Wednesday, July 18, 2012

ကောက်စိုက်သမဖွဲ့ (ဗုံကြီးသံ)

ပျိုလေးတို့ ကောက်စိုက်ရာ၊
လိုက်လာနှင့် လေး။
လိုက်လာလျှင် ရွှံ့စင်ရော့မယ်၊
ပေါင်းကြော့ ရင်သွေး။ ။

မဲပန်းညို ပတ်လည်ဝိုက်လို့၊
ထပ်စိုက်တဲ့ မရိုးခိုင်ငယ်၊
ကိုးတိုင်က မွှေး။
လယ်ပွဲတော်ဝင်၊
ပန်ချင်လျှင် ပုံတော်တီးငယ်၊
ခေါင်းဖြီးခဲ့လေး။ ။

အောင်ပင်လယ် ကန်မြမင်းနှင့်၊
ရန်ကင်းတောင် သီခေါင်၊
ရီမှောင်လို့ ဖွေး။
ပျာကသီ၊ တာဆီကို မရွာပါနှင့်၊
မင်္ဂလာလယ်တော်စိုက်ကို၊
ဆိုင်းလိုက်ပါလေး။ ။

ပျိုစိုက်တဲ့ လယ်ကန်သင်းက၊
ရွှေယင်းမာပင်။
မပွင့်ခင်က ငုံတန်သေးငယ်၊
ချိုး ပန်ခဲ့လေး။

တို့တိုင်းမြေနယ်ပေါ်၊
လယ်တော်နှင့် လေး … တော့။
အို-ဘုန်းတော်လေ ကြီးလို့၊
လယ်တော်လေ သီးလို့၊
ပြည်ကြီးမို့လေး။

ရွှေမန်းမြို့ စံရာ၊
ရန်ကွာလို့ ဝေး … တော့။
အို-စက်တော်လေအောက်မတော့၊
ဆဒ္ဒန်ရောက်ပေါ့၊ ရန်ပြန်လို့အေး။ ။

မိုးချုပ်လို့ ချိန်တန်၊
ပြန်ချိန်မှ မျှော်ကွဲ့လေး။
ရွှေဘိုးခေါင် ညီနောင်အိပ်တဲ့၊
တောင်ထပ်ကို နေစွယ်ခ-မှ၊
ချစ်တဲ့လူ ရွှေယောင်ပွက၊
ကြိုပ့ါကွဲ့လေး။ ။

တို့နန္ဒာ လယ်တော်တိုက်မအေ့၊
ညည်းစိုက်တဲ့ ကောက်သွယ်ငယ်၊
မှန်း-ဘယ်မျှကြီး။
ဟော ကြည့်စမ်းမွန်၊
တနှံကို ဆယ်ပြည်ထွက်တယ်၊
ဖြိုးအက်လို့ သီး။ ။

တို့နန္ဒာ ကန်တော်လယ်မှာ၊
နှိုင်းဘွယ်ရှိဘူး။
အကျွန်စိုက်တဲ့ ပျို့ကောက်ပင်၊
ဆင်ပေါက်ကယ် ဆယ်ကောင်ဝင်တော့၊
ရှာမမြင် အနှံဖူး၊
သုံးထွာကကြူး။

(ရေးသူ - သံတော်ဆင့် ဆောမြို့စား ဦးစီ)
 

 ပန်းချီ saw hlaing

ရင်ခွင်သစ် မှတွေ့လို့ ဝေငှလိုက်ပါတယ်၊ အားလုံး ခံစားကြည့်ရအောင်ဗျာ။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ