Monday, February 18, 2013
ဇာတ်လမ်းပမာဒေသနာ(၂)လနဲ့နှစ်, သမ္ဘာကုန်အောင် ဓမ္မတာဘုံ လှည့်လည်လို့သွား
အခန်း-၂
ကောင်းမှု မကောင်းမှု ကံတည်းဟူသော လေပွေလေရူးတို့သည် ဆော်မြူးတိုက်ခတ်လျက်၊ ထက်ရပ်ဝဠာ အဇတာအာကာသကြီး တစ်ခုလုံးတို့လည်း အဝိဇ္ဇာတည်းဟူသော မြူမှုန်, မြူခိုးတို့ဖြင့် အုပ်ဖုံးလျက် သံသရာ တည်းဟူသော တောအုပ်ကြီး တစ်ခုလုံးကို သိမ်းကြုံး၍ ကြည့်လိုက်လျင် စတုသမုဌာန် ရုပ်နာမ်ခေါ်ကြ ခန္ဓာပဉ္စကတွေ ဖြစ်ကြသော ရွက်သစ်ကလောင်း ရွက်ဟောင်းကကြွေ သင်္ခါရေဘိဇ္ဇနဟုအနိစ္စသဘောတို့ တသောသော တဖြုတ်ဖြုတ်, တသုတ်သုတ်ကြွေ ကျပြီး မြေခနေကြလေပြီ---။
ရင့်ရော်ကြွေကျ ခန္ဓာပဉ္စက ရွက်ဟောင်း ကလေးတို့သည်လည်း၊ ကံတည်းဟူသော လေပွေ-လေရူးတို့၏ ပို့ဆောင် ရာ-လူ့, နတ်, ဗြဟ္မာ, အထက်ဘုံရွာသို့ တစ်ခါရောက်၊ အပယ်လေးဘုံ အောက်ပြည်နယ်သို့ တစ်ခါစုံ၊ အဖုံဖုံပတ်ဝိုင်းဒုန်းစိုင်း ခါ မနေ မနားဘဲ ပြေးလွှားကျင်လည်၍လည်း နေခဲ့ချေပြီ။
သသို့သော်လည်း သုံးလောက ဓမ္မတာ သဘာဝတံတွာကို မျော်တွေးကာမကြည့်၊ မိမိ၏ ဆန္ဒအလိုရှိရာ အရပ်ဌာန သို့သွားလာကြပြီး ကာမဂုဏ်ငါးပါး အာရုံတရား တည်းဟူသော တောç သမင်သားတို့ကို ခုံတမင်မင်ç ခင်တများများ စား လိုသော လောဘတဏှာç သမုဒယသစ္စာများကို လက်ကိုင်ထားခါ သမင်ရှာ ထွက်လာကြသည့် အန္ဓ, ဗာလ, ဥမ္မတ္တကများ ဖြစ်ကြသော လုဒ္ဒကခေါ် မုဆိုးကျော်သုံးဦးတို့သည်လည်း ခြေဦးနှင့်ဒူးတည့်ရာ မျက်စိလည်လမ်းမှားလျက် တစ်တောင်တက် တစ်တောဝင် မြိုင်ခွင်တလွှား အရမ်းသွားခါ နေကြစဉ်အခါ----
( အန္ဓ ) သူငယ်ချင်းများတို့---၊ မင်းတို့, ငါတို့ ကာမဂုဏ်သားသမင်ကို စားချင်လို့ တစ်တောင်တက် တစ်တောဝင် သားသမင် အရှာထွက်ခဲ့ကြသော်လဲ ဘယ်ဆီမှာမှ အကြိုက်မတွေ့ရပါကလားကွယ့်။
( ဗာလ ) အေးပေါ့ကွာ- သံသရာ တောကြီးဂနိုင်, မြိုင်ကြီးအထပ်ထပ် ခြေရာမလပ်အောင် ကျော်ဖြတ်လှည့်လည် ဘယ်လိုပဲရှာကြံစည်သော်လဲ မိမိတို့ရဲ့ အလိုကျ ဘယ်တော့မှမရရှိခဲ့ပါဘူး ကိုအန္ဓရဲ့။
( ဥမ္မတ္တက ) အင်း, ကာမဂုဏ်ငါးတန် သားသမင်ရဲ့ခြေရာခံပြီး တစ်နေ့ကျပြန်တော့လဲ အလိုကျ ကိုယ်ရနိုး၊ တစ်ရက် ကျပြန်တော့လဲ အလိုကျ ကိုယ်ရနိုးနှင့် မျော်ကိုးပြီး လိုက်လာကြတာ တော်တော်ပဲ ကြာလှပြီကောကွာ။
( အန္ဓ ) မင်းတို့, ငါတို့ကလဲ လိုတာလဲမရ၊ ရတာလဲမလိုနဲ့ နေ့ရက်တွေကို ဖြုန်းနေကြတာကိုးကွ။
( ဗာလ ) ဟုတ်တယ်လေ၊ ဒီလိုနဲ့ပဲ မြိုင်ရဂုံထဲမှာ မျက်စိလည် လမ်းမှား၊ စမ်း တဝါးဝါးနှင့် ဘယ်စခန်းနဲ့ ဘယ်လမ်း သွားရမည်ဆိုတာ မသိနိုင်အောင်ဘဲ ဖြစ်နေကြပြီဗျ---။
( ဥမ္မတ္တ ) ဘယ်လို ကြံလို့, ဘယ်လို ဖန်ကြမတုန်း၊ Óဏ်တစ်မဟုတ်နှင့် အကြံထုတ်ကြးစမ်းပါဦး ကိုယ့်လူတို့ရဲ့။
( အန္ဓ ) ကဲလေ--- သွားရင် တစ်တိုင်ç ထိုင်ရင် ခဏဆိုမဟုတ်လား၊ သမင်ပဲရရ, လမ်းစပဲတွေ့တွေ့ ရှေ့သို့တစ်စခန်း ထလှမ်းကြဦးစို့လားဗျ---။
( ဗာလ ) ကောင်းပါရဲ့လေ၊ ကိုအန္ဓရဲ့ စကားအရ ရှေ့သို့မှန်းဆပြီး တစ်စခန်းထ, လိုက်ကြဦးစို့။
ဤကဲ့သို့ တိုင်ပင်ပြောဆိုကြပြီးနောက် အန္ဓ, ဗာလ, ဥမ္မတ္တကတို့သည် ဗုံထောက်သံကိုဆို၍ သွားကြ လေကုန်၏။
♣ ဗုံထောက်သံ
၁။ ငါးအာရုံ သမင်သားကို
စားလို၍ လာခဲ့တယ်၊
သံသာရ တောမြိုင်လယ်မှာ
ထက်ဘုံနယ် ခင်တန်း၊
အောက်လေးဝ ပါယ်ချောင်လျှိုမှာ
ခြေရာကို ထပ်လို့ပင်ပန်း။ ။
၂။ ဘယ်, ဘယ်ဝယ် လမ်းဌာန
မှန်းခါဆ, ဖေမမြင်၊
မြန်းခါကြွ မြေအပြင်ဝယ်
နေ့ရှည်ပင် ရက်များ၊
လနဲ့နှစ်, သမ္ဘာကုန်အောင်
ဓမ္မတာဘုံ လှည့်လည်လို့သွား။ ။
၃။ ဘယ်နေရာ တည်ဘူးကွယ့်
ခြေဦးနဲ့ ဒူးတည့်ရာ၊
သွားရတဲ့ ဖေခမျာတွေမှာ
မနေသာနိုင်ဘဲ၊
ဘယ်တော့မှ မသက်သာတယ်
ခက်ဗျာပါ ဝိုင်းရန်က မစဲ။ ။
(ဗာလ) ကိုအန္ဓရေ...ဗျို့အန္ဓ, ခဏ နေပါဦးဗျ၊ ခင်ဗျားတို့ ကျုပ်တို့ ပြောရင်းဆိုရင်း ပဋိစ္စသမုပ္ပါဒ် ခရီးပြင်းနှင်လာခဲ့တာ အခု ဘယ်နေရာဌာန ဘယ်ဒေသကို ရောက်နေသလဲ၊ တောရိပ် တောခြေလေးများ ကြည့်ကြပါဦးဗျ။
(အန္ဓ) တောနက်လေ ဆင်ချေးထူလေ၊ ညဥ့်နက်လေ သန်းခေါင်တိုင်လေဆိုတဲ့ စကားလို လမ်းစလဲ ရှာမတွေ့၊ တောရိပ်ç တောခြေလဲ မှန်းဆလို့မရတော့ဘူးကွ၊ ဘယ်လို လုပ်ကြမတုန်း။
(ဥမ္မတ္တက) အဲလေဗျာ...ခင်ဗျားတို့ ကျုပ်တို့ မသိနဲ့နားမလည်၊ မောင်ကွယ်နဲ့ မောင်ကန်းချည်း စမ်းတစ်ဝါးဝါးနဲ့ အရမ်းသွားနေလို့ အခြေမလှဘူး၊ ထင်တာပဲဗျာ၊ အကြံကလေးလဲ ထုတ်ကြပြန်ဦးမှပေါ့။
(ဗာလ) အကြံထုတ်ဆို ဒီလိုဗျ...၊ ကျုပ်သဘောအရ ပြောရရင် ဆင်ကန်းတောတိုး သဘောမျိုးနဲ့ မသွားဘဲ ဒီနေရာ မှာဘဲ တစ်စခန်းရပ်ပြီး ခရီးသွား, ခရီးလာ စောင့်ဆိုင်းကာနေရရင် ကောင်းလိမ့်မယ်လို့ ကျွန်တော်က အကြံပေးချင် တာ ပဲဗျာ....။
(ဥမ္မတ္တက) ဟုတ်တယ်၊ ဒီအကြံကို ကျုပ်လဲ သဘောတူတယ်ဗျို့။
(အန္ဓ) ကဲ- ကဲ...ဒီနေရာ, ဒီစခန်း ဒီတောတန်း ကလေးကပဲ ခေတ္တနားပြီး လူသွား, လူလာ စောင့်ကြ သေးတာပေါ့၊ ဒီတောစခန်းကလေးရဲ့ အခြေအနေ ကြည့်ရတာသိပ်တော့ မခေလှဘူးကွ။
(ဗာလ) ဟုတ်တယ်ဗျို့၊ စခန်းကလေးကတော့ တော်တော်လေး သာယာစိုပြေပုံကို ထောက်တော့ နားနေကြသေးတာ ပေါ့။
(အန္ဓ) အေးကွာ၊ တစ်နေ့ကြရင် လမ်းပြမဲ့သူ ပေါ်လာကောင်းပါရဲ့၊ အပန်းဖြေကြဦးစို့ကွယ့်။
အဲ- ဤကဲ့သို့ အန္ဓတို့ သုံးယောက်သားတို့မှာ တိုင်ပင်ခါပြောဆိုပြီး မနုဿတ္တဒုလ္လဘတည်းဟူသော တောစခန်းတွင် အမော အပန်းဖြေ နားနေကြမလကုန်၏။
♣♣ သလ္လာဝတီမောင်သီဟ၏ ဇာတ်လမ်းပမာဒေသနာမှ ♣
ဆက်ပါဦးမည်။
Labels:
ဖတ်မိတာလေးများ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ