Thursday, May 24, 2012

မဟာဂန္ဓာရုံဆရာတော် ရေးသားတော်မူသည့် ဘာသာသွေး (၅)

ဆရာကြီးက ချီးမြောက်ပုံ

တရားပေါက်ပြီးသောအခါ ဆရာကြီးထံ သွား၍ တရား အကြောင်းပြောပြလေရာ ဆရာကြီးသည် ရုပ်အဆင်းကို မြင်စကပင် မဟာပုရိသ-ယောကျာ်းထူး ယောကျာ်းမြတ်ဟု အယူရှိခဲ့၍ ရက် အနည်းငယ်ဖြင့် မိမိသိအပ်သော တရားကို သိသောအခါ လွန်စွာ အားရလေသည်၊ ထို့ကြောင့် မိမိဂုဏ်းသား တပည့်များကိုခေါ်ပြီးလျှင် တစ်ဝက်သော အစုသည် ငါ့အထံတရားမေး၍ တစ်ဝက်သော အစုက မဟာပုရိသ(ဟောဒီ ယောကျာ်းထူး ယောကျာ်းမြတ်)အထံ တရားမေးကြပေတော့၊ 

ဤဂုဏ်းကြီးကို ငါတို့နှစ်ပါး ခေါင်းဆောင် ကြမည်ဟု ဆို၍ ဘုရားအလောင်းကို ဆရာကြီးက မိမိနှင့် တန်းတူ ထားလျက် မြောက်စားလေသည်၊ ဆရာကြီး၏ ဒကာ ဒကာမတို့သည် အလှူဒါနပြုဖို့ လာကြ၏၊ ထိုအခါလည်း ကောင်းမွန်သော အစား အသောက် အိပ်ရာနေရာများကို ဘုရားအလောင်းအား လှူစေ၍ မိမိကား အြွကင်းအကျန်များကိုသာ အလှူခံလေသည်။

ဘုရားအလောင်းတော်သည် ဤမျှလောက် အမြှောက်အစား ခံရသော်လည်း ရအပ်ပြီးသော တရားကို စဉ်းစားသောအခါ အရူပ ဗြဟ္မာဘုံသို့ ရောက်ရုံသာ ပို့ဆောင်နိုင်သော တရားဖြစ်၍ အို နာ သေရေးက လွတ်အောင် စွမ်းဆောင်နိုင်သော တရားမဟုတ်သေး ကြောင်း သိရကား ထိုဈာန်တရားမှ ငြီးငွေ့ကာ ဖဲခွာ၍ လာခဲ့လေ သည်။

 [ထို့နောက် ဥဒကရသေ့ဟု ထင်ရှားသော ဂိုဏ်းဆရာကြီး အထံ သွားပြန်၍  အလားတူ အားထုတ်ပြန်ရာ အကြိဉ္စညာယတန ဈာန်ထက်မြင့်သော နေဝသညာနာသညာယတနဈာန်ကို ရပြန်၏၊ ဥဒကဆရာကြီးက ဂိုဏ်းကြီးကိုပင် လွှဲအပ်၍ ချီးမြောက်လေသည်၊ သို့သော် ရှေးနည်းအတိုင်းပင် အားမရသေး၍ ခွဲခွာခဲ့ပြန်လေသည်။]  

မှတ်ချက်။      ။ ဘုရားအလောင်း တောထွက်ချိန်မှာ ထိုဆရာ ကြီးနှစ်ပါးသည် အထင်ရှားဆုံး ဂိုဏ်းဆရာကြီးများ ဖြစ်ကြဟန်တူ၏၊ ထို့ကြောင့် ထိုဆရာကြီးနှစ်ပါး အထံ ဘုရားအလောင်းချဉ်းကပ်တော် မူခြင်း ဖြစ်လိမ့်မည်၊ ထိုဆရာကြီးတို့ ရအပ်ပြီးသော တရားထူးများလည်း လေကီိဈာန်တရားတွင် ထိပ်တန်းအကျဆုံးဖြစ်၏၊ ထိုမျှ လောက် ထိပ်တန်းရောက်ပြီး ဆရာကြီးနှစ်ပါးသည် ဘုရားအလောင်း တော်၏အပေါ်၌ (မိမိတို့ထက် သာလွန်၍ တက်လမ်းရှိသူ ဖြစ်သောကြောင့်) ဣဿာ၊ မစ္ဆရိယ-မနာလို ဝန်တိုဖြစ်မည်ဆိုလျင် ဖြစ်စရာ ကောင်းပါပေသည်၊ 

သို့သော် ထိုသို့ မဖြစ်ဘဲ အားရဝမ်းသာ ချီးမြှောက်နိုင်ကြသည့်အတွက် ထိုဆရာကြီးနှစ်ပါး၏ စိတ်နေစိတ်ထားကို လေးစားပူဇော်မိပါသည်၊ 

[ဘုရားအလောင်း ဘုရားဖြစ်၍ တရား ဟောဖို့ စဉ်းစားတော်မူချိန်မှာ ထိုဆရာကြီးနှစ်ပါးသည် ရုပ်ခန္ဓာကိုယ် မရှိသော အရူပဗြဟ္မာဘုံသို့ ရောက်နေပြီဖြစ်၍ ဘုရားရှင်လည်း တရားဟောသောအားဖြင့် ကျေးဇူးဆပ်ခွင့် ရတော်မမူ။]

ဘာသာသွေး စာအုပ်မှ... ဆက်လက်ပူဇော်ပါမည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ