သာသနာပြုမင်း
ကင်းဝေချိန်
မြန်မာတစ်ပြည်လုံး
အင်္ဂလိပ် လက်အောက်ရောက်သွားသောအခါ ၌လည်း မြန်မာဆရာတော်ကြီးများနှင့် မှူးကြီး မတ်ကြီး
လူကြီးလူကောင်းတို့ တိုင်ပင်၍ သာသနာရေးကို ထိမ်းသိမ်းကြပါသည်။ ယခု တွေ့မြင်ရသော အစိုးရ
ပထမပြန် သကျသီဟစာပြန်ပွဲတို့သည် ထိုဆရာတော် ထိုလူကြီးလူကောင်းတို့ စတည်ထောင်ခဲ့ကြသော
ကောင်မှုများ ဖြစ်ကြပါသည်၊
ထိုသို့
ဆရာတော်များနှင့်လူကြီးလူကောင်းတို့ ဇာတိသွေး ဘာသာသွေး ထက်သန်ခြင်းကြောင့် ဒုတိယကမ္ဘာစစ်မတိုင်မီကာလ၌
အင်္ဂလိပ် လက်အောက်မှာ နေကြရသော်လည်း အမျိုးသားသည် ဘာသာခြား အတုလိုက်မှု နည်းပါး၍ အမျိုးသမီးများသည်
လူမျိုးခြားနှင့်လက်ထပ်မှု နည်းပါးခဲ့သေး၏။ သာသနာတော်သည် အတော် ဣနြေ္ဒရပါသေး၏။
ဤသို့
မြန်မာနိုင်ငံက အစစအရာရာဝယ် အကျင့်စာရိတ္တ အပျက်အစီး နည်းပါးကြောင်းမှာလည်း သူတစ်ပါးလက်အောက်၌
နေရသော နိုင်ငံချင်းယှဉ်၍ ကြည့်မှ သိသာပါသည်၊ အချို့နိုင်ငံ၌ တိုင်းရင်းသား အယူအဆနှင့်
ဘာသာရေးများ ကွယ်လုမတတ် ရှိ၍ အချို့နိုင်ငံ၌ကား ကွယ်ပျောက်သလောက်ပင် ရှိကြလေပြီ။
[ဘုန်းတော်ကြီးကျောင်း ပညာသင်ရေးမော်ကွန်း
စာအုပ်မှ အောက်ပါအချက်များကို ထုတ်ပြလိုပါသည်။]
ဗြိတိသျှအစိုးရသည်
အောက်မြန်မာပြည်ကို သိမ်းယူပြီးနောက် မြန်မာသက္ကရာဇ် (၁၂၂၅-၂၆)ခုနှစ်၌ မဟာဝန်ရှင်တော်မင်းကြီးဖြစ်သော
ဆာအာသာဖယ်ရာသည် ဘုန်းတော်ကြီးကျောင်းများ၌ ကျောင်းဝိုင်း ကျယ်ပြန့်ပုံ၊ အဆောက်အဦးကောင်းပုံ
တို့ကိုလည်းကောင်း၊ ဆရာဘုန်းတော်ကြီးများ၏ ဩဇာရှိပုံကိုလည်းကောင်း ဘုန်းတော်ကြီးကျောင်းများ၌
သင်ရိုးပညာများ၏ အကျင့်စာရိတ္တ ကောင်းစေနိုင်ပုံ ကိုလည်းကောင်း သိမြင်လေသည်။
ထိုသို့
သူမြင်သည် အားလျော်စွာ-
(၁) တိုင်းရင်းသားဘာသာ ပညာသင်ကြားရေးအတွက် ဘုန်းတော်ကြီး
ကျောင်းကိုသာ အားကိုးထိုက်ကြောင်း၊
(၂) ထိုဘုန်းတော်ကြိးမျုားက ဗုဒ္ဓဘာသာသင်ခန်းစာအပြင်
လေကြိ၌် အသုံးဝင်မည့် သင်ခန်းစာများကိုလည်း တွဲဖက်ပို့ချပါရန် တောင်းပန်လျှောက်ထားသင့်ကြောင်း၊
(၃) ထိုသို့လျှောက်ထားရာ၌လည်း ဖြစ်မြောက်နိုင်လောက်သော
အကြံÓဏ်များဖြင့် မြော်မြင်နှိုင်းဆ၍ လျှောက်ထားရန်လိုကြောင်း၊
(၄) လိုရာစာအုပ်များကို ဘုန်းတော်ကြိးများအား လှူဒါန်းရမည်
ဖြစ်ကြောင်း၊
(၅) မြို့ငယ်များနှင့်
ရွာများတွင်လည်း အိမ်ကျောင်းများ ဖွင့်လှစ်ခဲ့သော် ဘုန်းတော်ကြီးကျောင်းများနှင့် အပြိုင်အဆိုင်
ပြုရာရောက်မည် ဖြစ်၍ အိမ်ကျောင်းများမဖွင့်သင့်ကြောင်းကို ညွှန်ကြားခဲ့ဖူးလေသည်။
[လူဝတ်ကြောင်ဆရာ၏ စာသင်ကျောင်းကို (အိမ်ကျောင်း) ဟုခေါ်ထားသည်။](ဘာသာသွေးစာအုပ်မှ) ဆက်ဦးမည်...