နောက်ပါက ပါးတယ်နှင့်၊ သွားရှာရော့ ခြေလျင်။
မိငဲ့မောင်မှာ ရွှေမိတ်နှင့်(နဲ့)၊
လွယ်အိတ် ကြော့ယဉ်။
ဖန်ဆည်းဆာ ချိန်ကျမှ၊
နန်းရွှေဝ ရန်နှင်၊
ရောက်ခင်မယ် ထင့်လား။
သပြေညို သာတဲ့စခန်းဆီက၊
အဖန်း ဖြေခိုလို့၊
လူပျိုလို ၀င်မနှောင့်ပါနှင့်၊
လမ်းဖြောင့်ဖြောင့်သွား..။ (ရှေးရေး)
** ဆည်းဆာ=နေ၀င်ချိန်
** ရနှင်= ရန်ကိုမောင်းနှင်နိုင်သော
** ရောက်ခင်မယ်= ရောက်နှင့်ပြီး ဖြစ်မည်။
♣♣♣ ပုံပိုင်ရှင် မသိတော့ပါ.. ခွင့်ပြုပေးရန် ဒီကနေပဲ တောင်းပန်ပါတယ်။