၂၊ တရားသည် ကိုးကွယ်ရာတစ်ပါး
၃၊ သံဃာသည် ကိုးကွယ်ရာတစ်ပါး
၎၊ ဒါန သီလအစရှိသော မိမိတို့ပြုကြသော ကုသိုလ်ကံသည် ကိုးကွယ်ရာတစ်ပါး
ဥပမာကား…လေက၌ အနာရောဂါရှိသူတို့အား ကိုးကွယ်ရာ (၄)ပါး ရှိ၏။
၁၊ ဆရာဝန် ဘုရားသည် ကိုးကွယ်ရာတစ်ပါး
၂၊ ဆေးကောင်းဝါးကောင်း ဘုရားသည် ကိုးကွယ်ရာတစ်ပါး
၃၊ လက်ထောက်ဆရာဝန်များ ဘုရားသည် ကိုးကွယ်ရာတစ်ပါး
၎၊ ထို ၃-ပါးကို ယုံကြည်၍ အနာရောဂါ ပျောက်ငြိမ်းတဲ့ရန် နေရာတကျ အားထုတ်သော မိမိတို့ အလိမ်မာမှု ဘုရားသည် ကိုးကွယ်ရာတစ်ပါး၊
ထိုလေးပါးတို့တွင် ဆရာဝန်ကြီးသည်လည်းကောင်း လက်ထောက်ဆရာဝန်မျာသည်လည်းကောင်း ဆေးနှင့် အနာရောဂါကို နေရာတကျသိ၍ ဆေးကောင်းဝါးကောင်းကို ပေးသည့်အတွက် သူနာတို့၏ ကိုးကွယ်ရာ မည်ကုန်၏၊
ဆေးကောင်းဝါးကောင်းများသည် အနာရောဂါကို ပျောက်ငြိမ်းစေတတ်သည့်အတွက် သူနာတို့၏ ကိုးကွယ်ရာ မည်ကုန်၏၊
မိမိတို့၏ အလိမ်မာမှုသည်လည်း အနာရောဂါကို ပျောက်ငြိမ်းရန် ကျေးဇူးပြုမှု ဖြစ်ပေ၍ ကိုးကွယ်ရာမည်၏၊
ထိုအလိမ်မာမှု မရှိခဲ့လျှင် ကြွင်းသော ကိုးကွယ်ရာ(၃)ပါးတို့သည် ထိုသူနာ၏ အနာရောဂါကို ပျောက်ငြိမ်းအောင် အတတ်နိုင်ကြကုန်၊ ထို့ကြောင့် ထိုလေးပါးစုသည် အနာရောဂါ ပျောက်ငြိမ်းခြင်းငှာ သူနာတို့၏ ကိုးကွယ်ရာ ချည်းအမှန်ဖြစ်၏။
ကိလေသာ ဒုစရိုက် အမိုက်နာရှိကြကုန်သော သတ္တ၀ါတို့သည် အနာရောဂါ ရှိကြကုန်သော သူနာတို့နှင့် တူကုန်၏၊
မြတ်စွာဘုရားသည် ဆေးဝါးအရာ အနာရောဂါအရာတို့၌ အလွန်လိမ်မာသော ဆရာဝန်ကြီးနှင့်တူ၏။
သံဃာတော်များသည် လက်ထောက်ဆရာဝန်များနှင့်တူ၏ ၊
တရားတော်များသည် ဆေးကောင်းဝါးကောင်းများနှင့် တူ၏၊
ဒါန သီလအစရှိသော မိမိတို့ ပြုကြသော ကာယကံ ၀စီကံ မနောကံများသည် အနာရောဂါ ပျောက်ငြိမ်းတဲ့ရန် အားထုတ်ကြသော သူနာတို့၏ အလိမ်မာနှင့် တူ၏၊
ဤသို့လျှင် ဗုဒ္ဓဘာသာ၌ ကိုးကွယ်ရာ ၄ပါး ဆိုရိုးရှိကြ၏။
ထို ၄ပါးတို့တွင် ဘုရား တရား သံဃာဟူသော ကိုးကွယ်ရာ ၃-ပါးသည် ဘုရားသာသနာတော်တွင်း၌သာ ရှိကြ၏၊
ဘုရားသာသနာပ၌ မရှိကြ၊ ကုသိုလ်ကံတည်းဟူသော ကိုးကွယ်ရာသည်မူကား ဘုရားသာသနာတွင်း၌လည်းရှိ၏၊ ဘုရားသသနာပ၌လည်း ရှိ၏၊ လောက၌ ကံနှင့် ကင်းကွာသော အခါဟူ၍ မရှိ၊ စကြာဝဠာ အနန္တရှိ၏။
"သဗ္ဗေ သတ္တာ ကမ္မဿကာ " ဟူသော ဤဒေသနာတော်သည်လည်း သာသနာတွင်း သာသနာပ စကြာဝဠာအနန္တတို့နှင့် သက်ဆိုင်သော ဒေသနာဖြစ်၏။
ထို့ကြောင့် ဤဒေသာနာတော်၌ ဘုရား တရား သံဃာဟူသော ကိုးကွယ်ရာ ၃ပါးကို မဆိုမူ၍ ကံတည်းဟူသော ကိုးကွယ်ရာကို ဆိုပေသတည်း။
ဤကား ယခုဘ၀၌ လိမ်မာကြရန်အတွက် နောက်ဘ၀၌ ကောင်းရာမြတ်ရာသို့ ရောက်ကြရန် အတွက်နှင့် ကိုးကွယ်ကြရသော ကိုးကွယ်ရာဌာနကြီး လေးပါးတည်း။
(မဂ္ဂင်္ဂဒီပနီ၊ ၂၉-၃၁၊ လယ်တီဆရာတော်)
♣♣♣ ဒီနေ့ ဖတ်မိတာလေးပြန်လည် ဝေငှခြင်းဖြစ်ပါသည်။ ** ရွှင်လန်းချမ်းမြေ့ကြပါစေ**
၎၊ ဒါန သီလအစရှိသော မိမိတို့ပြုကြသော ကုသိုလ်ကံသည် ကိုးကွယ်ရာတစ်ပါး
ဥပမာကား…လေက၌ အနာရောဂါရှိသူတို့အား ကိုးကွယ်ရာ (၄)ပါး ရှိ၏။
၁၊ ဆရာဝန် ဘုရားသည် ကိုးကွယ်ရာတစ်ပါး
၂၊ ဆေးကောင်းဝါးကောင်း ဘုရားသည် ကိုးကွယ်ရာတစ်ပါး
၃၊ လက်ထောက်ဆရာဝန်များ ဘုရားသည် ကိုးကွယ်ရာတစ်ပါး
၎၊ ထို ၃-ပါးကို ယုံကြည်၍ အနာရောဂါ ပျောက်ငြိမ်းတဲ့ရန် နေရာတကျ အားထုတ်သော မိမိတို့ အလိမ်မာမှု ဘုရားသည် ကိုးကွယ်ရာတစ်ပါး၊
ထိုလေးပါးတို့တွင် ဆရာဝန်ကြီးသည်လည်းကောင်း လက်ထောက်ဆရာဝန်မျာသည်လည်းကေ
ဆေးကောင်းဝါးကောင်းများသည် အနာရောဂါကို ပျောက်ငြိမ်းစေတတ်သည့်အတွက်
မိမိတို့၏ အလိမ်မာမှုသည်လည်း အနာရောဂါကို ပျောက်ငြိမ်းရန် ကျေးဇူးပြုမှု ဖြစ်ပေ၍ ကိုးကွယ်ရာမည်၏၊
ထိုအလိမ်မာမှု မရှိခဲ့လျှင် ကြွင်းသော ကိုးကွယ်ရာ(၃)ပါးတို့သည် ထိုသူနာ၏ အနာရောဂါကို ပျောက်ငြိမ်းအောင် အတတ်နိုင်ကြကုန်၊ ထို့ကြောင့် ထိုလေးပါးစုသည် အနာရောဂါ ပျောက်ငြိမ်းခြင်းငှာ သူနာတို့၏ ကိုးကွယ်ရာ ချည်းအမှန်ဖြစ်၏။
ကိလေသာ ဒုစရိုက် အမိုက်နာရှိကြကုန်သော သတ္တ၀ါတို့သည် အနာရောဂါ ရှိကြကုန်သော သူနာတို့နှင့် တူကုန်၏၊
မြတ်စွာဘုရားသည် ဆေးဝါးအရာ အနာရောဂါအရာတို့၌ အလွန်လိမ်မာသော ဆရာဝန်ကြီးနှင့်တူ၏။
သံဃာတော်များသည် လက်ထောက်ဆရာဝန်များနှင့်တူ၏
တရားတော်များသည် ဆေးကောင်းဝါးကောင်းများနှင်