မာရ်နတ်လာ၍
မကျင့်ဖို့ပြောခြင်း
ဘုရားအလောင်းတော်သည်
ထိုမျှလောက် အပင်ပန်းခံ၍ ကျင့်တော်မူသောအခါ
မာရ်နတ်လာ၍ပြောသည်မှာ-အို သိဒ္ဓတ္ထ.. အသင်သည် အလွန်ပိန်၍ အားနည်းလှပြီ၊ အစိတ်တစ်ထောင်နှင့်
တစ်စိတ်စိတ်လျှင် သေဘက်ကတစ်ထောင်လောက်ရှိ၍ တစ်စိတ် လောက်သာ ရှင်ဖို့ ရှိတော့သည် သေဖို့ရန်
အလွန်နီးကပ်နေပြီ၊ အသက်တာရှည် နေရခြင်းဆိုတာ အလွန်ကောင်း အလွန်မြတ်ပါသည်၊ အသက်ရှည်လျှင်
ကုသိုလ်ကောင်းမှုကို များစွာ ပြုရပါလိမ့်မည်၊ မြတ်သောအကျင့်ကို(ဥပုသ်သီလကို) ကျင့်၍
ယဇ်မီးပူဇော်နေမည်ဆိုလျှင် ကုသိုလ်ကောင်းမှုတွေများစွာ တိုးပွားဖွယ်ရှိပါသည်၊ ယခု အသင်ပြုနေတဲ့
ပဓာနအလုပ်(ကမ္မဋ္ဌာန်းအားထုတ်မှု)ဆိုတာ အလွန်အထမြောက်ဖို့ ခဲယဉ်းပါသည်၊ ဤသို့ တကယ် အကျိုးလိုလား၍
သနားသည့်ဟန်ဖြင့် ကရုဏာသံပါပါ ပြောဆိုလာလေသည်။
ဘုရားအလောင်းကုသိုလ်မလိုချင်
အို မာရ်နတ်...ငါသည်
သင်ပြောတဲ့ ကုသိုလ်ကောင်းမှုကို အဏုမြူလောက်မျှ အလိုမရှိ၊ (သန္တိပဒ-နိဗ္ဗန်တရားမြတ်ကို
အလိုရှိ သည်-ဟူလို၊) အသင် ယခုပြောတဲ့ စကားမျိုးကို ကုသိုလ်လိုချင်သူတို့ ကိုသာ ပြောထိုက်သည်၊
ငါ့မှာ သန္တိကို ယုံကြည်သော သဒ္ဓါလဲရှိ, ကျင့်မှုလဲရှိ, လုံ့လဝီရိယလဲရှိ,
ပညာလည်းရှိ၏၊ ငါ့ကိုယ်မှာ ဖြစ်နေသော စိတ္တဇ(စိတ်ကြောင့်ဖြစ်သော) ဝါယောဓာတ်အပူသည် မြစ်ရေတွေကိုပင် ခြောက်သွေ့စေနိုင်သောကြောင့် ခန္ဓာကိုယ်မှာရှိသော အသွေးကို အဘယ်မှာ မခြောက်ခန်းစေဘဲ ရှိမှာလဲ။
ပညာလည်းရှိ၏၊ ငါ့ကိုယ်မှာ ဖြစ်နေသော စိတ္တဇ(စိတ်ကြောင့်ဖြစ်သော) ဝါယောဓာတ်အပူသည် မြစ်ရေတွေကိုပင် ခြောက်သွေ့စေနိုင်သောကြောင့် ခန္ဓာကိုယ်မှာရှိသော အသွေးကို အဘယ်မှာ မခြောက်ခန်းစေဘဲ ရှိမှာလဲ။
သွေးသားများ
ခြောက်သွားလျှင် သလိပ်သည်းခြေလဲ ခြောက် သွားမှာဘဲç အသားလဲ ကုန်သွားမှာပဲ၊ ထိုသို့ အသားအသွေးတွေ
ခြောက်ကပ်သွားလျှင် ငါ၏စိတ်ဟာ တိုး၍ ကြည်လင်စရာရှိသည်၊ သတိ ပညာ သမာဓိတရားလည်း တိုး၍
ထက်မြက်တည်ကြည် စရာရှိသည်၊ ငါဟာ အခုလို အလွန်ပြင်းထန်သော ဒုက္ခဝေဒနာကို ခံရသော်လည်း
နောက်သို့ပြန်၍ ထီးနန်းစံလိုသော စိတ်ဆန္ဒမရှိပါ၊ ငါ၏ သဒ္ဓါ (ယုံကြည်ချက်) သန့်ရှင်းပုံကို
အသင်မာရ်နတ်ပဲ စဉ်းစားကြည့်ပါတော့၊ ဤသို့ ပြန်၍ ပြောဆိုပြီးလျှင် မာရ်နတ်၏ ကိလေသာစစ်တပ်
အဆက်ဆက် တက်၍ လာကြောင်းကိုလည်းကောင်း, ထိုကိလေသာစစ်တပ် ကြီးကို အပြီးတိုင် ချေမှုန်းမည့်
အကြောင်းကိုလည်းကောင်း စိတ်ထက်သန်စွာဖြင့် မိန့်မြွက်တော်မူလေသည်။
အကျင့်ပြောင်းပုံ
အတိတ်ရှေးကဖြစ်ခဲ့ကြသော
ရသေ့ သို့မဟုတ် ပုဏ္ဏားတို့သည် အဆင်းရဲခံ၍ ကျင့်ကြရာဝယ် ဤမျှလောက်သာ ကျင့်နိုင်ခဲ့ပေမည်၊
နောင်အနာဂတ်၌လည်း ယခုထက်ပို၍ ကျင့်နိုင်ကြလိမ့်မည်မဟုတ်၊ ယခုပစ္စုပ္ပန်ခေတ်၌လည်း ငါခံစားရသော ဆင်းရဲထက် ပို၍
မကျင့်နိုင့် ကြ၊ ဤမျှလောက် ဒုက္ခခံ၍ ကျင့်ပါလျက် ငါသည် တရားထူးကို မရပါတကား၊ တရားထူးကို
ရဖို့ရန် လမ်းကြောင်းမှာ တစ်မျိုးဖြစ်စရာ ရှိ၏ ဟု အကြံတော်ဖြစ်ပြီးလျှင် ခမည်းတော်၏
လယ်တော်မင်္ဂလာပြုချိန်က ပထမဈာန်ကို ရ၍ ချမ်းသာပုံကို သတိရသဖြင့် “ထိုဈာန်သည် ပင် တရားထူးရဖို့
မှန်ကန်သော အကြောင်း ဖြစ်သည်”ဟု အသိဉာဏ် ဖြစ်ပေါ်လာ၏၊ ထိုအခါ ဤမျှလောက်သော ဆင်းရဲပင်ပန်းနေသော
ခန္ဓာကိုယ်ဖြင့် ထိုဈာန်ကို ရဖို့မလွယ်ကြောင်း သိတော်မူရကား ရှေးကကဲ့သို့ ဆွမ်းအာဟာရကို
ပြန်၍ စားသောက်လေသော် မကြာမီပင် အားအင် ပြည့်တင်းလာလေသည်။