Saturday, February 2, 2013

ဘဝမှာ အောင်မြင်ပြီး ပျော်ရွှင်စိတ်ချမ်းဖို့အတွက် (၁)


ဘဝမှာ အောင်မြင်ပြီး ပျော်ရွှင်စိတ်ချမ်းဖို့အတွက် ကြိုးစားနေတဲ့ လူသားတစ်ယောက်ဆိုရင် “ဣဿာ” မထားဖို့ ပြောပါရစေ….


ဣဿာဆိုတာ ငြူစူခြင်း၊ မနာလိုဖြစ်ခြင်း သဘောဖြစ်ပါတယ်။
ကျွန်တော်တို့ လောကလူသားတွေဟာ ကိုယ့်ထက်သာလျှင် မနာလိုတက်ကြတယ်။ ငြူစူမှုတွေနဲ့ သူငယ်ချင်းအချင်းချင်း၊ စီးပွားဘက်အချင်းချင်းလည်း စကားလေးတောင် မဟနိုင်တော့ဘူး။ “ကိုယ့်ထက်သာ မနာလို၊ အကြံတူ ရန်သူ၊ အလုပ်တူ ငြူစူ” ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ နေရာတိုင်း၊ အရပ်တိုင်းက ဘယ်နေရာမှာမဆို ကိုယ့်ထက်သာသူကို မနာလို၊ ငြူစူပြီး ရန်သူလိုဆက်ဆံနေကြတော့တယ်။



ဣဿာများဝင်လာပြီဆို အောင်မြင်ကြီးပွားနေတဲ့ လူတစ်ယောက်ကို အကောင်းပြောဖို့နေနေသာသာ ပုတ်ခတ်မှုတွေနဲ့ congratulations - လဲမလုပ်နိုင် မနာလိုမှု(Jealousy)တွေနဲ့ မရှု့စိမ့်နိုင်ဖြစ်နေကြတော့တယ်။ တကယ်ဆို သူတစ်ပါးကို မနာလိုဖြစ်တာဟာ ဘာမှမစားရဘဲနဲ့ အလကားနေရင်း အကုသိုလ်ပွားနေတာပါပဲ။ မိမိရဲ့ ဣဿာဖြစ်မှုကြောင့် တစ်ဖက်လူမှာ အကျိုးမယုတ်ပဲ မိမိမှာသာ ပူလောင်ဆင်းရဲမှုကို ခံရစေတာပါ။ စိတ်ယုတ်၊ စိတ်ပုတ်တွေနဲ့ စိတ်မှာလည်း မအေးချမ်းနိုင်တော့ဘူး။ ဣဿာဖြစ်တတ်သူရဲ့ လမ်းဟာလည်း ကောင်းသောအနာဂါတ်လမ်းတော့ ဖြစ်နိုင်မှာ မဟုတ်တော့ပါဘူး။


ကျွန်တော်တို့ဘဝအတွက် အကြောင်းမကောင်းတဲ့ ဒီဣဿာကို ဘဝတစ်သက်တာပယ်ဖို့ အသင့်ဆုံးပါပဲ။ ဣဿာထားမယ့်အစား မုဒိတာသာ ပွားနိုင်ကြမယ်ဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲ။ သူများချမ်းသာကြီးပွားတာ ဝမ်းတောင်သာတတ်တယ်ဆိုရင် နတ်ရွာသုဂတိလည်း ရောက်နိုင်သလို အခြွေအရံလည်း ပေါများနိုင်တယ်လို့ မြတ်ဗုဒ္ဓကဆိုထားတာမို့ မေတ္တာသာပွားနိုင်ရင် လှပတဲ့ဘဝလေးကို ရနိုင်ပါတယ်။


ဒီဣဿာစိတ်ဟာ ဘဝအောင်မြင်ရေးကို တားဆီးစေတတ်တဲ့ အရာတစ်ခုလည်း ဖြစ်တယ်လို့ ပြောပါရစေ။ ရိုးသားကြိုးစားမယ်ဆိုတဲ့ စိတ်ဓာတ်ဟာ ဒီစိတ်ကြောင့် သူများတွေကို ဣဿာပွားပြီး ရည်မှန်းချက်တွေ ယိုင်နဲ့သွားနိုင်တာမို့ ကျွန်တော့်သူငယ်ချင်းတွေ ဘဝအောင်မြင်ရေးအတွက် သွားနေတဲ့လမ်းမှာ ကိုယ့်ထက်သာသူကို ဣဿာမထားဘဲ မုဒိတာပွားပြီး လျှောက်လှမ်းကြမယ်ဆိုရင် ကုသိုလ်လည်းရသလို အနာဂတ်လမ်းကလည်း သာယာဖြောင့်ဖြူးနေမှာပါလို့……..

ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ……
လင်းမြတ်(ပန်းတောင်း)

မှီးငြမ်းကိုးကားချက်။
၁။ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ၏ ကိုယ်ကျင့်အဘိဓမ္မာ။
၂။မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော သလ္လေခသုတ်တရားတော်။
၃။ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ)
♣ ဘဝအားမာန် မှ ကူးယူဖော်ပြပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ