Monday, September 9, 2013

သာသနာလင်္ကာရ တတိယဆင့် ဓမ္မပဒပို့ချချက်


သာသနာလင်္ကာရ တတိယဆင့်စာမေးပွဲအရှင်မြတ်များ
သာမဏေကျော်စာချဘုန်းတော်ကြီးများအတွက်
ဓမ္မပဒပို့ချချက် (တတိယဆင့်) အတွက်
တင်ပြပေးလိုက်ပါသည်။

အောက်ဖော်ပြပါ မှတ်ချက်ကလေးများမှာ
စာပေသုတေသီတို့အတွက် အထူးမှတ်သားဖွယ်ဖြစ်သည်။

       သရဏဂုမ်သည် လောကီ, လောကုတ္တရာ ဟု နှစ်မျိုးရှိ၏၊ 
ထိုတွင် လောကီသရဏဂုမ်သည် ရတနာသုံးပါး၏ ဂုဏ်တော်တို့ကို အာရုံ ပြု၏၊
 လောကီသရဏဂုမ်၌ ယုံကြည်မှုသည် ပဓာနဖြစ်၏၊ တစ်ချို့မှာ ဉာဏ်ပါသော်လည်း ဉာဏ်သည် သဒ္ဓါ၏နောက်လိုက်တည်း၊ လောကုတ္တရာသရဏဂုမ်သည် နိဗ္ဗာန်ကို အာရုံပြု၏၊ 
သစ္စာလေးပါးကို သိခြင်းသည်ပင် လောကုတ္တရာသရဏဂုမ် ဖြစ်တော့၏။(နှာ-၅၇)

စတုသစ္စာဓိဂမော ဧ၀ လောကုတ္တရသရဏဂမနန်္တိ ၀ိညာယတိ။
 တံ အတ္ထတာ ဗုဒ္ဓါဒီသု ၀တ္ထူသု သဒ္ဓါပဋိလာဘော(ဉာဝိပ် သရဏ       ဂုမ်ကိုပြ၏)၊ သဒ္ဓါမူလိကာ စ သမ္မာဒိဋ္ဌိ (ဉာသမ် သရဏဂုမ်ကို ပြ၏)၊         ဒသသု ပုညကိရိယ၀တ္ထူသု ဒိဋ္ဌိဇုကမ္မန်္တိ ၀ုစ္စတိ။
        ထို သဒ္ဓါပဋိလာဘ (ဉာဝိပ်) သမ္မာဒိဋ္ဌိ(ဉာသမ်) နှစ်မျိုးလုံးကိုပင်         ပုညကိရိယ၀တ္ထု ဆယ်ပါးတွင် “ဒိဋ္ဌိဇုကမ္မပုညကြိယ၀တ္ထု”ဟု ခေါ်ရသည်။ 
ဤစကားအစဉ်အရ သဒ္ဓါကိုလည်း ““ဒိဋ္ဌိဇုကမ္မ”” ဟု ခေါ်နိုင်ကြောင်း ထင်ရှားပေသည်၊
 ရှေးဦးစွာ သဒ္ဓါဖြစ်ပြီးမှ ထိုသဒ်္ဓါက ဉဏ်ကို ဖြောင့်မတ်အောင် ပြုသည် ဟူလို။ (နှာ-၅၈)

ဒေါင်းလိုသူများ

ဒီနေရာမှာ နှိပ်ပြီး   ဒေါင်းယူနိုင်ပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ