ဘုန်းတော်ကြီး
စာသင်ကျောင်းများ
ထိုညွှန်ကြားချက်အတိုင်း
အစိုးရအမှုထမ်းတို့၏ လျှောက်ထားချက်ကြောင့် မြန်မာ သက္ကရာဇ်(၁၂၂၉) ခုနှစ်တွင် အစိုးရ
အသိအမှတ် ပြုအပ်သော ဘုန်းတော်ကြီးကျောင်း (၃၁)ကျောင်းစတည်မိ၍ (၁၉)နှစ် လောက်ကြာသော်
(၁၂၄၈) ခုနှစ်၌ ဘုန်းတော်ကြိးကျောင်းပေါင်း (၃၉၇၅) ကျောင်းအထိ အောက်နိုင်ငံ၌ တည်ရှိခဲ့လေသည်။
အထက်မြန်မာနိုင်ငံကို သိမ်းယူပြီးနောက်၌လည်း ထိုညွန်ကြားချက်အတိုင်း ကြိုးစား ဆောင်ရွက်ကြာလေရာ
(၁၂၅၈) ခုနှစ်၌ အစိုရ အသိ အမှတ်ပြု အပ်သော ဘုန်းတော်ကြီးကျောင်းပေါင်း အထက်နိုင်ငံ၌
(၂၈၉၈) ကျောင်း ရှိလေသည်၊ [အထက်အောက်နှစ်ရပ်ပေါင်းလျှင် (၆၈၇၃) ကျောင်းဖြစ်၏]
သို့ရာတွင်
ထိုနှစ်များ၏ နောက်၌ကား အသိအမှတ်ပြု အပ်သော ဘုန်းတော်ကြီး စာသင်ကျောင်းများ ယုတ်လျော့၍ လာခဲ့လေရာ (၁၂၇၈) ခုနှစ်၌ အထက်အောက် နှစ်ရပ်ပေါင်းမှ
ဘုန်းတော်ကြိး စာသင်ကျောင်း (၃၀၉၁) ကျောင်းသာရှိတော့သည်။
အိမ်စာသင်ကျောင်းများ
မြန်မာပြည် အစိုးရမင်းတို့သည် တိုင်းရင်းဘာသာ ပညာရေးအတွက်
ဘုန်းတော်ကြီး ကျောင်းများကို အားကိုးသော်လည်း မှန်းတိုင်းမပေါက် ခရီးမရောက်သောအခါ
ဘုန်းတော်ကြိးကျောင်းများကို အားပေးမှု လက်မလွတ်စေဘဲ အိမ်ကျောင်းများကို လည်း အားပေးခဲ့ရလေတော့သည်။
ထို့ကြောင့်
မြန်မာသက္ကရဇ် (၁၂၃၀) ခုနှစ်အတွင်း၌ အိမ်ကျောင်းအလျဉ် မရှိခဲ့သော်လည်း နှစ်ပေါင်း (၄၀)ခန့်လောက်
ကျော်လွန်ရာ (၁၂၇၈) ခုနှစ်မှာ အိမ်ကျောင်းပေါင်း (၃၆၇၀) အထိ ရှိလာလေသည်၊ [ထိုနှစ်၌ ဘုန်းတော်ကြီးကျောင်းထက် အိမ်ကျောင်းက
အနည်းငယ်ပိုလွန်လာလေသည်။]
ကျောင်းအရေအတွက်အားဖြင့်
အိမ်ကျောင်းကအနည်းငယ်သာ ပိုလွန်သော်လည်း ကျောင်းအရေအတွက်မှာ အိမ်ကျောင်း၌ ကျောင်းသားပေါင်း
နှစ်သိန်းခွဲခန့် ရှိ၍ ဘုန်းတော်ကြိးစာသင်ကျောင်းများ၌ ကျောင်းသားပေါင်း တစ်သိန်းကျော်မျှသာ
ရှိရတော့ကား ကျောင်းသားအရေအတွက်ချင်း များစွာထူးခြားလေသည်။
[ဤကား ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေး
မော်ကွန်းစာအုပ်မှ ထုတ်ယူဖော်ပြချက်တည်း။]
စဉ်းစားဖွယ်
မြန်မာနိုင်ငံဝယ်
အထက်အောက် ဒေသနှစ်ရပ်၌ အစိုးရ အသိမှတ် ပြုအပ်သော ဘုန်းတော်ကြီးစာသင်ကျောင်း(၆၈၇၃)ကျောင်း
ရှိခဲ့ဖူးပါလျှက် ယခုအခါ ထိုကျောင်းအများအပြားပင် ကွယ်ပျောက်သွားရာ၌ များစွာ စဉ်းစားဖွယ်ရှိသည်ကား-
(၁) ဘုန်းတော်ကြီးကျောင်းများသည်
ကျောင်းအုပ်အဖြစ်ဖြင့် ကျောင်းကို အုပ်ချုပ်ရုံသာ အုပ်ချုပ်၍ သင်ပြသောဆရာတို့က လူဝတ်ကြောင်များ
ဖြစ်သောကြောင့် အတော်ကြာ လျှင် ဘုန်းကြီးဩဇာ မရှိသဖြင့် ကျောင်းပျက်ရလေသလော။
(၂) ဘုန်းတော်ကြီးသည်
ကျောင်းအုပ်ခကို ယူထားသော်လည်း အစိုးရ၏ စည်းကမ်း ဥပဒေအတိုင်း လိုက်နာဖို့ရန် ခဲယဉ်းသောကြောင့်
ကျောင်းပျက်ရလေသလော။
(၃) ဘုန်းတော်ကြီးနှင့်
ပညာအုပ်များ ဆက်ဆံရာဝယ် သဘာဝအားဖြင့် ဘုန်းကြီးက အထက်က နေရသော်လည်း ဥပဒေအရ ပညာအုပ်၏
အောက်ကျနေသဖြင့် ဆက်ဆံရေး အဆင်မပြေသောကြောင့် ကျောင်းပျက်ရလေသလော။
(၄) တစ်ခါတစ်ရံ
ဗုဒ္ဓဘာသာမဟုတ်သော ပညာအုပ်သည် ဘုန်းကြီးကျောင်းသို့ ရောက်သောအခါ သွားလာ နေထိုင် ပြောဆို
လျှောက်ထားမှုမှ စ၍ အဆင်မပြေဖွယ် ကိစ္စတွေ ရှိနိုင်ရကား ထိုအကြောင်းလည်း ကျောင်းပျက်ရခြင်း၏
အကြောင်းတစ်ပါး ဖြစ်လေသလော။
(၅) အစိုးရလခကို
ယူ၍ အုပ်ချုပ်သော ကျောင်းအုပ်ဘုန်းတော်ကြီးများကို များစွာသော အခြားဘုန်းကြီးများနှင့် အချို့သော
လူကြီးတို့က အထင်သေး အမြင်သေးဖြစ်ခြင်းကြောင့် တစ်စတစ်စနှင့် ကျောင်းပျက်ရလေသလော။
ဤသို့ စသောအားဖြင့်
စဉ်းစားဖွယ်တွေ များစွာ ရှိနေပါသည်။
ထို့ပြင်-ဘုန်းတော်ကြီးက
ကျောင်းကို အုပ်ချုပ်ရုံသာ အုပ်ချုပ်၍ လူဝတ်ကြောင်ဆရာက အတန်းစာကို သင်ပြလျှင် (ထိုကျောင်းသားများ သည် ဘုန်းကြီးထက် အတန်းဆရကြို ပို၍ မလေးစားပေဘူးလား)ဟု စဉ်းစားဖွယ် ရှိပြန်၏၊ [ယခုအခါ သာသနာဘက်၌ စာမပို့ချနိုင်သော သံဃာများကို ဆွမ်း သင်္ကန်း ဝေငှနိုင်လောက်အောင် ဘုန်းကံ
လည်းမရှိ ရှိစေကာမူ ဝေငှလေ့မရှိသော ကျောင်းထိုင်တိုက်အုပ်
တိုက်ကြပ်ပုဂ္ဂိုလ် များသည် ထိုကျောင်းမှာ ထိုတိုက်မှာ
စာချနေသော ဘုန်းကြီးများလောက် ဩဇာမရှိပါ၊
စာသင်သားတို့က စာမပို့ချသော ထိုတိုက်အုပ်စသည်ကို
“ဆရာ”ဟု အသိမှတ် မပြုကြပါ။]