နေလုံးကြီး ၀င်သွားတာနဲ့
သြော်..တစ်နေ့ကုန်သွားပါပြီ လားလို့ ညီးတွားကြတယ်၊
သြော်..တစ်နေ့ကုန်သွားပါပြီ
တစ်နေ့တာဆိုတဲ့ အချိန်က
ချမ်းသာဆင်းရဲ မရွေး၊ ယောက်ျားမိန်းမ မခွဲခြား
လူနတ်တိရိစ္ဆာန်ဆိုပြီး ဘက်မလိုက်၊
အားလုံးကို ညီမျှတဲ့ အချိန်တွေပေးပြီး
ရုတ်တရက် နှုတ်မဆက်ဘဲ
အားလုံးကို မျက်ကွယ်ပြုသွားပြီ။
ကာလရှည်လျားစွာ ကိုယ်နဲ့မကွဲ မကွာနေလာကြတဲ့ မိတ်ဆွေတွေ
ရုတ်တရက် ခွဲခွါပြီး ကွဲကွာကြရရင်
ဝန်းနည်းမှုတွေ ဖြစ်ကြတာဟာ
သံယောဇဉ်မကင်းတဲ့ ယောနိသော မရှိသူတွေမှာ
ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာပါ။
အချိန်တွေကလည်း ရက်ပေါင်းများစွာ
လပေါင်းများစွာ နှစ်ပေါင်းများစွာ
ကိုယ်နဲ့အတူ ကာလရှည်ကြာစွာ
မကွဲမပြားတသားတည်း နေလခဲ့ပေမယ့်၊
ကိုယ့်ရဲ့ ရန်သူလား မိတ်ဆွေလားဆိုတာ
ခွဲခြားဖို့ အသိတရားတောင် မရှိခဲ့ပါဘူး။
ကိုယ့်ရဲ့ ရပိုင်ခွင့် နေပိုင်ခွင့် လုပ်ပိုင်ခွင့်ဆိုတဲ့ အဖိုးတန်ဆုံး
စိန်တုံးတွေကို လုယူသွားရင်း ဖြုတ်ချည်း ရုတ်ချည်းဆိုသလို
လျင်လျင်မြန်မြန် သွက်သွက်လက်လက်နဲ့ ထွက်ပြေးကုန်တယ်၊
နောက်တစ်ခါ ဘယ်တော့မှလည်း ပြန်မလာကြတော့
ထ၀ရပျောက်ဆုံးသွားကြတယ်။ ထာဝရ တိမ်းရှောင်သွားကြတယ်။
တန်ဖိုးဖြတ်မရတဲ့ ရတနာကို လုယူထွက်ပြေး တိမ်းရှောင်သွားတဲ့ အချိန်တွေကို
မကျေနပ်လို့ လဲသေရုံကလွဲလို့ ဘယ်ခုံရုံးကမှ
မကယ်နိုင်တဲ့ အမှုတွဲလို့ပဲ တင်စားလိုက်ချင်တယ်။
သူ့ရဲ့ ကျွမ်းကျင်တဲ့ ပရိယာယ် လိမ္မာတဲ့ မယာတွေနဲ့
တငွေ့ငွေ့ ခိုးယူရင်း ဇရာဆိုတဲ့
ချိန်ကိုက်ဗုံးတစ်လုံးကိုပါ အပ်နှင်းခံလိုက်ရသေးတယ်
အဲဒါကို ပညာမဲ့သူတွေရော
ဉာဏ်ကြီးရှင်တွေပါ ခံစားရတာပါ။
ချိန်ကိုက်ဗုံးပေါက်ကွဲခြင်းကြောင့်
သေမင်းအောက်မှာ ပြားပြားမှောက်ခဲ့ရသူတွေအထဲ
ဉာဏ်ပညာအထွတ်အထိပ်ပုဂ္ဂိုလ်
ဗုဒ္ဓလိုပုဂ္ဂိုလ်တွေလဲ ပါခဲ့တယ်။
အချိန်ကို အကြာကြီးမှတ်နေခဲ့တာ
မြတ်ဗုဒ္ဓရဲ့အချိန်က (၆၈-၁၄၈)တဲ့
သြော်…၆၈ နဲ့ ၁၄၈ အကြားမှာ (-)ဒါလေးပဲ ကြာခဲ့တာပါလား။
မောင်းထောင်သာသနာပိုင်(၁၁၁၅ -၁၁၉၄)
လယ်တီဆရာတော်(၁၂၀၈-၁၂၈၅)
မဟာဂန္ဓာရုံဆရာတော်(၁၂၆၁-၁၃၃ ၉)
မင်းတုန်းမင်း(၁၁၇၆-၁၂၄၀)…တဲ့။
အဲဒီ(-)အတွင်းလေးမှာ အားလုံး ဘာတွေလုပ်နေကြသလဲ
အဆိုးတွေကိုလား အကောင်းတွေကိုလား
သို့ အဆိုးရော အကောင်းရောလား၊
ဟူး…တွေးရင်းနဲ့ အဆိုး အကောင်းတွေကြား
လွန်ဆွဲဖို့ ဟိုး အရှေ့ဘက်ဆီက နေ၀န်းကြီးကပေါ်ထွက်လာနေပြန် ပြီလေ။
တွေးမိသလို ရေးမိတာမို့ အမှားပါရင် ခွင့်လွတ်ပါ။
ချမ်းသာဆင်းရဲ မရွေး၊ ယောက်ျားမိန်းမ မခွဲခြား
လူနတ်တိရိစ္ဆာန်ဆိုပြီး ဘက်မလိုက်၊
အားလုံးကို ညီမျှတဲ့ အချိန်တွေပေးပြီး
ရုတ်တရက် နှုတ်မဆက်ဘဲ
အားလုံးကို မျက်ကွယ်ပြုသွားပြီ။
ကာလရှည်လျားစွာ ကိုယ်နဲ့မကွဲ မကွာနေလာကြတဲ့ မိတ်ဆွေတွေ
ရုတ်တရက် ခွဲခွါပြီး ကွဲကွာကြရရင်
ဝန်းနည်းမှုတွေ ဖြစ်ကြတာဟာ
သံယောဇဉ်မကင်းတဲ့ ယောနိသော မရှိသူတွေမှာ
ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာပါ။
အချိန်တွေကလည်း ရက်ပေါင်းများစွာ
လပေါင်းများစွာ နှစ်ပေါင်းများစွာ
ကိုယ်နဲ့အတူ ကာလရှည်ကြာစွာ
မကွဲမပြားတသားတည်း နေလခဲ့ပေမယ့်၊
ကိုယ့်ရဲ့ ရန်သူလား မိတ်ဆွေလားဆိုတာ
ခွဲခြားဖို့ အသိတရားတောင် မရှိခဲ့ပါဘူး။
ကိုယ့်ရဲ့ ရပိုင်ခွင့် နေပိုင်ခွင့် လုပ်ပိုင်ခွင့်ဆိုတဲ့ အဖိုးတန်ဆုံး
စိန်တုံးတွေကို လုယူသွားရင်း ဖြုတ်ချည်း ရုတ်ချည်းဆိုသလို
လျင်လျင်မြန်မြန် သွက်သွက်လက်လက်နဲ့ ထွက်ပြေးကုန်တယ်၊
နောက်တစ်ခါ ဘယ်တော့မှလည်း ပြန်မလာကြတော့
ထ၀ရပျောက်ဆုံးသွားကြတယ်။ ထာဝရ တိမ်းရှောင်သွားကြတယ်။
တန်ဖိုးဖြတ်မရတဲ့ ရတနာကို လုယူထွက်ပြေး တိမ်းရှောင်သွားတဲ့ အချိန်တွေကို
မကျေနပ်လို့ လဲသေရုံကလွဲလို့ ဘယ်ခုံရုံးကမှ
မကယ်နိုင်တဲ့ အမှုတွဲလို့ပဲ တင်စားလိုက်ချင်တယ်။
သူ့ရဲ့ ကျွမ်းကျင်တဲ့ ပရိယာယ် လိမ္မာတဲ့ မယာတွေနဲ့
တငွေ့ငွေ့ ခိုးယူရင်း ဇရာဆိုတဲ့
ချိန်ကိုက်ဗုံးတစ်လုံးကိုပါ
အဲဒါကို ပညာမဲ့သူတွေရော
ဉာဏ်ကြီးရှင်တွေပါ ခံစားရတာပါ။
ချိန်ကိုက်ဗုံးပေါက်ကွဲခြင်
သေမင်းအောက်မှာ ပြားပြားမှောက်ခဲ့ရသူတွေအထဲ
ဉာဏ်ပညာအထွတ်အထိပ်ပုဂ္ဂိုလ်
ဗုဒ္ဓလိုပုဂ္ဂိုလ်တွေလဲ ပါခဲ့တယ်။
အချိန်ကို အကြာကြီးမှတ်နေခဲ့တာ
မြတ်ဗုဒ္ဓရဲ့အချိန်က (၆၈-၁၄၈)တဲ့
သြော်…၆၈ နဲ့ ၁၄၈ အကြားမှာ (-)ဒါလေးပဲ ကြာခဲ့တာပါလား။
မောင်းထောင်သာသနာပိုင်(၁၁၁၅
လယ်တီဆရာတော်(၁၂၀၈-၁၂၈၅)
မဟာဂန္ဓာရုံဆရာတော်(၁၂၆၁-၁၃၃
မင်းတုန်းမင်း(၁၁၇၆-၁၂၄၀)…တ
အဲဒီ(-)အတွင်းလေးမှာ အားလုံး ဘာတွေလုပ်နေကြသလဲ
အဆိုးတွေကိုလား အကောင်းတွေကိုလား
သို့ အဆိုးရော အကောင်းရောလား၊
ဟူး…တွေးရင်းနဲ့ အဆိုး အကောင်းတွေကြား
လွန်ဆွဲဖို့ ဟိုး အရှေ့ဘက်ဆီက နေ၀န်းကြီးကပေါ်ထွက်လာနေပြန်
တွေးမိသလို ရေးမိတာမို့ အမှားပါရင် ခွင့်လွတ်ပါ။
