Friday, September 28, 2012

♣ ဆင်ခြင်စရာများ ♣




(၁) သတ္ထကသမ္ပဇည= အလုပ်တစ်ခုတစ်ခုခုကို ပြုလုပ်မည့်အခါမျိုးမှာ အကျိုးရှိ မရှိ ဆင်ခြင်ဉာဏ်ရှိရမယ်။
(၂) သပ္ပာယသမ္ပဇည = ဘယ်ကိစ္စမဆို အကျိုးရှိသောလည်း မိမိနှင့် သင့်တော်လျောက်ပတ်ဖွယ်ဖြစ်အောင် ဆင်ခြင်ဉာဏ်ရှိရမယ်။
(၃) ဂေါစရသမ္ပဇည = သွားမှုလာမှု စတဲ့ ကျက်စားမှုမှာ တိမ်းပါးချွတ်ချော်မှု မဖြစ်အောင် ဆင်ခြင်ဉာဏ်ရှိရမယ်။
(၄) အသမ္မောဟသမ္ပဇည = ဘယ်ကိစ္စမဆို မှောက်မှားချွတ်ချော်မှု (မှားယွင်းမှု)မဖြစ်အောင် ဆင်ခြင်ဉာဏ်ရှိရမယ်။ (သီလက္ခန္ဓ၀ဂ္ဂအဋ္ဌကထာ-၁၆၅)


သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီးကလည်း ဤသို့ မိန့်တော်မူသည်။
ဤကဲ့သို့
(၁) အကျိုးရှိသည်ကို ရွေးချယ် ဆင်ခြင်ခြင်း။
(၂) သင့်မသင့်ကို ရွေးချယ် ဆင်ခြင်ခြင်း။
(၃) မပြတ်မလပ်ပြုလုပ်အပ်သည်ကို ဆင်ခြင်ခြင်း။
(၄) မတွေ မဝေသည်ကို ဆင်ခြင်ခြင်း ဟူသော ဆင်ခြင်ဖွယ်ရာ (၄)ပါးနှင့် ပြည့်စုံပါလျှင်
လောကဓမ္မ နှစ်ဌာနလုံးတို့၌ တိုးတက်ကြီးပွားကာ ချမ်းသာကြမည် ဖြစ်ပေသည်။ (သိကောင်းစရာ ဓမ္မပဒေသ အတွဲ(၁) နှာ-၂၂၈) မှ ပူဇော်ပါသည်။ အကျယ်ရှင်းချက်ကို ထိုစာအုပ်၌ ကြည့်ရှုနိုင်သည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ