည်း ကြွပေးဖို့ မြတ်ဘုရားကို ပင့်ပါတယ်၊ သို့သော်လည်း ဘုရားရှင်က နန္ဒအိမ်ကို မကြွးသေးပါဘူး။
မြတ်စွာဘုရားဟာ အချိန်ကို ကွက်တိဝင်အောင် အသုံးချနိုင်တဲ့ ဉာဏ်တော်ရှိတော်မူပါတယ်၊ အဲဒီဉာဏ်တော်ကို လွယ်လွယ်ကူကူရခဲ့တာမဟုတ်ပါဘ
မြတ်စွာဘုရားက နန္ဒရဲ့ ဣနြေ္ဒရင့်ကျက်မှုကို အမြဲကြည့်ရှုတော်မူရင်း သဒ္ဓါစတဲ့ ဣနြေ္ဒရင့်ကျက်ပုံကို သိမြင်လေတော့ တစ်နေ့မှာ နွားကျောင်းသားနန္ဒဇာတိ ကောသလဇနပုဒ်ကို ဒေသစာရီကြွပြီးတော့ နန္ဒတို့ အိမ်နီးနားက သစ်ပင်ရင်းမှာပဲ ရဟန်းတွေခြံရံပြီး ကြယ်တွေရံခနေတဲ့ လမင်းကြီးပမာ သတင်းသုံးတော်မူနေပါတယ်။
ဘုရားကြွတော်မူလာတဲ့သတင်းကိ
၇-ရက်မြောက်နေ့မှာ အနုမောဒနာတရားဟောတော်မူပါတယ
အနစ်နာခံ စွန့်လွတ်နိုင်စိတ်မွေးဖို့
သောတာပန်ဖြစ်ပြီးတဲ့နန္ဒ မြတ်စွာဘုရားကို လိုက်ပို့ရင်း မုဆိုး တစ်ဦးရဲ့ လက်ချက်နဲ့ ကွယ်လွန်ခဲ့ရတာပါ။ အဲသလို ကွယ်လွန်ခြင်းကြောင့် ရဟန်းများက မြတ်စွာဘုရားကို အထက်မှာ ပြောခဲ့တဲ့ စကားကို ရင်ထဲရှိတဲ့ အတိုင်းလျှောက်ကြားခဲ့တာဖြစ
အဲသလို ရဟန်းတွေက လျှောက်ကြားတော့ မြတ်ဘုရားက " ချစ်သားတို့၊ ငါဘုရား ကြွလာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ၊ အရပ်ရှစ်မျက်နှာကို ဒီနွားကျောင်းသားနန္ဒ သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ၊ သေခြင်းဘေးက လွတ်နိုင်တဲ့ အကြောင်းကတော့ ရှိမှာ မဟုတ်ဘူး၊
အမှန်က လူဆိုးကဖြစ်စေ ရန်သူကဖြစ်စေ သတ်ခြင်းဖျက်ဆီးခြင်း မလုပ်နိုင်ပါဘူး၊ တကယ်တမ်းက ဒီသတ္တ၀ါတွေရဲ့ အတွင်းသန္တာန်မှာ ကိန်းနေတဲ့ မကောင်းစိတ်ကလေးကသာ ပြုတာပါ ချစ်သားတို့" လို့ ပြန်လည် မိန့်တော်မူခဲ့ပြီး..အောက်က
ဒိသော ဒိသံ ယံ တံ ကရိယာ၊ ဝေရီ ၀ါ ပန ဝေရီနံ၊
မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော နံ တတော ကရေ။
လူဆိုးကဖြစ်စေ၊ ရန်သူကဖြစ်စေ၊ အကျိုးမဲ့ ဖျက်ဆီးခြင်းကို ပြုလျှင် ဤဘ၀သာပြုနိုင်၏။
မိမိပြုထားမိသော မကောင်းဆိုးဝါး ကံများကသာ မိမိကို ဘ၀များစွာ ပျက်သွားအောင် ဖျက်ဆီးနိုင်။
(လင်္ကာ)ချင်းချင်းပြစ်မှား၊ ခိုးသားရန်သူ၊ ထိုထိုလူတို့၊ တွေ့မူခဏ၊ ခုဘ၀သာ၊ ကျိုးမဲ့ရှာ၏၊ ကောင်းစွာမထား၊ စိတ်ဓာတ်များကား၊ ဆိုးဝါးထိုထက်၊ သံသာစက်ဝယ်၊ ဆက်လက်ထွေထွေ၊ကျိုးမဲ့စေ၏။
ဒီဒေသနာတော်ကြောင့် လူပေါင်းများစွာ သောတာပန်ဖြစ်ခဲ့ရပြီး၊ သောတာပန် မဖြစ်သူများကတော့ ဓမ္မဿဝနကုသိုလ်အကျိုးကို ရရှိကြတယ်ပေါ့။
ဒီဝတ္ထု ဖတ်လိုက်မိတော့ သူသေနိမိတ်ပန်းပုရုပ်ကလေးနဲ
ကျောင်းမှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်း၊ ထောထွက်၊ ဆိုတဲ့ ပန်းပုပုံလေး ထုပြီး ဘုရားခန်းမှာ ကိုးကွယ်ချင်လို့ ပန်းပုဆရာဆီ ဆရာဘုန်းကြီးက သွားပြီးအပ်ထားပါတယ်။
တော်တော်ကြာတော့ ပန်းပုရုပ်တွေ ရပြီအထင်နဲ့ ပန်းပုထုတဲ့ အိမ်ကို သွားတော့ အကုန်မပြီးသေးပါဘူး၊ သူသေရုပ် ပန်းပု တစ်ပိုင်းတစ်စတော့ ထုနေပြီပေါ့၊ ရဟန်းတို့ တောထွက်တို့ဆို ဘယ်မှန်းမသိသေး။
အဲဒါသွားမေးတော့ ဒကာမတစ်ယောက်က ရှိုက်ကြီး တငင်နဲ့ "ဒီအရုပ်ထုလို့ ငါ့ယောက်ျားသေတာ…ဒီအရုပ်ထုလ
ဒီတော့ ဆရာဘုန်းကြီးတို့က ဘာပြောကောင်းရမှန်းမသိ ဘယ်လိုချောရမှန်း မသိနဲ့ စိတ်မကောင်းဖြစ်ခဲ့ရသတဲ့။
တစ်ခါတစ်လေမှာ ကိုယ့်မှာ ရင်ဆိုင်ရတဲ့ ဒုက္ခကို လက်မခံချင်ဘဲ တခြားကိုလွဲချတတ်ကြတယ်၊ ကိုယ့်ရဲ့လိုအပ်ချက် တစ်စုံတစ်ရာကြောင့်
စီးပွားရေးအဆင်မပြေတာ ဘယ်ဟာခိုက်လို့ ကျန်းမာရေး မကောင်းတာ နာမည်က စီးနေလို့၊ အိမ်ထောင်ရေးအဆင်မပြေတာ ဘယ်လိုရက်ကြောင့် စသဖြင့်ပေါလေ…။ တစ်ချို့ဆို ဘုရားက ခိုက်တယ်ဆိုတာမျိုးအထိ လွဲချလိုက်ကြတယ်၊ တခြားကို ညွှန်ပြလိုက်ကြတယ်။
အဲဒါဟာ ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်ပြီး မဖြစ်သင့်တဲ့ ပြဿနာတွေက ပိုပိုပြီးတောင် ကြီးထွားလာတတ်ပါသေးတယ်။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့ ဘာကြောင့် ညာကြောင့်လို့ လွဲချနေမယ့်အစား အကြောင်းရှိလို့ အကျိုးတရားပေါ်လာတယ် ဆိုတာကို လက်ခံဖို့ပါ။ အဆိုးကို အကျိုးပေးအောင် မိမိတို့ကိုယ်တိုင် ဖန်တီခဲ့တာဖြစ်သလို၊ အကောင်းကို ဖြစ်စေအောင်လဲ ကိုယ်တိုင်ဖန်တီးတာပါပဲ။
သေချာတဲ့ သင်္ခန်းစာကတော့ မကောင်းစိတ်က ရန်သူ လူဆိုးထက်တောင် ဆိုးဝါးတယ်ဆိုတာပါပဲ၊ အဲသလို အဆိုးဝါးကိုမှ မွေးမြူမိခဲ့ရင်တော့.......