ဘဝမှာ အောင်မြင်ပြီး ပျော်ရွှင်စိတ်ချမ်းဖို့အတွက် ကြိုးစားနေတဲ့ သူငယ်ချင်းတွေကို ဣဿာအကြောင်း ပြောပြီးပြီမို့ မစ္ဆရိယအကြောင်းလည်း ပြောပြချင်ပါတယ်။
မစ္ဆရိယဆိုတာ ဝန်တိုမှုသဘောကို ဆိုတာပါ။ ဣဿာနဲ့ မစ္ဆရိယက မတူကြပါဘူး။ ဣဿာဆိုတာ သူများ အောင်မြင်မှုပေါ် ဦးတည်ပြီး
မစ္ဆရိယဆိုတာ ကိုယ့်အောင်မြင်မှုပေါ် ဦးတည်ပါတယ်။
မစ္ဆရိယဆိုရင် လူတော်တော်များက နှမြောဝန်တိုတာတစ်ခုကိုပဲ တွေးထင်တတ်ကြတယ်။ တကယ့်မစ္ဆရိယစိတ်က နှမြောဝန်ုတိုတာတင်မက ကိုယ်လိုသူများကို မဖြစ်စေချင်တာတွေ၊ ကိုယ်လိုအဆင့်အတန်းသူများကို မရစေချင်တာတွေ၊ ကိုယ်နဲ့ပြိုင်လာရင် ကိုယ်ကပဲ အနိုင်ရချင်တာတွေပဲ ဖြစ်ပါတယ်။
တစ်ချို့ကလည်းမလှူရက်၊ မတန်းရက်၊ မပေးရက်၊ မစားရက်၊ မသောက်ရက်တာကို မစ္ဆရိယလို့ မှားယွင်းစွာအမည်တတ်ကြတာလည် တွေ့ရတယ်။
ဒါဟာ မစ္ဆရိယ မဟုတ်ပါဘူး။ ကိုယ်ပိုင်ပစ္စည်းမှာစွဲလန်း နေတဲ့
လောဘဖြစ်တယ်လို့ ဆိုရမှာပါ။ တကယ့်မစ္ဆရိယမှာက တခြားလူတွေကိုမရစေချင်တဲ့
သဘောတရားတွေ အများကြီးပါတာမို့ ကိုယ်ပိုင်ပစ္စည်းသာမက သူတစ်ပါးပစ္စည်းကိုပါ
ဝန်တိုပြီး ဘယ်သူ့ကိုမှ မရစေချင်နေတာ မစ္ဆရိယအစစ်ပါပဲ။
လူတွေမှာ မစ္ဆရိယများ ဝင်လာပြီဆိုရင် ဘယ်အရာကိုမှ အကောင်းမမြင်ချင်တော့ဘူး။ မိတ်ဆွေစစ်တွေကိုပယ်ပြီး မိတ်ဆွေတုတွေကိုလည်း ပေါင်းတတ်တာပဲ။ ငါသာငါထင်ပြီး ဒီလောကမှာ ငါဟာသာပဲ အကောင်ပဲဖြစ်နေတော့တယ်။ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေမှာ မစ္ဆရိယစိတ်ကြောင့် ဘဝအဆက်ဆက် မလှပနိုင်တော့တဲ့ ဇာတ်ဝတ္ထုတွေဟာ အထင်အရှားရှိပါတယ်။
မစ္ဆရိယ(ဝန်တိုစိတ်)ဟာ ဘဝတိုးတက်ရာကိုလည်း အနှောက်အယှက်ပေးနိုင်တဲ့ အဆိုးဆုံးအရာတစ်ခုလည်း ဖြစ်တယ်။ အမြင့်ဆုံးရောက်အောင် ကြိုးစားနေတဲ့စိတ်တွေက မစ္ဆရိယစိတ်တွေ ဝင်လာပြီဆိုရင် ရည်မှန်းချက်တွေကို အောင်မြင်အောင် ဖေါ်ဆောင်နိုင့်တော့မှာလည်း မဟုတ်တော့ပါဘူး။ ဝန်တိုစိတ်တွေနဲ့ ပူလောင်နေတော့မဲ့ အဖြစ်မျိုးတွေ သာခံစားနေရတော့မှာမို့ပါ။ ဒီစိတ်ကြောင့် ဘာမှလည်းမလုပ်ချင်၊ အကုသိုလ်မြစ်ထဲမှာပဲ နစ်မြောနေတော့မှာအသေချာပါပဲ ။
ဗုဒ္ဓစာပေကျမ်းဂန်တွေမှာပါတဲ့  မစ္ဆရိယတရား ငါးပါးကို ဖေါ်ပြလိုက်ပါတယ်။
၁။ အာဝါသမစ္ဆရိယ= အဆောက်အဦး တိုက်တာကောင်းကောင်းနဲ့ မိမိသာနေလို ပြီးအခြားသူတွေကို မနေစေလိုခြင်း။
၂။ကုလမစ္ဆရိယ= မိမိဆွေမျိုး၊ အပေါင်းအသင်းကို မိမိထက် အခြားလူတွေကို ပိုမိုချစ်ခင်သွားမှာကို မလိုလားခြင်း။
၃။ လာဘမစ္ဆရိယ= စီပွားလဒ်လာဘတွေကို မိမိသာရပြီး အခြားလူတွေကို မရရှိစေလိုခြင်း။
၎။ ဝဏ္ဏမစ္ဆရိယ= ရုပ်ရည်ကိုယ်အဆင်းနဲ့ ဂုဏ်သတင်း နှစ်မျိုးလုံးကို မိမိထက် သာလွန်မှာ မလိုလားခြင်း။
၅။ ဓမ္မမစ္ဆရိယ= မိမိတတ်သိသောတရား(အသိပညာအတတ်ပညာ) ကိုမိမိသိသလို သူတစ်ပါးကို မသိစေလိုခြင်း။
ကျွန်တော့်သူငယ်ချင်းတွေ မစ္ဆရိယစိတ်မထားဘဲနဲ့ ဘဝမှာ ရိုးရိုးသားသား ကြိုးစားကြမယ်ဆိုရင် စိတ်မှာငြိမ်းချမ်းပြီး အောင်မြင်မှုလမ်းကိုလည်း လျှောက်လှမ်းနိုင်ပါဖြစ်ပါတ ယ်။
ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ……
လင်းမြတ်(ပန်းတောင်း)
မှီးငြမ်းကိုးကားချက်။
၁။ပါမောက္ခချုပ်ဆရာတော်ကြီးေ ဒါက်တာအရှင်နန္ဒမာလာဘိဝံသ၏
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ)
မစ္ဆရိယဆိုတာ ဝန်တိုမှုသဘောကို ဆိုတာပါ။ ဣဿာနဲ့ မစ္ဆရိယက မတူကြပါဘူး။ ဣဿာဆိုတာ သူများ အောင်မြင်မှုပေါ် ဦးတည်ပြီး
မစ္ဆရိယဆိုတာ ကိုယ့်အောင်မြင်မှုပေါ် ဦးတည်ပါတယ်။
မစ္ဆရိယဆိုရင် လူတော်တော်များက နှမြောဝန်တိုတာတစ်ခုကိုပဲ တွေးထင်တတ်ကြတယ်။ တကယ့်မစ္ဆရိယစိတ်က နှမြောဝန်ုတိုတာတင်မက ကိုယ်လိုသူများကို မဖြစ်စေချင်တာတွေ၊ ကိုယ်လိုအဆင့်အတန်းသူများကိ
တစ်ချို့ကလည်းမလှူရက်၊ မတန်းရက်၊ မပေးရက်၊ မစားရက်၊ မသောက်ရက်တာကို မစ္ဆရိယလို့ မှားယွင်းစွာအမည်တတ်ကြတာလည်
ဒါဟာ မစ္ဆရိယ မဟုတ်ပါဘူး။ ကိုယ်ပိုင်ပစ္စည်းမှာစွဲလန်း
လူတွေမှာ မစ္ဆရိယများ ဝင်လာပြီဆိုရင် ဘယ်အရာကိုမှ အကောင်းမမြင်ချင်တော့ဘူး။ မိတ်ဆွေစစ်တွေကိုပယ်ပြီး မိတ်ဆွေတုတွေကိုလည်း ပေါင်းတတ်တာပဲ။ ငါသာငါထင်ပြီး ဒီလောကမှာ ငါဟာသာပဲ အကောင်ပဲဖြစ်နေတော့တယ်။ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေမှာ မစ္ဆရိယစိတ်ကြောင့် ဘဝအဆက်ဆက် မလှပနိုင်တော့တဲ့ ဇာတ်ဝတ္ထုတွေဟာ အထင်အရှားရှိပါတယ်။
မစ္ဆရိယ(ဝန်တိုစိတ်)ဟာ ဘဝတိုးတက်ရာကိုလည်း အနှောက်အယှက်ပေးနိုင်တဲ့ အဆိုးဆုံးအရာတစ်ခုလည်း ဖြစ်တယ်။ အမြင့်ဆုံးရောက်အောင် ကြိုးစားနေတဲ့စိတ်တွေက မစ္ဆရိယစိတ်တွေ ဝင်လာပြီဆိုရင် ရည်မှန်းချက်တွေကို အောင်မြင်အောင် ဖေါ်ဆောင်နိုင့်တော့မှာလည်း မဟုတ်တော့ပါဘူး။ ဝန်တိုစိတ်တွေနဲ့ ပူလောင်နေတော့မဲ့ အဖြစ်မျိုးတွေ သာခံစားနေရတော့မှာမို့ပါ။ ဒီစိတ်ကြောင့် ဘာမှလည်းမလုပ်ချင်၊ အကုသိုလ်မြစ်ထဲမှာပဲ နစ်မြောနေတော့မှာအသေချာပါပဲ
ဗုဒ္ဓစာပေကျမ်းဂန်တွေမှာပါတဲ
၁။ အာဝါသမစ္ဆရိယ= အဆောက်အဦး တိုက်တာကောင်းကောင်းနဲ့ မိမိသာနေလို ပြီးအခြားသူတွေကို မနေစေလိုခြင်း။
၂။ကုလမစ္ဆရိယ= မိမိဆွေမျိုး၊ အပေါင်းအသင်းကို မိမိထက် အခြားလူတွေကို ပိုမိုချစ်ခင်သွားမှာကို မလိုလားခြင်း။
၃။ လာဘမစ္ဆရိယ= စီပွားလဒ်လာဘတွေကို မိမိသာရပြီး အခြားလူတွေကို မရရှိစေလိုခြင်း။
၎။ ဝဏ္ဏမစ္ဆရိယ= ရုပ်ရည်ကိုယ်အဆင်းနဲ့ ဂုဏ်သတင်း နှစ်မျိုးလုံးကို မိမိထက် သာလွန်မှာ မလိုလားခြင်း။
၅။ ဓမ္မမစ္ဆရိယ= မိမိတတ်သိသောတရား(အသိပညာအတတ
ကျွန်တော့်သူငယ်ချင်းတွေ မစ္ဆရိယစိတ်မထားဘဲနဲ့ ဘဝမှာ ရိုးရိုးသားသား ကြိုးစားကြမယ်ဆိုရင် စိတ်မှာငြိမ်းချမ်းပြီး အောင်မြင်မှုလမ်းကိုလည်း လျှောက်လှမ်းနိုင်ပါဖြစ်ပါတ
ဘဝနဲ့ဆန္ဒ တစ်သားတည်းကျပါစေ……
လင်းမြတ်(ပန်းတောင်း)
မှီးငြမ်းကိုးကားချက်။
၁။ပါမောက္ခချုပ်ဆရာတော်ကြီးေ
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ)
ဘဝအားမာန်မှ ကူးယူဖော်ပြပါသည်။