Wednesday, August 29, 2012

အလွတ်သဘောဆန်ဆန်

အတ္တာ ဟိ အတ္တနော နာထော= မိမိသည်သာ မိမိ၏ အားကိုးရာ-ဆိုတာနဲ့
ဓမ္မံ သရဏံ ဂစ္ဆာမိ= တရားကို ကိုးကွယ်ဆည်းကပ်ပါ၏-ဆိုတာကို
တစ်ထပ်တည်းကျစေချင်လို့ ပြောဖြစ်နေတာလေး ရှိပါတယ်။

မိမိသည်ပင် တရား၊ တရားသည်ပင် မိမိ
(ငါသည်ပင် တရား၊ တရားသည်ပင် ငါ)။

ဘုရားရဟန္တာတို့ရဲ့ မဂ်ဖိုလ်တရားဟာ
ကိုယ့်အတွက် အားကိုးရာ မဟုတ်ပါဘူး။

မိမိသန္တာန်မှာ ဖြစ်ပေါ်လာတဲ့
ဖြစ်ပေါ်လာမဲ့ မဂ်ဖိုလ်တရားသည်သာ
မိမိအတွက် အားကိုးရာပါ။

သူတစ်ပါးရဲ့ ဒါနသီလဘာဝနာတရားဟာလဲ
မိမိအတွက် အားကိုးရာ မဟုတ်ပါဘူး။

မိမိကိုယ်တိုင်ပြုလို့ ကိုယ်ပိုင်ဖြစ်တဲ့
ဒါနသီလဘာဝနာတရားသည်သာ
မိမိအတွက် အားကိုးရာဖြစ်ပါတယ်။

ဒါကြောင့် ဓမ္မံ သရဏံ ဂစ္ဆာမိ-ကို (ဓမ္မံ-ကို)
မိမိသည်ပင် တရား၊ တရားသည်ပင် မိမိ
(ငါသည်ပင် တရား၊ တရားသည်ပင် ငါ)လို့
ပြောမိတာပါ။

သရဏဂုမ်မှာ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိနဲ့
သံဃံ သရဏံ ဂစ္ဆာမိ-တို့က
အကူအညီပေးတဲ့ အထက်အောက် အရံတွေပေါ့-လို့လဲ
ပြောဖြစ်ပါတယ်။

ဂစ္ဆာမိ-ကိုးကွယ်ဆည်းကပ်ပါ၏ဆိုတာရဲ့
ကရိုဏ်း(နည်းလမ်း)ကိုတော့
မဂ်ဖိုလ်ရကြောင်းကို ကြိုးစားအားထုတ်ခြင်းဖြင့်
(ကိုးကွယ်ဆည်းကပ်ပါ၏)လို့ ထည့်ရပါလိမ့်မယ်။

မူလသဘောကိုက တရားအသိ ဝေးလွန်းတဲ့သူကို
နာရေးကိစ္စကြုံတဲ့အခါ
ဗျသနတစ်မျိုးမျိုးနဲ့ ကြုံတွေ့ရချိန်တွေမှာ
သောကပရိဒေဝတွေ များနေတာတွေ့ရလို့
မေတ္တာ ကရုဏာနဲ့
တရားနဲ့ ဖြေပါနော်-လို့ ပြောသာပြောနေရတယ်
သူဟာ ဘယ်တရားနဲ့ ဖြေမှာလဲဆိုတာကတော့
စဉ်းစားစရာပါပဲ။

နည်းနည်းပြောပေးနိုင်တာကလွဲလို့
တရားအသိဆိုတာကလဲ
ဒီအချိန်ကျမှ
ရော့ ဒီဆေးလိမ်းလိုက်
ဒီဆေးသောက်လိုက်ဆိုတာမျိုးလို
လိမ်းကျံ တိုက်ကျွေးပေးလို့
ရစကောင်းတဲ့အရာ မဟုတ်ဘူးလေ။

(အတ္တာ ဟိ အတ္တနော နာထော- မှာ
အတ္တာ-ကို သယံ-အနက်ယူပြီး
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြောမိတာပါ၊
မှားလဲ မှားနေနိုင်ပါတယ်၊ အလွတ်သဘောပါ။
အရင်စာမှာ စာသုံးလွဲနေလို့ ထပ်ပြင်ထားပါတယ်။)

by Uga Rava.(အရှင်ဂါရ၀ါလင်္ကာရာဘိဝံသ၊ မဟာဂန္ဓာရုံ၊ မင်္ဂလာဒုံ)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ