ငါ့ညီပြောင်ဝင်းမောင်သစ်ဆင်း
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်ပညာမှာတော်သနည်း။
တော်သည့်ခြင်းရာ ဆိုသည်မှာကား
လက်ရာဆန်းသစ် ခေတ်မှီဆန်းပြား
တိုင်းခြားနည်းစုံ အဖုံဖုံကို
တတ်ရုံမျှဖြင့် မပြီးသေး။
တို့မြေ တို့ရေ တို့အခြေနှင့်
တို့ငွေ တို့အား တို့စိတ်ထားနှင့်
စည်းဝါးကိုက်ညီ ညှိကြံစည်မှ
တော်သည်ယူဆ စွယ်စုံလှ။ ။
မင်း၏သားငယ် သက်နှစ်ဆယ်သည်
ဘယ်ပညာမှာတော်သနည်း။
တော်သည့်ခြင်းရာ ဆိုသည်မှာကား
လက်ရာဆန်းသစ် ခေတ်မှီဆန်းပြား
တိုင်းခြားနည်းစုံ အဖုံဖုံကို
တတ်ရုံမျှဖြင့် မပြီးသေး။
တို့မြေ တို့ရေ တို့အခြေနှင့်
တို့ငွေ တို့အား တို့စိတ်ထားနှင့်
စည်းဝါးကိုက်ညီ ညှိကြံစည်မှ
တော်သည်ယူဆ စွယ်စုံလှ။ ။
(ဇော်ဂျီ)
(အောက်တိုဘာ၁၉၆၄) ရှေ့ဆောင်လူငယ် အတွဲ ၁၊ အမှတ် ၃
ပန်းချီ maungmaungtinn
ပန်းချီ maungmaungtinn
ဒီနေရာလေးမှာ တွေ့လိုဝေငှလိုက်ပါတယ်
