ဒါနပြုတဲ့နေရာမှာ ..သံသရာမရှည်အောင်တော့ ပြုရမှာနော၊
ဒါနက သံသရာရှည်စေတာတော့ မဟုတ် ပါဘူး၊
ကိုယ့်ဆုတောင်းက ရှည်အောင် ဆုတောင်းလို့ ရှည် သွားတာပါ၊
အခု အများအားဖြင့် ဆုတောင်းနေကြတာက "ဒီသမီး ဒီသား ဒီမယား ဒီဆွေမျိုးနဲ့ ဘဝဆက်တိုင်း မကွဲ မကွာ, ငှက်ဖြစ်သော်လည်း တစ်ကိုင်းတည်းç ဆင်ဖြစ်သော် လည်း တစ်ကျွန်းတည်း" စသည်ဖြင့် ဆုတောင်းနေကြလို့ ရှည်ကြတာပါ၊
ဆုတောင်းတာက သံသရာရှည်ကြောင်း ... ဆုတောင်းတာကိုး၊ လာကတည်းက ကိုယ့်အတွက် ရချင်လို့ ဆိုတာက ပါနေတယ်၊ အမှန်လည်း အဲသလို စိတ်မထားပါနဲ့၊
စိတ်ထားရမှာက...ဆင်းရဲသူတွေကို ဝေငှ ပေးကမ်းတယ်ဆိုရင် သူတို့ရဲ့ ပြည့်စုံမှုကိုသာ ဦးစားပေးပါ၊ အကျိုးပေးက သူ့ ဘာသာသူ လာမှာပေါ့၊ တားလို့ မရပါဘူး၊
ဆုတောင်းပြန်လို့ ရှိရင်လည်း "နိဗ္ဗာနပစ္စယော ဟောတု"က လိုရင်းပါ၊
လိုရင်း ကိုပဲ ဆုတောင်းပေါ့၊ ဒါက ဦးတည်ချက်ပန်းတိုင် ပျောက် မသွားရုံပါပဲ၊
တကယ်တော့ ဆုတောင်းနေရုံနဲ့ ပြီးတာ မဟုတ် ပါဘူး၊
ရနိုင်လောက်အောင် လုပ်မှ ရတာပါ။
(မဟာဂန္ဓာရုံဆရာတော်၏ နံနက်ခင်းသြ၀ါဒမှ)