တရားကျင့်ဖို့ ဒေသ
ဘုရားအလောင်းတော်သည်
ဥဒကရသေ့ထံမှ ခွဲခွာခဲ့ပြီး နိဗ္ဗာန် တရားမြတ်ကို ရှာလျက် လှည့်လည်တော်မူလေရာ မဂဓတိုင်း
သေနာနိဂုံးသို့ ရောက်တော်မူသည်၊ ထိုနိဂုံးအနီး၌ မွေ့လျော်ပျော် ဖွယ်ကောင်းသောမြေ စိတ်ကြည်နူးဖွယ်ကောင်းသော
တောအုပ် တသွင်သွင်စီးဆင်းနေသော နေရဉ္ဇရာမြစ်၏ အလွန်ကောင်းသော ရေဆိပ်နှင့် ပတ်ဝန်းကျင်အနီးအပါး၌
ဆွမ်းခံ၍ လွယ်ကူမည့်ရွာကို တွေ့တော်မူလေရာ ထိုနေရာ၌ပင် တရားကျင့်ဖို့ရန် စိတ်ကို ပိုင်းဖြတ်
တော်မူလျက် ပဏ္ဏာသာလာ-သစ်ရွက်ကျောင်းကလေးကို စီစဉ်တော် မူပါသည်၊ [ထိုအချိန်၌ ရသေ့ ပြုနှင့်ကြသော
ပဉ္စဝဂ္ဂီ(ငါးပါးအစု)က ဘုရားအလောင်းတော်ကို ပြုစုလုပ်ကျွေးကြသည်။]
ဒုက္ကရစရိယာ ကျင့်တော်မူခြင်း
ဘုရားအလောင်းတော်သည်
အလွန်မကြာသေးသော ရက်အတွင်းက ကပ္ပိလဝတ်နေပြည်နွေရာသီစံနန်းတော်၌ အခြွေအရံ များစွာ၏ အပြုအစု
အယုအယ အဖြေအဖျော်ကို ခံယူကာ သလေး ဆန်မွှေးကိုသာ သုံးဆောင်တော်မူလျက် အသက်သာဆုံး အချမ်းသာ
ဆုံး ခံစားခဲ့လေသည်၊ ယခုအခါ တောအုပ်အလယ် သစ်ရွက်မိုး သစ် ရွက်ကာကျောင်းသင်္ခမ်းကလေးဝယ်
ရတတ်သမျှ ဆွမ်းအာဟာရဖြင့် မျှတကာ အဆင်းရဲဆုံး ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူပါတော့မည်၊
[ဒုက္ကရ-သာမန်လူတို့ မပြုနိုင် မကျင့်နိုင်လောက်အောင် ခဲယဉ်းလှသော + စရိယာ-အကျင့်၊ ထိုဒုက္ကရစရိယာကျင့်တော်မူပုံကို
မူလပဏ္ဏာသ သစ္စကသုတ် စသည်မှာ လာသည့်အတိုင်း ပြပါမည်။]
၁။ ဘုရားအလောင်းသည်
“ကောင်းသော (ကုသိုလ်)စိတ်ဖြင့် မကောင်းသော(အကုသိုလ်)စိတ်ကို နှိပ်စက်အံ့”ဟု ကြံတော်မူပြီးလျှင်
အံကြိတ်၍ တောက်ခေါက်၍ မကောင်းစိတ် မဖြစ်နိုင်အောင် စိတ်ကို နှိပ်စက်ပေး၏၊ ထိုအခါ ချိုင်းကြားမှ
ချွေးများ ယိုကျလာ၏၊
ဥပမာ- အားကောင်းသော
ယောကျာ်းတစ်ယောက်က အားနည်းသော ယောကျာ်းတစ်ယောက်ကို ဦးခေါင်းကိုင်၍ဖြစ်စေç ပခုံးကိုင်၍ဖြစ်စေ
ဖိနှိပ်သောအခါ ချိုင်းကြားမှ ချွေးယိုလာသကဲ့သို့တည်း၊ ထိုအခါ၌ လုံ့လဝီရိယလည်း အလွန်ကောင်း၏၊
သတိလည်းအလွန်စွဲမြဲ၏၊ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံးကို ထိုးဆွသကဲ့သို့
ဖြစ်နေသောကြောင့် တစ်ကိုယ်လုံး ပူရှိန်ကာ ငြိမ်းအေးမှုကို မရပါချေ၊ ထိုမျှလောက် တစ်ကိုယ်လုံး
ဒုက္ခဖြစ်နေသော်လည်း အားထုတ်လိုသော စိတ်ကား ကုန်ခန်း၍ မသွားပါ။
၂။ ဘုရားအလောင်းတော်သည်
“အပါနကဈာန်ကို ဖြစ်စေအံ့”ဟု ကြံတော်မူ၍ မလျော့သော လုံ့လဖြင့် ထွက်သက်ဝင်သက်တို့ကို
ပါးစပ် နှာခေါင်းတို့မှ မထွက် မဝင်နိုင်အောင် ချုပ်တည်းထားလေ သည်၊ အသက်မရှုမရှိုက်ဘဲ
နေခြင်းကိုပင် “အပါနကဈာန် (အရှူ အရှိုက်မရှိသောဈာန်)”ဟု ခေါ်၏၊] ထိုသို့ မရှုမရှိုက်ဘဲ
ချုပ်တည်းထား သောအခါ လေတို့သည် နားပေါက်တို့မှ ထွက်ကုန်၏၊ ထိုလေထွက် သံသည် ပန်းပဲသမားတို့၏
ဖားဖိုမှ လေထွက်သလောက်ပင် ပြင်းထန်လှ၏၊ ထိုအချိန်မှာ လုံ့လဝီရိယလည်း အလွန်အားကောင်း၏၊
သတိလည်း အလွန်စွဲမြဲ၏၊ သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံး ပူရှိန်ကာ ငြိမ်းအေးမှုကို
မရပါချေ၊ ထိုမျှလောက် တစ်ကိုယ်လုံး ဒုက္ခဖြစ်နေသော်လည်း
အားထုတ်လိုသော စိတ်ဆန္ဒကာ ကုန်ခန်း၍ မသွားပါ။
၃။ ဘုရားအလောင်းတော်သည်
“အပါနကဈာန်ကိုပင် ထပ်မံ၍ ဖြစ်စေအံ့”ဟု ကြံတော်မူ၍ မလျော့သောလုံ့လဖြင့် ထွက်သက် ဝင်သက်တို့ကို
ပါးစပ်, နှာခေါင်း, နားပေါက်တို့မှ မဝင်မထွက်နိုင်အောင် ချုပ်တည်း၍ ထားပြန်၏၊ ထိုသို့ မရှုမရှိုက်ဘဲ ချုပ်တည်း၍
ထားသောအခါ အလွန်ပြင်းထန်သော လေတို့သည် ဦးခေါင်းသို့ တက်၍ တိုးဝှေ့ကုန်၏၊ ထိုသို့ လေတို့၏
တိုးဝှေ့ပုံမှာ အားကောင်းသော ယောကျာ်းက ထက်စွာသော စူးဖြင့် ဦးထိပ်၌ မွှေနေသကဲ့သို့
ဖြစ်လေသည်၊ ထိုသို့ ဖြစ်သော်လည်း နောက်မဆုတ်ဘဲ အားထုတ်မြဲ အားထုတ်၏၊ သတိလည်း အလွန်စွဲမြဲ၏၊
သို့သော် ဆင်းရဲစွာ အားထုတ်မှုက တစ်ကိုယ်လုံး ထိုးစွသကဲသို့ ဖြစ်သောကြောင့် တစ်ကိုယ်လုံး
ပူရှိန်ကာ ခန္ဓာကိုယ်၏ ငြိမ်းအေးမှုကို မရပါချေ၊ ဤမျှလောက် ကိုယ်ဆင်းရဲမှု ဖြစ်ပါသော်လည်း
ကြိုးစားလိုသော စိတ် ဆန္ဒကား ကုန်ခန်း၍ မသွားပါ။
၎။ ဘုရားအလောင်းတော်သည်
“အပါနကဈာန်ကိုပင် ထပ်မံ၍ ဖြစ်စေအံ့”ဟု ကြံတော်မူ၍ မလျော့သောလုံ့လဖြင့် ထွက်သက် ဝင်သက်ကို
ပါးစပ်, နှာခေါင်း, နားပေါက်တို့မှ မဝင်မထွက်နိုင်အောင် ချုပ်တည်းထားပြန်၏၊ ထိုသို့
မရှုမရှိုက်ဘဲ ချုပ်တည်း၍ ထားသော အခါ အလွန်ပြင်းထန်သော ခေါင်းကိုက်ဝေဒနာတို့သည် ပေါ်လာကုန်
၏၊ ထိုခေါင်းကိုက်ဝေဒနာ၏ ပြင်းထန်ပုံမှာ အားကောင်းသော ယောကျာ်းတစ်ယောက်က သားရေကြိုးဖြင့်
ဦးခေါင်းကို ရစ်ပတ်၍ တင်းကြပ်စွာ စည်းထားသကဲ့သိုက ထင်ရလေသည်၊ ထိုသို့ ဖြစ်သော် လည်း
နောက်မဆုတ်ဘဲ အားထုတ်မြဲ အားထုတ်၏၊ သတိလည်း အလွန်ကောင်း၏၊ သို့သော် ဆင်းရဲစွာ အားထုတ်မှုက
တစ်ကိုယ်လုံး ထိုးစွသကဲ့သို့ဖြစ်သောကြောင့် တစ်ကိုယ်လုံး ပူရှိန်ကာ ခန္ဓကြိုယ်၏ ငြိမ်းအေးမှုကို
မရပါချေ၊ ဤမျှလောက် ကိုယ်ဆင်းရဲမှု ဖြစ်ပါသော်လည်း ကြိုးစားလိုသော စိတ်ဆန္ဒကား ကုန်ခန်း၍
မသွားပါ။
၅။ ဘုရားအလောင်းတော်သည်
“အပါနကဈာန်ကိုပင် ထပ်မံ၍ ဖြစ်စေအံ့”ဟု ကြံတော်မူ၍ မလျော့သော လုံ့လဖြင့် ထွက်သက် ဝင်သက်ကို
ပါးစပ်, နှာခေါင်း, နားပေါက်တို့မှ မဝင်မထွက်နိုင်အောင် ချုပ်တည်း၍ ထားပြန်၏၊ ထိုသို့
မရှုမရှိုက်ဘဲ ချုပ်တည်း၍ ထားသော အခါ အလွန်ပြင်းထန်သော လေတို့သည် ဝမ်းဗိုက်ကို ဖြတ်တောက်
သကဲ့သို့ ထိုးကျင်ကုန်၏၊ ဥပမာ-ကျွမ်းကျင်သော နွားသတ်သမားက သို့မဟုတ် နွားသတ်သမား၏ လက်ထောက်
တပည့်ကြီးက ထက်စွာ သော နွားသတ်ဓားဖြင့် ဗိုက်ကို ဖြတ်လှီးသကဲ့သို့ ကျင်နာလေသည်၊ ထိုသို့
ဖြစ်စေသော်လည်း နောက်မဆုတ်ဘဲ အားထုတ်မြဲအားထုတ်၏၊ သတိလည်း အလွန်ကောင်း၏၊ သို့သော် ဆင်းရဲစွာ
အားထုတ်မှုက တစ်ကိုယ်လုံး ထိုးစွထားသကဲ့သို့ ဖြစ်သောကြောင့် တစ်ကိုယ်လုံး ပူရှိန်ကာ
ငြိမ်းအေးမှု မရပါချေ၊ ဤမျှလောက် ခန္ဓကြိုယ် ဒုက္ခရောက် နေသော်လည်း ကြိုးစားလိုသော စိတ်ဆန္ဒကား
ကုန်ခန်း၍ မသွားပါ။
၆။ ဘုရားအလောင်းတော်သည်
“အပါနကဈာန်ကိုပင် ထပ်မံ၍ ဖြစ်စေအံ့”ဟု ကြံတော်မူ၍ မလျော့သော လုံ့လဖြင့် ထွက်သက် ဝင်သက်ကို
ပါးစပ်, နှာခေါင်း, နားပေါက်တို့မှ မဝင်မထွက်နိုင်အောင် ချုပ်တည်း၍ ထားပြန်၏၊ ထိုသို့
မရှုမရှိုက်ဘဲ ချုပ်တည်း၍ ထားသော အခါ တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် ပူလောင်လာလေသည်၊
(ဘာသာသွေး စာအုပ်မှ) ဆက်လက်ပူဇော်ပါမည်။