စိတ္တသူကြွယ်
စိတ္တသဒ္ဒါသည်
မြန်မာလို “ထူးဆန်း”ဟု အဓိပ္ပာယ်ရ၏၊ ထိုသတို့သား ဖွားချိန်၌ (ရှေးဆုတောင်း ပါလာ၍) ထူးထူးဆန်းဆန်း
ပန်းမိုး ရွာသောကြောင့် “စိတ္တ”ဟု မိဘတို့က နာမည်မှည့်ကြ၏၊ မစ္ဆိကာသဏ္ဍ မည်သောဇနပုဒ်မြို့ငယ်၌
သူဌေးမျိုးမှာဖြစ်၍ အဖကွယ်လွန်သော အခါ သူဌေးအရာကို ရသူတည်း။
ရှေးရှေးဘုရားလက်ထက်တော်၌
ရုပ်နာမ် သင်္ခါရအပေါ်ဝယ် အနိစ္စ ဒုက္ခ အနတ္တဟု ရှုခဲ့သောကြောင့် ငါတို့ဘုရား လက်ထက်တော်ဝယ်
မဟာနာမ်ထေရ်၏ တရားကို နာရ၍ အလွယ်တကူ အနာဂါမ်တည်လေသည်၊ ထိုစိတ္တသူကြွယ်သည် အဟောအပြောကောင်းသော
ဓမ္မကထိကဖြစ်၍ သူ၏နောက်၌ ဥပါသကာငါးရာ အမြဲလိုက်ပါလျှက် ရှိလေသည်၊ တိတ္ထိတို့နှင့် တရားဆွေးနွေး
မေးမြန်းသောအခါလည်း တိတ္ထိတို့၏ အယူဝါဒကို အကြောင်းပြ၍ နှိမ့်ချဖျက်ဆီးနိုင်၏၊
ထို့ကြောင့်
လူဝတ်ကြောင်ဓမ္မတို့တွင် ဧတဒဂ်ရထိပ်တန်းအကျဆုံး ဓမ္မကထိက ဖြစ် လေသည်၊ [ယခုအခါ သာသနာ
ပြုရာ၌ ဤဥပါသကာမျိုး ပေါ်ထွက်ဖို့ လိုအပ်ပါသည်။]
ဥပါသကာများ
ဝန်ဆောင်ပုံ
ဗုဒ္ဓမြတ်စွာလက်ထက်တော်အခါဝယ်
အနာထပိဏ်သူဌေးကဲ့သို့ အလှူဒါနကို ပြုသောအားဖြင့်ဖြစ်စေ၊ စိတ္တသူကြွယ်ကဲ့သို့ ဗုဒ္ဓမြတ်စွာ၏
တရားတော်ကို ကိုယ်တိုင် သင်ယူ၍ ကျင့်ခြင်း၊
သူတပါးအား ဟောပြောခြင်း၊ သာသနာတော်၏ ဆန့်ကျင်ဘက် အယူဝါဒပေါ်လာလျှင် ထိုအယူဝါဒကို တရားသဖြင့် နှိပ်ခြင်းတို့ဖြင့်ဖြစ်စေ သာသနာတော်ကို အားပေးသူ၊ ချီးမြှေက်သူ ထောက်ပံ့သူ ဥပါသကာ ဒါယကာတွေ အများအပြား ပေါ်ထွန်းခဲ့ပါသည်။ ထို့အပြင် ကျယ်ဝန်းသော နယ်ပယ်များ၏ အရှင်သခင်ဘုရင်များ ဖြစ်ကြသော ဗိမ္ဗိသာရ၊ ကောသလ မဟာရာဇာတို့၏ အားပေး ထောက်ပံ့မှုကြောင့်လည်း သာသနာတော်၏ အရှိန်အဝါ လွန်စွာ တောက်ပခဲ့ပါသည်။
သူတပါးအား ဟောပြောခြင်း၊ သာသနာတော်၏ ဆန့်ကျင်ဘက် အယူဝါဒပေါ်လာလျှင် ထိုအယူဝါဒကို တရားသဖြင့် နှိပ်ခြင်းတို့ဖြင့်ဖြစ်စေ သာသနာတော်ကို အားပေးသူ၊ ချီးမြှေက်သူ ထောက်ပံ့သူ ဥပါသကာ ဒါယကာတွေ အများအပြား ပေါ်ထွန်းခဲ့ပါသည်။ ထို့အပြင် ကျယ်ဝန်းသော နယ်ပယ်များ၏ အရှင်သခင်ဘုရင်များ ဖြစ်ကြသော ဗိမ္ဗိသာရ၊ ကောသလ မဟာရာဇာတို့၏ အားပေး ထောက်ပံ့မှုကြောင့်လည်း သာသနာတော်၏ အရှိန်အဝါ လွန်စွာ တောက်ပခဲ့ပါသည်။
ဥပါသိကာမပရိသတ်
ရတနာသုံးပါးကို
ယုံယုံကြည်ကြည် ကိုးကွယ်ဆည်းကပ်ကြသော ဥပါသိကာ ဒါယိကာမတို့သည် ဘုရားလက်ထက်တော်၌ အလွန်များ
ကုန်၏၊ ဝိသာခါသည် သူဌေးသ္မီးအဖြစ်ဖြင့် (၇-နှစ်) အရွယ်က သောတာပန်တည်၍ အိမ်ထောင်ပြုပြီးသော
အခါ မိစ္ဆာအယူရှိသော ယောက္ခမနှင့်တကွ ယောကျာ်းဘက်
အမျိုးအားလုံးကို ဗုဒ္ဓဘာသာဝင် သူတော်စင်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့၏။
နောင်အခါ
ပုဗ္ဗရုံကျောင်း တိုက်ကြိးကို တည်ဆောက်၍ ပုဗ္ဗရုံကျောင်းအမဟု ထင်ရှား၏၊ ဝိသာခါ၏ အိမ်၌ရဟန်းတော်ငါးရာလောက်
အမြဲဆွမ်းဘုဉ်းပေးကြရသည်၊ ထိုကြောင့် အလှူဒါနဖြင့် မွေ့လျော်သူတို့တွင် ဝိသာခါသည် ထိပ်တန်း
အကျဆုံးဖြစ်၍ဧတဒဂ်ရ ဒါနရှင်ဖြစ်ရလေသည်။
ခုဇ္ဇုတ္တရာ
ကောသမ္ဗီပြည်
ဃောသကသူဌေး၏အိမ်၌ ကလေးထိန်း မိန်းမမှ ဖွားသော သတိုးသမီးငယ်သည် အနည်းငယ်ခါးကုန်းသောကြောင့်
“ခုဇ္ဇာ”ဟုလည်းကောင်း, အရာရာ၌ လိမ္မာပါးနပ် မြင့်မြတ်သောကြောင့် “ဥတ္တရာ”ဟုလည်းကောင်း
အမည်ရ၍ နာမည်နှစ်ခုပေါင်းစပ်လျက် “ခုဇ္ဇုတ္တရာ”ဟုထင်ရှား၏၊
နောင်သောအခါ
သာမာဝတီမိဖုရား၏ အလုပ်အကျွေးဖြစ်၍ နေ့တိုင်း ပန်သည်ကြီးအိမ်သို့ ပန်းဝယ်သွားရ၏၊ ပန်ဖိုးရှစ်ကျပ်အမြဲပေးလိုက်ရာ
လေးကျပ်ဖိုးသာ ဝယ်၍ လေးကျပ်ကို မိမိယူထား၏၊ [ခိုးထားခြင်းတည်း။]
တစ်နေ့၌ကား
ပန်သည်ကြီးအိမ်ဝယ် ဘုရားအမှုးရှိသော သံဃာတော်များအား ဆွမ်းကပ်ခိုက်နှင့် ကြုံကြိုက်၍
ဘုရားရှင်မိန့်တော်မူသမျှ စကားတို့ကို အရကျက်ထားလိုက်၏၊ ဆွမ်းဘုန်း ပေးပြီး၍ တရားဟောတော်မူသောအခါ
သောတာပန် တည်လေသည်။
ထိုသို့
သောတာပန်တည်သောအခါ ပန်းဖိုးလေးကျပ်ကို မိမိမယူ တော့ဘဲ ရှစ်ကျပ်ဖိုး ဝယ်သွား၏၊ ပန်းတွေများနေသောကြောင့်
သာမာဝတီမိဖုရားက မေးသောအခါ ရှေးရှေးက လေးကျပ်ဖိုးသာ ဝယ်၍ လေးကျပ်ကို မိမိသုံးကြောင်း,
ယနေ့ ဘုရားတရားတော်ကို နာရ၍ အမတ (နိဗ္ဗာန်)ကို ရလာသောကြောင့် ထိုကဲ့သို့ မတရားမလုပ်တော့ဘဲ
ရှစ်ကျပ်ဖိုးပင် ဝယ်လာကြောင်း ပြောပြလေသော် သာမာဝတီမိဖုရားနှင့်တကွ အြွေခအရံအားလုံး သဘောကျသဖြင့် “အဲဒီ အမတကို ပေးစမ်းပါ,
အဲဒီ အမတကို ပေးစမ်းပါ”ဟု ဝိုင်း၍ တောင်းကြလေသည်။
“အို..
အဲဒီအမတဆိုတာ ပေးလို့ရကောင်းတာ မဟုတ်ဘူး၊ ရှင်မတို့က နေရာအနိမ့်က နေ၍ နာယူကြကုန်”ဟု
ပြောပြီးလျှင် မိမိက အမြင့်ကနေ၍ ဟောပြောလေသည်၊ ထိုသို့ ဟောပြလျှင် တရားကို သဘောကျ၍
အားလုံး သောတာပန် ဖြစ်ကြလေသည်၊ ထိုအချိန်မှစ၍
ခုဇ္ဇုတ္တရာသည် မိဖုရား၏ အစေအပါး မလုပ်ရတော့ဘဲ ကောသမ္ဗီပြည်ဝယ် ဘုရားရှင် သီတင်းသုံးတော်မူသမျှ
ဘုရားအထံမှ တရားနာ၍ မိဖုရားနှင့် အခြွေအရံတို့အား တစ်ဆင့် ဟောပြောရသော ဓမ္မကထိကဖြစ်လေသည်။
(အရှင်ဇနကာဘိဝံသ၏ ဘာသာသွေး စာအုပ်မှ) ဆက်ဦးမည်>>>