ဘဝတိုင်းမကောင်းမှုလိုက်ပုံ
ဆရာ။ ။ သူ့ အသက်သတ်မှုက စ၍ အရက်သောက်မှုအထိ အမှုတွေဟာ ကောင်းတဲ့ အမှုလား, မကောင်းတဲ့
အမှုလား။
တပည့်များ။ ။ မကောင်းတဲ့အမှုဘဲ ဆရာ။
ဆရာ။ ။ ဒီလို မကောင်းမှုတွေ လုပ်နေရင် (သတ်ကြ, လုကြ, ခိုးကြ လုပ်နေရင်)
လူတွေမှာ ချမ်းသာမလား, ဆင်းရဲမလား။
တပည့်များ။ ။ ဆင်းရဲမယ် ဆရာ။
ဆရာ။ ။ အေး, လူတွေကို ဆင်းရဲအောင်လုပ်တဲ့ အလုပ်ဟူသမျှကို “မကောင်းမှု”လို့
မှတ်ထားကြ၊ ဒီ မကောင်းမှုကိုပဲ စာထဲမှာ တော့ “အကုသိုလ်” လို့လဲ ခေါ်တယ်။
ဆရာ။ ။ အဲဒီ မကောင်းမှုဟာလေ ပြုသူကို ဒုက္ခပေးဖို့ရာ အမြဲလိုက်ပါ နေသလိုပဲ ဒီဘဝမှာ ကိုယ်က သူ့ကိုသတ်ရင်
နောက်ဘဝတွေမှာ ကိုယ်သတ်မယ့်သူ ပေါ်တတ်တယ်၊ သတ်မယ့်သူ မပေါ်ရင်လဲ လက်နက်
တစ်မျိုးမျိုးနဲ့ထိပြီး သေရတတ်တယ်၊ ဒီဘဝမှာ သူ့ကို ကန်းအောင်နှိပ်စက်ရင် နောင်ဘဝ
တစ်ခုခုမှာလဲ မျက်စိကန်းအောင် နှိပ်စက် မယ့်သူ ပေါ်လာတတ်တယ်။ ဒီလို ပေါ်မလာရင်လဲ
ရောဂါဖြစ်ပြီး ကန်းတတ်တယ်၊ ဗုဒ္ဓမြတ်စွာ ဟောတော်မူတဲ့ တရားတော်ကို ဆရာဖတ်ပြမယ်, နားထောင်ကြစမ်း။
“ပျက်စီးသောစိတ် (မကောင်းသောစိတ်)
ဖြင့် ပြောဆိုပြုလုပ် (အားထုတ်ကြံစီ) သူ၏ နောက်သို့ ဒုက္ခသည် အစဉ်လိုက်ပါနေ၏။ ဥပမာ-လှည်းဝန်ကို
ဆောင်နေသော နွား၏ နောက်သို့ လှည်းဘီး လိုက်ပါနေသကဲ့သို့တည်း”။
မနသာ စေ ပဒုဋ္ဌေန, ဘာသတိ ဝါ ကရောတိ
ဝါ၊
တတော နံ ဒုက္ခမနွေတိ, စက္ကံဝ ဝ
ဟတောပဒံ။
(ဓမ္မပဒ, ယမကဝဂ္ဂ, စက္ခုပါလထေရဝတ္ထု။)
ဆရာ။ ။ “လှည်းဝန်ဆောင်နွား၏ နောက်ကို လှည်းဘီးပါနေသလို မကောင်းမှု
ပြုသူ၏နောက်က (ဘဝတိုင်း) ဒုက္ခပါနေတယ်” ဆိုတဲ့ တရားတော်နဲ့စပ်ပြီး ဝတ္ထုတစ်ခုကို
ပြောပြမယ်, နားထောင်ကြ
စက္ခုပါလမထေရ်အကြောင်း
လွန်လေပြီးသောအခါ ဗာရဏသီပြည်၌
မျက်စိကု ဆရာတစ်ယောက်သည် မျက်စိအား နည်းနေသော မိန်းမတစ်ယောက်ကို တွေ့၍
“ပျောက်အောင် ကုပေးမည် ဆရာ့အတွက် ဘာပေးနိုင်မလဲ” ဟု မေးလေသည်၊ မိန်းကလေးသည် “ပျောက်ရင်
(ပေးစရာ မရှိ၍) ကျွန်ခံပါမည်” ဟု ပြောလေ၏၊ အလွန် မျက်စိကု ကောင်းသောဆရာသည်
ဆေးတစ်ခွက်ဖြင့်ပင် မျက်စိ လင်းလာအောင် ကုပေးလေသည်။
မိန်းမသည် ကျွန်ခံရမည်ကို
ကြောက်သောကြောင့်ဆရာလာ၍ “ဘယ်လိုနေသေးသလဲ” ဟု မေးသည့်အခါ “ရှေးတုန်းက
နည်းနည်းကိုက်ပြီး ယခုတော့ သာကိုက်တယ်” ဟု လိမ်၍ ပြောလေသည်၊ ဆရာသည်လိမ်၍
ပြောမှန်းသိသောကြောင့် ဆေးတစ်မျိုး ဖော်စပ်ပေးလေရာ မိန်းမ၏ မျက်စိသည် တစ်ခါတည်း
ကန်းသွားလေတော့၏။
ထိုကဲသို့ မကောင်းသောစိတ်ဖြင့်
မျက်စိကန်းအောင် ဆေးပေးခဲ့သောဆရာသည် ငါတို့ ဘုရား လက်ထက်တော်တွင် “စက္ခုပါလ”မည်သော
ရဟန်းတော်တစ်ပါးဖြစ်လာ ခြောက်ကျိပ်သော ရဟန်းများနှင့် တောရွာတစ်ခု၌
တရားအားထုတ်နေစဉ် မျက်စိနာသော ရောဂါ စွဲကပ်ပါသော်လည်း နောက်မဆုတ်ဘဲ အားထုတ်မြဲ
အားထုတ်လေရာ ရဟန္တာလည်း ဖြစ်၍ မျက်စိလည်း ကွယ်ရှာလေတော့သည်။ (ဓမ္မပဒ အဋ္ဌကထာ, ယမကဝဂ္ဂ, စက္ခုပါလဝတ္ထု။)
ဆရာ။ ။ဒီဝတ္ထု၌ ရှေးဘဝက မိန်းမကို ကန်းအောင်လုပ်ခဲ့တဲ့ မကောင်းမှုဟာ အခွင့်သာရင်
ဒုက္ခ ပေးဖို့ ဘဝတိုင်း လိုက်ပါနေတော့သည်။
အခွင့်သာတဲ့ ဘဝမှာ ရဟန္တာဖြစ်ပါလျက်
မျက်စိကန်းအောင် ဒုက္ခပေးတယ်ကွဲ့ ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာက “ကိုယ်ဆင်းရဲမှာ
ကြောက်ရင် သူများကို ဒုက္ခရောက်အောင် မလုပ်ကြနဲ့” လို့ တားမြစ်တော်မူတာပဲ၊ ဘယ်နေရာမဆို
သူများဆင်းရဲအောင် မလုပ်ကြနဲ့နော်။
တပည့်များ။ ။ ဟုတ်ကဲ့ဆရာ။
မကောင်းတာကို
ကောင်းတာနှင့်နိုင်ခြင်း
ဆရာ။ ။ စက္ခုပါလ မထေရ်ဝတ္ထုမှာ မျက်စိကုဆရာနဲ့ မျက်စိနာ မိန်းမတို့တွင် ဘယ်သူက
စပြီး မကောင်းသလဲကွဲ့။
တပည့်များ။ ။ မိန်းမက စပြီး လိမ်လို့ မိန်းမကစပြီး မကောင်းတယ်။
ဆရာ။ ။ မိန်းမက စပြီး မကောင်းတော့ ဆေးဆရာကကော ကောင်းသလားကွဲ့။
တပည့်များ။ ။ ဆေးဆရာကလဲ နောက်တော့ (မျက်စိကန်းသွားအောင်
လုပ်လို့) မကောင်းတော့ဘူး ဆရာ။
ဆရာ။ ။ အဲဒီလို မကောင်းတော့ ဆေးဆရာမှာကောင်းတဲ့အကျိုး ရသေးရဲ့လား, ဘယ်ဘဝမှာ
ဘာဖြစ်ရသလဲ။
တပည့်များ။ ။ ကောင်းတဲ့အကျိုး
မရတော့ဘူး ဆရာ၊ စက္ခုပါလမထေရ်ဘဝမှာ မျက်စိကန်းရတယ်။
ဆရာ။ ။ မှတ်ထားကြ ၊ မကောင်းတဲ့ သူကိုမကောင်းတဲ့နည်းနဲ့ ပြန်ပြီး လက်စား ချေလို့တော့
နောက်တစ်နေ့မှာ ကိုယ်လဲမကောင်းဒုက္ခ ရဦးမှာပဲ၊ သည်တော့မကောင်းတဲ့သူကို
ကောင်းတဲ့နည်းနဲ့အနိုင်ယူရမယ်ကွဲ့၊ ဇာတ်တော်မှာပါတဲ့ တရားတော်လေးပုဒ်ဟာ အလွန်
မှတ်စရာကောင်းတယ်၊ ဆရာ ဖတ်ပြမယ်။
၁။ စိတ်ဆိုးနေသူကို မိမိကပြန်၍
စိတ်မဆိုးခြင်းဖြင့် အနိုင်ယူရမည်။
၂။ လူကောင်းမဟုတ် (လူယုတ်မာ) ကို
မိမိက လူကောင်းလုပ်၍ အနိုင်ယူရမည်။
၃။ နှမြောတွန့်တိုသူကို
ပေးကမ်းခြင်းဖြင့် အနှိုင်ယူရမည်။
၎။ လိမ်ညာသူကို
အမှန်စကားပြောကြားခြင်းဖြင့် အနှိုင်ယူရမည်။
တိရစ္ဆာန်ကို
ဖြစ်စေ ချမ်းသာစေချင်တဲ့စိတ်နဲ့ ထမင်းကျွေးရင်လဲ ဒီအကျိုးများ ထိုက်တန် သလောက်
ရနိုင်တယ်ကွဲ့။ [အောက်ပါသံပေါက်ကိုချပေး, ညီတူလိုက်ဆိုစေ။]
"သက်ရှည်-ဆင်းလှ,
ချမ်းသာရ, ဗလ-ဥာဏ်ပညာ။
ဆွမ်းလှူရသောအကျိုး။
ဤငါးမျိုး, တန်ဖိုးကြီးလှစွာ”