သာသနာ့သမိုင်းတွင်"သင်္ဂါယနာ"(၆)ကြိမ်တင်ပြီးခဲ့သည်ကိုဗုဒ္ဓဘာသာဝင်တိုင်းသိကြပြီးဖြစ်ပါလိမ့်မည်။"မင်းတုန်းဘုရင်"
လက်ထက်"ပဉ္စမသင်္ဂါယနာ"တင်သောအခါ ကျောက်စာများထွင်းထုပူဇော်ထားသဖြင့်ယနေ့တိုင်လေ့လာတွေ့ရှိနိုင်ပါသည်။
ယင်းကျောက်စာများတွင်"ပေဋကောပဒေသကျမ်း"ကိုထွင်းထုထားသောကျောက်စာလည်းပါရှိပါသည်။
"ဆဋ္ဌသင်္ဂါယနာ"တင်သာအခါ "ပေဋကောပဒေသကျမ်း" နှင့်ပတ်သက်၍ပြဿနာပေါ်ခဲ့ပါသည်။"ပေဋကောပဒေသကျမ်း"လက်ထက်"ပဉ္စမသင်္ဂါယနာ"တင်သောအခါ ကျောက်စာများထွင်းထုပူဇော်ထားသဖြင့်ယနေ့တိုင်လေ့လာတွေ့ရှိနိုင်ပါသည်။
ယင်းကျောက်စာများတွင်"ပေဋကောပဒေသကျမ်း"ကိုထွင်းထုထားသောကျောက်စာလည်းပါရှိပါသည်။
ကို "သင်္ဂါယနာ တင်သင့်၊မတင်သင့်"ဟူသောပြဿနာဖြစ်သည်။ယင်းပြဿနာနှင့်ပတ်သက်၍မိမိတို့နှစ်သက်သဘောကျ
သလို စာတင်သွင်းစေခဲ့သည်ဟု ဆိုပါသည်။
"ပေဋကောပဒေသကျမ်း"ကို"သံင်္ဂါယနာမတင်သင့်ကြောင်း" တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး"မှအဆိုတင်သွင်း
ခဲ့သည်။မော်လမြိုင်မြို့၊အဂ္ဂမဟာပဏ္ဍိတ ဆရာတော်တစ်ပါးကလည်း အလားတူတင်သွင်းခဲ့သည်ဟု သိရသည်။
"တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး"သည်"ဆဋ္ဌသံင်္ဂါယနာ"တင်ချိန်ကသက်တော်(၄၀)ကျော်ဆရာတော်ငယ်
တစ်ပါးသာ ဖြစ်ပါဦးမည်။
"ထေရ်ကြီး၊၀ါကြီး"ဆရာတော်ကြီးများသည်"ပေဋကောပဒေသကျမ်း"ကို"သံင်္ဂါယနာ"တင်လိုကြောင်းဆန္ဒရှိနေကြသည်။
ဆရာတော်ကြီးများ၏အယူအဆမှာ"ပေဋကောပဒေသကျမ်း"ကို"ပဉ္စမသင်္ဂါယနာ"တင်မထေရ်တို့က"သံင်္ဂါယနာ"တင်တော်မူခဲ့သောကြောင့် ယခုလည်း တင်သင့်သည်ဟု ယူဆတော်မူကြခြင်းဖြစ်ပါသည်။
"ပေဋကောပဒေသကျမ်း"ကို "သင်္ဂါယနာ တင်သင့်၊မတင်သင့်" ဟူသောပြဿနာသည် ယင်းကျမ်းကို"ပဉ္စမသင်္ဂါယနာ တင်ခဲ့သည်၊မတင် ခဲ့သည်"ဟူသော အချက်ပေါ်တွင် မူတည်နေတော့၏။ထို့ကြောင့် "ပေဋကောပဒေသကျမ်း"ကိုသံင်္ဂါယ
နာ တင်မတင် ဆွေးနွေးကြရာတွင်"သံင်္ဂါယနာတင်ခဲ့သည်" ဟူသော ဘက်က အားသာ သွားသည်။အဘယ်ကြောင့်ဆို
သော်-"ထေရ်ကြီး၊၀ါကြီး ဆရာတော်ကြီးများ"တို့က"သံင်္ဂါယနတင်ခဲ့သည်"ဘက် မှ ရပ်တည် ခဲ့သောကြောင့်ဖြစ်သည်။
"မင်းတုန်းမင်းကြီး"၏ကျောက်စာတွင်ထို ကျမ်း ကိုတွေ့ရသည်မှာ"ပဉ္စမသံင်္ဂါယနာ"တင်ခဲ့လို့သာ ဟု ဆရာတော်ကြီးများက
ယူဆတော်မူသည်။
ဆရာတော်ကြီးများ၏ အယူအဆ မှန်သည်ဖြစ်စေ၊မမှန်သည်ဖြစ်စေ၊ "ရိုးသားစွာယူဆတော်မူခြင်း"ဖြစ်သည်ဟုမြင်နိုင်၏။
ထို့ပြင်-ရှေးဆရာတော်ကြီးများ၏ ပညာဂုဏ်ကိုအထူးလေးစားသောအားဖြင့် ယင်းသို့ဆုံးဖြတ်တော်မူကြသည်ဟုလည်းဆို
နိုင်ပါပေမည်။
"တိပိဋက မင်းကွန်းဆရာတော်ဘုရားကြီး"၏တင်ပြချက်မှာ-
"ပေဋကောပဒေသကျမ်း ကို ပဉ္စမသံင်္ဂါယနာ တင်ခဲ့ခြင်း မဟုတ်၊စာမူ မပျောက်ပျက်အောင် ကျောက်ထက် အက္ခရာတင်ခဲ့
ခြင်းသာဖြစ်သည်၊ထိုကျမ်းကိုသံင်္ဂါယနာတင်ခဲ့သည်ဆိုပါကသံင်္ဂါယနာတင်ဆရာတော်ကြီးများကိုစော်ကားရာကျပါသည်။ထို့ကြောင့်"ပဋေကောပဒေသကျမ်း"ကိုသံင်္ဂါယနာမတင်ခဲ့ကြပါ"ဟူ၍ဖြစ်၏။
ဤသည်မှာ"တိပိဋကဓရမင်းကွန်းဆရာတော်ကြီး"၏အကြောင်းပြချက် ဖြစ်သည်။
"တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး"မှာ အထောက်အထားမရှိသော်လည်း ခိုင်မာ လှပါသည်။သို့သော်-အခြေအတင် ဆွေးနွေးပြီးနောက် "ပဋကောပဒေသကျမ်း"ကို "ဆဋ္ဌသံင်္ဂါယနာ" တင်ရန် ဆုံးဖြတ်တော် မူခဲ့ပါသည်။
"တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး"၏ အဆို မှာ မအောင်မြင်ဘဲ အစည်းအဝေးပြီးဆုံးသွားခဲ့ပါသည်။
အစည်းအဝေးပြီး၍ ထွက်လာစဉ် ဆရာတော်ကြီးတစ်ပါးက"တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး"ကိုခေါ်၍-
"ကိုယ်တော်လေး အဆိုတော့ မအောင်မြင်ဘူး ဖြစ်သွားတယ်"ဟု မိန့်တော်မူပါသည်။
ထို အခါ "တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး" က-
"တပည့်တော် အဆို ဟာ အရင်း မဆုံးသော အဆို ဖြစ်ပါတယ် ဘုရား"ဟု ပြန်လည်လျှောက်ထားလိုက်ပါသည်။
ထို့နောက် ဆက်လက်၍-
"ဆရာတော်ဘုရား-ပေဋကောပဒေသကျမ်း ကို အစ/အဆုံး ဖတ်၍ လေ့လာ ဖူးပါသလား ဘုရား"ဟုလျှောက်ထားရာ-
ထို ဆရာတော်ကြီး က-
"ငါ လဲ မဖတ်ဖူးပါဘူး ကွာ၊ ကျောက်စာမှာတွေ့ရတယ်ဆိုလို့ သံင်္ဂါယနာ တင်သင့်တယ်လို့ ယူဆ လိုက်တာပဲ"ဟု ပြန်လည်
မိန့်ကြားခဲ့သည်။
"တိပိဋကဓရ မင်းကွန်းဆရာတော်ကြီး"၏ တင်ပြချက် အဆို သည် "မစူးစမ်း၊မဆင်ခြင်ဘဲ တင်ပြ အဆိုပြုခဲ့ခြင်းမဟုတ်"ဆို
သည်မှာ ပေါ်လွင်လှပါသည်။
"အဖွဲ့အစည်း"ဖြင့်ဆောင်ရွက်ရသောကိစ္စများ၌ "အဖွဲ့အစည်း၏ဆုံးဖြတ်ချက်(အများဆန္ဒသာ)"လိုက်နာကြရပေသည်။
မိမိက"အတွေ့အကြုံနှင့်တကွဉာဏ်၊၀ီရိယစိုက်ထုတ်တင်ပြသောအဆို"ကို"အများကသဘောမတူ"၍"အောင်မြင်မှုမရ"
လျှင်စိတ်မကောင်းမဖြစ်သင့်ဘဲ "အဖွဲ့အစည်းဖြင့်ဆောင်ရွက်ရသည့်သဘောဖြစ်သည်" ဟုသာ နှလုံးပိုက်သင့်ပါသည်။
အဆိုတင်ပြသူက "စိတ်ကောင်း၊စေတနာကောင်းဖြင့် ဉာဏ်၊၀ီရိယ စိုက်ထုတ်ကာကောင်းမြတ်သောအဆိုကိုတင်ပြနိုင်ခြင်း
အတွက် တာဝန်ကျေသည်" ဟု မှတ်ပိုက်လျှက် ၀မ်းမြောက်ရန်နေလိုက်ပါဟု တင်ပြလိုက်ပါသည်။
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ည.ည.တ)
nyinyitindrums@gmail.com
(09-445108754)