၎။သာသနာတည်စေတော်မူခန်း
မာရ်နတ်လာ၍လျှောက်ခြင်း
ဗုဒ္ဓမြတ်စွာသည်
ဘုရားဖြစ်တော်မူပြီးသာအခါ ဗောဓိပင်၏ ပတ်ဝန်ကျင်အနီး အရပ်များ၌ ခုနှစ်ရက် ခုနှစ်လီ ဈာန်သမာပတ်
ဝင်စားတော် မူပြီးနောက်ရှစ်ကြိမ်မြောက် ခုနှစ်ရက်တွင်မာရ်နတ်လာ ၍အောက်ပါ စကားကို လျှောက်လေသည်။
“အို အရှင်ဘုရား...အရှင်ဘုရားသည်
ပရိနိဗ္ဗာန်စံတော်မူပါတော့၊ သဗ္ဗညုတဥာဏ်တော်ကို ရဖို့ရန်ရည်မှန်း၍ ပါရမီ ဖြည့်လာခဲ့သော
အရှင်ဘုရားမှာ ယခုအခါ ရည်မှန်ချက် အထမြောက်ပါပြီ၊ လောက၌ လှည့်လည်နေဖို့ မလိုတော့ပါ၊
ပရိနိဗ္ဗာန်စံတော်မူပါတော့” ဤသို့ လျှောက်လာလေသည်၊ ထိုအခါ ဗုဒ္ဓမြတ်စွာက ပြန်၍မိန့်တော်မူ
သည်မှာ...
၁။ အို မာရ်နတ်...ငါ၏ တပည့်သာဝကဖြစ်သော ရဟန်းယောကျာ်းတို့သည် ယဉ်ယဉ်ကျေးကျေးနှင့် ထက်ထက်မြတ်မြတ် မရှိကြ သေးသမျှ, တရားအရာတွင် အကြားအမြင် ဗဟုဿုတများ၍ထို တရားအတိုင်း ကျင့်နေသူတွေ မများသေးသမျှ, ငါဘုရား၏ အယူဝါဒကို သင်ယူတတ်မြောက်၍ သူတပါးအား မပို့မချနိုင်သေးသမျှ, ဖြစ်ပေါ်လာသော ဆန့်ကျင်ဘက်အယူဝါဒကို တရားသဖြင့်နှိပ်နင်း၍ အကြောင်းပြ လျှက် တရားဓမ္မကို မဟောပြနိုင်သေမျှ ငါဘုရားပရိနိဗ္ဗာန်စံဖို့ မဖြစ်နိုင်သေးဘူး မာရ်နတ်။
၂။ အို
မာရ်နတ်... ငါ၏ တပည့် သာဝိကာမများဖြစ်ကြသော ဘိက္ခုနီတို့သည် ယဉ်ယဉ်ကျေးကျေးနှင့်ထက်ထက်မြတ်မြတ်
မရှိသေးသမျှ, တရားအရာတွင် အကြားအမြင် ဗဟုဿုတများ၍ ထိုတရားအတိုင်း ကျင့်နေသူတွေ မများသေးသမျှ,
ငါဘုရား၏ အယူဝါဒကို သင်ယူ တတ်မြောက်၍ သူတပါးအား မပို့မချနိုင်သေးသမျှç ဖြစ်ပေါ်လာသော
ဆန့်ကျင်ဘက်အယူဝါဒကို တရားသဖြင့်နှိပ်နင်း၍ အကြောင်းပြလျှက် တရားဓမ္မကို မဟောပြနိုင်သေးသမျှ
ငါဘုရား ပရိနိဗ္ဗာန်စံဖို့ မဖြစ်နိုင် သေးဘူး မာရ်နတ်။
၃။ အို
မာရ်နတ်... ငါဘုရားကို ဆည်ကပ်ကိုးကွယ်ကြ၍ ဥပါသကာ(ဒါယကာ) ဖြစ်ကြသော လူဝတ်ကြောင်တို့သည်(လူ့အလိုက်)
ယဉ်ယဉ်ကျေးကျေးနှင့် ထက်ထက်မြတ်မြတ် မရှိသေးသမျှ, တရားအရာတွင်(လူ့အလိုက်) အကြားအမြင်
ဗဟုဿုတများ၍ ထိုလူ့တရား လူကျင့်ဝတ်အတိုင်း ကျင့်နေသူတွေ မများသေးသမျှ, ငါဘုရား၏ အယူ
ဝါဒကို တတ်သိနားလည်၍ သူတပါးအား တစ်ဆင့်ပြောပြနိုင်သူတွေ မများသေးသမျှ, ဖြစ်ပေါ်လာသော
ဆန့်ကျင်ဘက် အယူဝါဒကို တရားသဖြင့် နှိပ်နင်း၍ အကြောင်းပြလျက် တရားဓမ္မကို(လူ့အလိုက်)မပြောနိုင်
သေးသမျှ ငါဘုရား ပရိနိဗ္ဗာန်စံဖို့ မဖြစ်နိုင်သေးဘူး မာရ်နတ်။
၎။ အို
မာရ်နတ်... ငါဘုရားကို ဆည်ကပ်ကိုးကွယ်ကြ၍ ဥပါသိကာ(ဒါယိကာမ)ဖြစ်ကြသော လူဝတ်ကြောင် မိန်းမတို့သည်
(လူ့ အလိုက်) ယည်ယည်ကျေးကျးနှင့်ထက်ထက်မြတ်မြတ် မရှိသေးသမျှ, တရားအရာတွင်(လူ့အလိုက်)
အကြားအမြင်ဗဟုဿုတများ၍ ထိုလူ့တရား လူကျင့်ဝတ်အတိုင်း ကျင့်နေသူတွေ မများသေးသမျှ, ငါဘုရား၏
အယူဝါဒကို တတ်သိနားလည်း၍ သူတပါးအား တစ်ဆင့် ပြောပြနိုင်သူတွေ မများသေးသမျှç ဖြစ်ပေါ်လာသော
ဆန့်ကျင်ဘက် အယူဝါဒကို တရားသဖြင့် နှိပ်နင်း၍
အကြောင်းပြလျှက် တရားဓမ္မကို (လူ့အလိုက်) မပြောပြနိုင်သေးသမျှ ငါဘုရား ပရိနိဗ္ဗာန်စံဖို့
မဖြစ်နိုင် သေးဘူး မာရ်နတ်။
၅။ အို
မာရ်နတ်... ငါဘုရား၏ သီလ သမာဓိ ပညာသုံးမျိုးလုံး ပါနေသော သာသနာတော်သည် စည်ပင် ပြန့်ပွား၍
ပညာရှိသော နတ် လူတို့နယ်တွင် မထင်ရှားသေးသမျှ ငါဘုရား ပရိနိဗ္ဗာန်စံဖို့ မဖြစ်နိုင်သေးဘူး
မာရ်နတ်..။ ဤသို့ ဘုရားရှင်က ပြန်၍ မိန့်တော်မူခဲ့ပါသည်။
မှတ်ချက်။ ။ ဤနေရာ၌
ဘုရားရှင်၏ သာသနာ့လမ်းစဉ်ကို သတိပြုသင့်၏ သာသနတော် ခိုင့်ခံ့၍ အရပ်ရပ်ပျံ့နှံ့အောင်....
(၁) သာသနာ့တာဝန်ဆောင် ဘိက္ခုကောင်းများ၊
(၂) သာသနာ့တာဝန်ဆောင် ဘိက္ခုနီကောင်းများ၊
(၃) သာသနာတော်ကို ဆည်းကပ် ကိုးကွယ်သော တာဝန်ဆောင်
ဥပါသကာ (ဒါယကာ)များ၊
(၄) သာသနာတော်ကို ဆည်းကပ် ကိုးကွယ်သော တာဝန်ဆောင်
ဥပါသိကာ (ဒါယိကာမ)များ၊
(ဘာသာသွေးစာအုပ်မှ) ဆက်ဦးမည်>>>>>>