ရဟန်းကောင်းများ
“ရဟန်းကောင်း”ဟူရာ၌
အကျင့်ကောင်းသော ရဟန်းများကို ဆိုလိုသည်။ ဘုရားရှင်လက်ထက်တော်၌ တစ်ချို့ရဟန်းတော်များသည်
အမျိုးအားဖြင့် အထက်တန်းကျ၍ အကျင့်သိက္ခာလည်း ကောင်းကြပေ၏၊ တစ်ချို့ ရဟန်းတော်များကား
အမျိုးအားဖြင့် အထက်တန်းမကျသော်လည်း အကျင့်သိက္ခာကောင်းကြပေ၏၊ ထိုသို့ အကျင့်သိက္ခာ
ကောင်းကြ၍ ဘုရားတရားတော်များကို ကောင်းမွန်စွာ တတ်သိထားသော ရဟန်းတော်သည် သာသနာတော်
အရှည်ခံ့၍ တည်တံ့အောင် ရွက်ဆောင်တော်မူကြပေသည်။
အမှာ။ ။ ဘုရားရှင်လက်ထက်တော်မှစ၍
သံဃာတော်များ၏ သာသနာတော်ကို ဆောင်တော်မူခဲ့ပုံနှင့်တကွ အရှင်သာရိပုတ္တရာç အရှင်မဟာမောဂ္ဂလာန်,
အရှင်မဟာကဿပ စသော သာသနာပြု သံဃာတော်များ၏ အကြောင်းအရာကို အနာဂတ်သာသနာရေးကျမ်းစာ သံဃာ့ရတနာအခန်း၌
ရေးသားခဲ့ပါပြီ၊ ဤကျမ်းစာ၌ကား ထိုကျမ်း၌ မပါသေးသော အချို့သံဃာတော်များကိုသာ ရေးသားပါမည်။
အရှင်ဥပါလိ
အရှင်ဥပါလိထေရ်သည်
လူ့ဘဝတုန်းက အမျိုးဇာတ် အောက်တန်းကျသော ဆတ္တာသည်ဖြစ်၍ ဘဒ္ဒိယမင်းသား, အနုရုဒ္ဓါမင်းသား, အာနန္ဒာ စသော မင်းသားများ၏ ဆံပင် မုတ်ဆိတ်ကို ပြုပြင်ပေးရသူ
ဖြစ်၏၊
ထိုမင်းသားများ ရဟန်းပြုသောအခါ အတူလိုက်၍ ဘုရားအထံ ရောက်လျှင် မင်းသားတို့က ဥပါလိကို ရှေးဦးစွာ ရဟန်းပြုပေးတော်မူပါ၊ ထိုသို့ ရှေးဦးစွာရဟန်းပြုမှ ဥပါလိက ရဟန်းအဖြစ် အလျင်ကျ၍ ဥပါလိကို တပည့်တော်တို့က အရိုအသေ ပေးရသဖြင့် တပည့်တော်တို့၏ မာန်မာနလျှောကျပါလိမ့်မည်ဟု လျှောက်ကြလေသည်၊ [အလွန်စိတ် ကောင်းရှိသော မင်းသားများ ဖြစ်ကြပါပေသည်၊]
အရှင်ဥပါလိသည်
ရဟန်းပြုပြီးသောအခါ တောကျောင်းမှာ နေလို၍ ဘုရားရှင်အထံ ခွင့် တောင်းလေသော် (တောင်အခါ
သာသနာအကျိုးကို မျှော်တော်မူ၍) ဘုရားရှင်သည် ခွင့်ပြုတော်မမူဘဲ “တောကျောင်းမှာနေလျှင်
အသင့်မှာ ဝိပဿနာတာဝန်တစ်မျိုးသာ တိုးပွားလိမ့်မည်၊ ငါဘုရား၏အထံမှာ နေလျှင် ဝိပဿာနာတာဝန်,
ကျမ်းဂန်တာဝန် နှစ်မျိုးလုံးပြည့်စုံလိမ့် မည်”ဟု မိန့်တော်မူ၏။
အရှင်ဥပါလိသည်
ဘုရားအထံတော်၌ တရားအားထုတ်၍ နေစဉ် မကြာခင် ရဟန္တာဖြစ်၏၊ ထို့နောက် ဘုရားရှင်ကိုယ်တော်တိုင်
ဝိနည်းတရားတော်ကို ပို့ချပေးတော်မူ၏၊ အရှင်ဥပါလိသ်ည စင်္ကြံကြွရင်းလည်း ဝိနည်းအကြောင်းကို စဉ်းစား၏၊ ရပ်နေရင်းလည်း ဝိနည်းအကြောင်းကို
စဉ်းစား၏၊ ဝိနည်းပိဋကသည် အရှင်ဥပါလိအတွက် အမြဲနေရာ ကျောင်း ကြီးသဖွယ်ဖြစ်နေရကား “အရှင်ဥပါလိနှင့်
ဝိနည်း၊ ဝိနည်းနှင့် အရှင် ဥပါလိ”ဟု ခွဲခြား၍ မရသလောက်ပင် ဖြစ်တော့၏၊
ထို့ကြောင့်
ဘုရားရှင်သည် “ဝိနည်းအရာ၌ ထိပ်တန်းအရောက်ဆုံးပုဂ္ဂိုလ်”ဟု အရှင်ဥပါလိကို ဧတဒဂ်ထားတော်မူသည်၊
ဘုရားလက်ထက်တော်၌ပင် ရဟန်းအများ အား ဝိနည်းပိဋကကို ပို့ချတော်မူ၏၊ ပထမသံဂါယနာ တင်တော်မူသော
အခါ ဝိနည်းပိဋကကို ရှေ့ဆောင်၍ သံဂါယနာတင်တော်မူသည်။
အကျင့်ပဓာန
ဤနေရာဝယ်
အရှင်ဥပါလိ၏ အမျိုးဇာတ်အားဖြင့် အထက်တန်း မကျသော်လည်း အကျင့်စာရိတ္တအားဖြင့် အထက်တန်းကျသောကြောင့်
သံဃာတော်အများ၏ လေးလေးစားစား အားထားမှီခိုရာ ဖြစ်၍ သာသနာ့တာဝန်ကို အရေးပါပါ အရာရောက်ရောက်
ထမြောက်အောင်မြင်စွာ ထမ်းဆောင်တော်မူနိုင်ပုံကို သတိပြုကြပြီးလျင် မြတ်စွာဘုရား၏ ကောသလမဟာရာဇာအား ဟောတော်မူသော အကြောင်းကို မှတ်သားထိုက်ပါသည်။
ဘုရားရှင်။ ။ “မဟာရာဇာ အသင့်မှာ စစ်တိုက်ဖို့ကိစ္စ ကြုံနေ၍
စစ်သည်စုဆောင်းနေပြီ” ဆိုကြပါဆို့၊
ထိုအခါ ဇာတ်မြင့်သော
မင်းသားတစ်ယောက်သည် စစ်မှုထမ်းဖို့
အသင့်ထံ လာရာ၏၊ သို့သော်
ထိုမင်းသားသည် စစ်အတတ်ကို မသင်ဖူးသေး၊
သင်ဖူးစေကာမူ
အလေ့အကျင့်မရှိသေး၊ ထို မင်းသားကို
အမျိုးကောင်းသည့်
အတွက်ကြောင့် စစ်မှု ထမ်းဖို့
ရွေးချယ်မည်လော။
မဟာရာဇာ။ ။မရွေးချယ်နိုင်ပါ။
ဤနည်းအတိုင်း စစ်အတတ်ကို မတတ်သေးသော အမျိုးကောင်း
ဗြဟ္မဏလုလင်,အမျိုးညံ့ ဝေဿ-လယ်သမား
ကုန်သည်အမျိုး
အစားလုလင်, အမျိုးအောက်တန်းကျသော
သုဒ္ဒ(အလုပ်ညံ့ကို
လုပ်ကိုင်သော)လုလင်များ လာရာ၌လည်း
စစ်မှုထမ်းဖို့
ရွေးချယ်မည်လော”ဟု မေးတော်မူရာ
မရွေချယ်နိုင်ပါကြောင်း လျှောက်လေသည်၊
ထို့နောက်
စစ် အတတ်ကို တတ်မြောက်ပြီးသော လေ့ကျင့်ပြီးဖြစ်သော မင်းသား, ပုဏ္ဏားသား, ကုန်သည်လယ်သမားသား,
ဆင်းရဲ သားတို့ စစ်မှုထမ်းဖို့လာရာ၌ “ရွေးချယ်မည်လား”ဟု မေး တော်မူရာ “ရွေးချယ်မည့်အကြောင်း”ကို
လျှေက်ထားလေ သည်။ [ကောသလသံယုတ်ပါဠိတော်။]
မှတ်ချက်။ ။ဤပြဿနာကို ဥပမာသဘောအားဖြင့် ဘုရာရှင် မေးတော် မူခြင်း
ဖြစ်၏၊
ဟောတော်မူလိုရင်းကား အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ရာ၌ လောဘ, ဒေါသစသော မကောင်းမှုကင်း၍
သီလ သမာဓိ စသည်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို ရွေးချယ်ရမည်ဟု ဟောတော်မူလိုရင်း ဖြစ်၏၊
(ဘာသာသွေးစာအုပ်မှ) <<<ဆက်ဦးမည်>>>