Thursday, March 14, 2013
လူနာလိုသဘောထားလို့ တရားဟောရမည်
လောကမှာ လူမမာ သုံးမျိုးရှိကြောင်း ဘုရားရှင် ဟောပြတော်မူထားပါတယ်။
၁။ တစ်ချို့ လူမမာတွေက သင့်တော်တဲ့ အစားအသောက် သင့်တော်တဲ့ ဆေးဝါးဓာတ်စာနဲ့ သင့်တော်တဲ့ ပြုစုလုပ်ကျွေးသူ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရောဂါမပျောက်ကင်းနိုင်တဲ့ လူမမာ တစ်မျိုး
၂။ တစ်ချို့ လူမမာတွေကျတော့ သင့်တော်တဲ့ အစားအသောက် သင့်တော်တဲ့ ဆေးဝါးဓာတ်စာနဲ့ သင့်တော်တဲ့ ပြုစုလုပ်ကျွေးသူ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ရောဂါပျာက်ကင်းပြီး ကျန်းမာလာနိုင်တဲ့ လူမမာ တစ်မျိုး။
၃။ တစ်ချို့ လူမမာတွေကျပြန်တော့ သင့်တော်တဲ့ အစားအသောက် သင့်တော်တဲ့ ဆေးဝါးဓာတ်စာနဲ့ သင့်တော်တဲ့ ပြုစုလုပ်ကျွေးသူ ရမှသာလျှင် ရောဂါပျာက်ကင်းနိုင်ပြီး မရလျှင် မပြောက်ကင်းနိုင်တဲ့ လူမမာကတစ်မျိုး ဆိုပြီး သုံးမျိုး ညွှန်ပြတော်မူပါတယ်။
ဒီတတိယ လူမမကို အကြောင်းပြုပြီး အခြားသော လူမမာတွေကိုလည်း ပြုစုရ လုပ်ကျွေးရ ကုသရတော့တာပါပဲ။
ဒီလူမမာ သုံးမျိုးရှိသလို ပုဂ္ဂိုလ်လည်း အုပ်စုခွဲရင် သုံးမျိုးရှိပါတယ်တဲ့။
၁။ တစ်ချို့ပုဂ္ဂိုလ်က မြတ်စွာဘုရားကို ဖူးမြင်ခွင့်နဲ့ မြတ်စွာဘုရာ ဟောကြားထားတဲ့ တရာတော်တွေကို နားကြားခွင့် ရသည်ဖြစ်စေ မရသည်ဖြစ်စေ အရိယာမဂ်ဆိုတဲ့ မဖောက်မပြန် မှန်ကန်တဲ့ သဘောရှိတဲ့ တရားတော်သို့ မတက်ရောက်နိုင်မည့်ပုဂ္ဂိုလ်တစ်မျိုး
၂။ တစ်ချို့ပုဂ္ဂိုလ်က မြတ်စွာဘုရားကို ဖူးမြင်ခွင့်နဲ့ မြတ်စွာဘုရာ ဟောကြားထားတဲ့ တရာတော်တွေကို နားကြားခွင့် ရသည်ဖြစ်စေ မရသည်ဖြစ်စေ အရိယာမဂ်ဆိုတဲ့ မဖောက်မပြန် မှန်ကန်တဲ့ သဘောရှိတဲ့ တရားတော်သို့ တက်ရောက်နိုင်မည့်ပုဂ္ဂိုလ်တစ်မျိုး
၃။ တစ်ချို့ပုဂ္ဂိုလ်က မြတ်စွာဘုရားကို ဖူးမြင်ခွင့်ရမှ၊့  မြတ်စွာဘုရာ ဟောကြားထားတဲ့ တရာတော်တွေကို နားကြားခွင့်ရမှသာလျှင် အရိယာမဂ်ဆိုတဲ့ မဖောက်မပြန် မှန်ကန်တဲ့ သဘောရှိတဲ့ တရားတော်သို့ တက်ရောက်နိုင်မည့်ပုဂ္ဂိုလ်တစ်မျိုး ဆိုပြီး ပုဂ္ဂိုလ်သုံးမျိုးရှိတယ်
ဒီတတိယပုဂ္ဂိုလ်ကို အကြောင်းပြုပြီး တစ်ပါးသူတွေကိုလည်း တရားဟောထိုက်တယ်လို့ မြတ်ဗုဒ္ဓညွှန်ပြတော်မူပါတယ်။
ဒီပုဂ္ဂိုလ် သုံးမျိုးထဲ ပထမပုဂ္ဂိုလ်က ပဒပရမ ပုဂ္ဂိုလ်ကို ရည်ရွယ်တော်မူတာပါ၊ ဒုတိယပုဂ္ဂိုလ်နဲ့ ဥဂ္ဃတညူ ၊ တတိယပုဂ္ဂိုလ်က ဝိပဉ္စိတညူပုဂ္ဂိုလ်ကို ရည်ရွယ်တော်မူတာပါ၊ နေယျပုဂ္ဂိုလ်ကိုလည်း တတိယပုဂ္ဂိုလ်ထဲမှာ အကျုံးဝင်တယ်လို့ အဋ္ဌကထာဆရာက ဖွင့်ပြပါတယ်။
ပဒပရမပုဂ္ဂိုလ်ဆိုတာ-အကြိမ်များစွာ နာကြား၊ ရွတ်ဆိုပေမယ့် အကြိမ်များစွာ ဆောင်ရွက် ပို့ချပေမယ့် အဲဒီဘဝမှာ မဂ်ဖိုလ်မရတဲ့ပုဂ္ဂိုလ်ကိုပြောတာပါ။
အကျဉ်းဟောရုံနဲ့ မဂ်ဖိုလ်ရတဲ့ ပုဂ္ဂိုလ်မျိုးကိုတော့ ဥဂ္ဃတညူပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။
အကျဉ်းမက အကျယ်ဟောပြရုံနဲ့ မဂ်ဖိုလ်ရသူမျိုးကိုတော့ ဝိပဉ္စိတညူပုဂ္ဂိုလ်လို့ခေါ်ပါတယ်။
မိတ်ဆွေကောင်းမှီဝဲဆည်းကပ်ပြီး ပါဠိတော်တွေသင်ယူ အဋ္ဌကထာတွေသင်ယူစသဖြင့် အစဉ်အတိုင်း အားထုတ်လို့ မဂ်ဖိုလ်တရားထူး ရရှိမည့်ပုဂ္ဂိုလ်မျိုးကို နေယျပုဂ္ဂိုလ်လို့ ခေါ်ပါတယ်။
ဒီနေရာမှာ အထူးပြောစရာက ပဒပရမပုဂ္ဂိုလ်ကို တရားဟောလို့ ဒီဘဝဒီခန္ဓာနဲ့ တရားကို ထိုးထွင်းသိဖို့ မစွမ်းနိုင်ပါဘူး၊ သို့သော်လည်း နောင်အနာဂတ်ဘဝမှာ အထောက်အပံ့ဖြစ်စေဖို့ပါ။ တကယ်တော့ ဒီပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားရှင်ရဲ့ အဆင်းတော်ကို ဖူးမြင်ခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ တရားတော်ကို နာရသည်ဖြစ်စေ မနာရသည်ဖြစ်စေ တရားတော်ကို ထိုးထွင်းသိမှာတော့ မဟုတ်ပါဘူး၊ မရရင် ပိုပြီး ထိုးထွင်းသိနိုင်မှာ မဟုတ်ပါဘူးတဲ့၊ ဘုရားဖူးခွင့် တရားနာခွင့်လေး ရလိုက်တော့ကား နောက်နောင်မှာ လျင်မြန်စွာ ထိုးထွင်းသိနိုင်ခွင့်တွေ ရရှိသွာျးနိုင်ပါတယ်၊ ဒါကြောင့် ဒီပုဂ္ဂိုလ်ကိုလည်း တရားဟောဖို့ မိန့်တော်မူတာပါ။
***အင်္ဂုတ္တိုရ် ဂိလာနသုတ် ပါဠိတော် အဋ္ဌကထာကို ကိုးကားသည်။
Labels:
ဆောင်းပါးရနံ့
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ