တပည့်သံဃာတွေနဲ့အတူ ဘုရားရှင် ခရီးကြွတဲ့အခါတွေမှာ အရှင်သာရိပုတ္တရာဟာ “ငါဟာ လက်ယာရံ အဂ္ဂသာဝကကြီး ဖြစ်တယ်” လို့ ကိုယ်လွတ်ရုံးကာ တစ်ကိုယ်ကောင်းစိတ်ထားနဲ့ ဘုရားရှင်ရဲ့ အနီးမှာ လိုက်ပါနိုင်ခွင့်ရှိပေမယ့် အဲဒီလို ပြုလုပ်လေ့ မရှိဘဲ နောက်က လိုက်ပါကြတဲ့ မကျန်းမာတဲ့ ရဟန်း၊ သက်ကြီးရွယ်အို ရဟန်းတွေ ချမ်းချမ်းသာသာ လိုက်ပါနိုင်ရေးအတွက် ကိုယ်တိုင်ပဲ စီမံစောင့်ရှောက် ချီးမြှောက် ကူညီပြီး လိုက်ပါလေ့ရှိပါတယ်။
ဒီခရီးမှာလည်း အဲဒီလို လုပ်ကာ နောက်ဆုံးက လိုက်ပါလာခဲ့ပါတယ်။ ဒါကြောင့် ဆဗ္ဗဂ္ဂီရဟန်းတွေရဲ့ တပည့်ရဟန်းတွေ ကျောင်းအပ်ရာ နေရာတွေကို ဦးယူထားပြီးနောက်မှ တည်းခိုရာဌာနကို ရောက်ရှိပါတယ်။ အရှင်သာရိပုတ္တရာဟာ အိပ်ရာနေရာကို မရရှိတော့လို့ တစ်ညလုံးပဲ သစ်ပင်ရင်းမှာ နေထိုင်တော်မူရပါတယ်။ (စူဠ၀ါ-၃၀၉၊ ဋ္ဌ-၆၃)
မကျန်းမာတဲ့ သံဃာတွေထံ သွားပြီး အရှင်သာရိပုတ္တရာဟာ “ငါ့ရှင်တို့…၊ ငါ့ရှင်တို့အတွက် ဘာကို ယူဆောင်ပေးရပါ့မလဲ။ ငါ့ရှင်တို့က ဘာကို အလိုရှိသလဲ” လို့ မေးပါတယ်။ ၀ါမရသေးတဲ့ ရဟန်းငယ်တွေထံသွားပြီး “ငါ့ရှင်တို့ သာသနာမှာ ပျော်ကြပါနော်၊ မပျင်းကြပါနဲ့၊ ဘုရားသာသနာဟာ အကျင့်(ပဋိပတ္တိ)ဆိုတဲ့အနှစ်သာရရှိပါတယ်”လို့ ဆုံးမတော်မူပါတယ်။ (မဇ္ဈိမပဏ်၊ ဋ္ဌ-၉၅)
မကျန်းမာတဲ့ ရဟန်း၊ သက်ကြီးရွယ်အို ရဟန်းတွေကို စောင့်ရှောက်ချီးမြှောက်ကူညီကာ ဘုရားအမှူးရှိတဲ့ သံဃာများရဲ့ နောက်ဆုံးကလိုက်ပါခဲ့တဲ့ လက်ယာရံ အဂ္ဂသာဝကကြီး အရှင်သာရိပုတ္တရာရဲ့ ကြီးမားလှတဲ့ မေတ္တာ၊ ကရုဏာနဲ့ အိပ်ရာနေရာ မရတော့လို့ တစ်ညလုံးပဲ သစ်ပင်ရင်းမှာ နေထိုင်ရတဲ့ အရှင်သာရိပုတ္တရာရဲ့ ကြီးမားလှတဲ့ ခန္တီတရားကို မှန်းဆအာရုံပြုရတဲ့အခါ လွန်စွာပဲ ကြည်ညိုသဒ္ဓါ ပွားရပါတယ်။ လွန်စွာပဲ လေးစားရပါတယ်။ မေတ္တာ၊ ကရုဏာ၊ ခန္တီတွေ မွှမ်းထုံထားတဲ့ အရှင်သာရိပုတ္တရာကြီးရဲ့ လုပ်ရပ်တွေဟာ ကြားသိရသူအပေါင်းရဲ့ ရင်ကို အေးမြစေပါတယ်။
“ဘ၀အခြေအနေ မြင့်လာလေ အများအကျိုးကို ဆောင်နိုင်လေလေဖြစ်အောင် ကြိုးစားကြ” လို့လည်း တိုက်တွန်းပြောပြနေသယောင် ထင်မှတ်ရပါတယ်။ မြင့်မားတဲ့ စိတ်ထားရှိသူတွေရဲ့ လုပ်ရပ်တွေကို အတုယူကာ လိုက်နာကျင့်သုံးပြီး မြင့်မားတဲ့ စိတ်ထားရှိသူတွေ ဖြစ်အောင် ကြိုးစားသင့်ကြပါတယ်။
ဒီခရီးမှာလည်း အဲဒီလို လုပ်ကာ နောက်ဆုံးက လိုက်ပါလာခဲ့ပါတယ်။ ဒါကြောင့် ဆဗ္ဗဂ္ဂီရဟန်းတွေရဲ့ တပည့်ရဟန်းတွေ ကျောင်းအပ်ရာ နေရာတွေကို ဦးယူထားပြီးနောက်မှ တည်းခိုရာဌာနကို ရောက်ရှိပါတယ်။ အရှင်သာရိပုတ္တရာဟာ အိပ်ရာနေရာကို မရရှိတော့လို့ တစ်ညလုံးပဲ သစ်ပင်ရင်းမှာ နေထိုင်တော်မူရပါတယ်။ (စူဠ၀ါ-၃၀၉၊ ဋ္ဌ-၆၃)
မကျန်းမာတဲ့ သံဃာတွေထံ သွားပြီး အရှင်သာရိပုတ္တရာဟာ “ငါ့ရှင်တို့…၊ ငါ့ရှင်တို့အတွက် ဘာကို ယူဆောင်ပေးရပါ့မလဲ။ ငါ့ရှင်တို့က ဘာကို အလိုရှိသလဲ” လို့ မေးပါတယ်။ ၀ါမရသေးတဲ့ ရဟန်းငယ်တွေထံသွားပြီး “ငါ့ရှင်တို့ သာသနာမှာ ပျော်ကြပါနော်၊ မပျင်းကြပါနဲ့၊ ဘုရားသာသနာဟာ အကျင့်(ပဋိပတ္တိ)ဆိုတဲ့အနှစ်သာရရ