Monday, September 9, 2013

ပါမောက္ခချုပ် တာဝန်မှ နှုတ်ထွက်ခွင့်တောင်းပြီး နှုတ်ထွက်ခဲ့ရခြင်း အကြောင်းအရင်း သြ၀ါဒကထာ မိန့်ကြားချက်


“ သဗ္ဗံ ပရ၀သံ ဒုက္ခံ၊ သဗ္ဗံ ဣဿရိယံ သုခံ။
သာဓာရဏေ ၀ိဟညန္တိ၊ ယောဂါ ဟိ ဒုရတိက္ကမာ”

 ၁။ သူတစ်ပါးအလို လိုက်ရမှု မှန်သမျှ အလုံးစုံသည် ကိုယ်စိတ်နှစ်ပါး ဆင်းရဲ၏။
၂။ မိမိအလိုအတိုင်း အစိုးတရ ဖြစ်ရမှု အလုံးစုံသည် ကိုယ်စိတ်နှစ်ပါး ချမ်းသာ၏။
၃။ မှန်၏- ယောဂလေးပါးမှ (၀ါ) လောဘ ဒိဋ္ဌိ မောဟမှ လွန်မြောက်နိုင်ခဲသောကြောင့် သတ္တ၀ါတို့သည် တဦးနှင့်တဦး ဆက်ဆံရာ၌ အနိုင်ကျင့် ညှင်းဆဲတတ်ကုန်၏ ဟု ဆိုလိုခြင်းဖြစ်သည်။
ယင်း ဥဒါန်းစကားတော်ကို ဦးထိပ်ပန်ဆင်ကာ
“ ဒိဋ္ဌမေ၀ သုတတော ဗလ၀တရံ ” မျက်မြင်ကိုယ်တွေ့သည်သာလျှင် နားနှင့်ကြားရခြင်းထက် ပိုလွန်အားကောင်း၏”ဟု အဋ္ဌကထာ ဆိုစကားရှိသည့်အတိုင်း စီမံလုပ်ကိုင် ဆောင်ရွက်ချက်များကို ကိုယ်တိုင်မျက်မြင် တွေ့ရှိချက်ဖြင့်သာ သုံးသပ်ရပါမည်၊


မနာလိုဝန်တိုစိတ်ဖြင့် ပြောစကားများကို၎င်း၊ တွေ့ကရာ တိုင်စာများကို၎င်း၊ ပမာဏထား မယုံကြည်ထိုက်။
လစဉ်ပုံမှန် လပတ် အစည်းအဝေးများကို ပြုလုပ်ခဲ့ပြီး ဌာနချုပ်သို့ လစဉ်တင်ပြခဲ့သည်များကို ချောင်ထိုးထားပြီး “ ဘာအစည်းအဝေးမှ မလုပ် ထင်သလို အုပ်ချုပ်နေသည်” ဆိုသော စကားများကို၎င်း၊ တွေ့ကရာ တိုင်စာများကို၎င်း၊ ပမာဏထားတတ်သော နိသမ္မကာရီညာဏ် ရှေ့သွားကင်းသော မည်သည့်အဖွဲ့အစည်းများ လက်အောက်၌ မည်သည့်အခါ မည်သည့်တာဝန်ကိုမျှ ယူမည်မဟုတ်ကြောင်းကို ဥပဋ္ဌာကအဖွဲ့ဝင်တို့အား ပြောကြားခဲ့ပေသည်။

ဆရာတော်ကြီးကိုယ်တိုင်ရေး ၀ဇီရဇယန္တီစိန်ရတု ဒါနမင်္ဂလာမှ
===================================

 မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီး သြ၀ါဒါစရိယ၊ သာသနာတော်လုံးဆိုင်ရာ ဗုဒ္ဓဘာသာ 
ဗဟိုအဖွဲ့ကြီး သြ၀ါဒါစရိယ မန္တလေး သာသနာ့တက္ကသိုလ် ပါမောက္ခချုပ် (ဟောင်း)
တောင်ပြင်ထီးလင်းတိုက်ကြီး၏ ပဓာနနာယက တိုက်အုပ်ဆရာတော်၊ ချမ်းမြသာစည်မြို့နယ် သြ၀ါဒါစရိယ၊ မဟာမုနိဂေါပကအဖွဲ့ သြ၀ါဒါစရိယ၊
ဘဒ္ဒန္တဇောတိကာဘိဝံသ ( ပါဠိပါရဂူ၊ သိရီပ၀ရဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ၊ သက္ကတ၊ ပါကဋ. ပါဠိ. ဟိန္ဒီ . အင်္ဂလိပ်. ဥတ္တရမဓျမ. ဆန်းစကရစ် ယူနီဗာစီတီ. ဗာရာဏသီ အိန္ဒိယ)

Kusala Myanmar facebook မှ ဝေငှပါသည်
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ