Monday, February 4, 2013
" လှူတတ်စေချင်သည် "
ကြောက်ရွံ့ ကြွားလို၊ ထင်ပေါ်လို၊ နောင်ကို တောင်းတမလှူရ။
တစ်ပါးနှိမ့်ချ၊ စိတ်မပါက၊ မကောင်းလှ၍၊ မလှူရ။
မိမိအလှူ၊ မကြည်ဖြူ၊ ငြူစူစောင်းရွဲ့၊ မလှူနဲ့။
ရိုသေကင်းလျှက်၊ မာနတက်၊ တစ်ဖက်ရှက်အောင် မလှူနဲ့။
မသန့်ငွေကြေး၊ အလှူပေး၊ နောင်ရေးကောင်းအောင် မလုပ်နဲ့။
သူနဲ့ရင်ဆိုင်၊ ငါကနိုင်၊ အပြိုင်အဆိုင်၊ မလှူနဲ့။
ဝဋ်ကင်းပြတ်ရာ၊ နိဗ္ဗာန်သာလျှင်၊ မှန်စွာမုချ၊ ရလိုရ၍၊
ထိုမှတစ်ပါး၊ အများသူငါ၊ ၀မ်းပန်းသာသော၊ မဟာဒါန၊
ဝိ၀ဋ္ဋသာ၊ ချမ်းသာစေကြောင်း၊ "လှူလျှင်ကောင်းသည်"
စိတ်ဟောင်းဖျက်၍ ... မှတ်ပါချိမ့် ... ။
♣ facebook မှ ကူးယူခဲ့ပါသည်။
Labels:
ကဗျာ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ