Saturday, February 16, 2013

ကျေးဇူးရှင်မာန်လည် ဆရာတော်ဘုရားကြီး၏ ပစ္ဆိမဝစန(နောက်ဆုံး) မိန့်ခွန်းတော်


 
၁။ ဥဒယဗ္ဗယ ပဋိပိဠနသဘာဝါ၊ ဖြစ်ခြင်းပျက်ခြင်းတို့ဖြင့် နှိပ်စက်တတ်သောသဘော။ ။

၂။ မိဘနှစ်ပါး ချစ်သူများတို့ မခြားတကွ ဖြစ်သမျှမှာ ပေါင်းရပါကတဲ တည်မမြဲ ငိုပွဲ ခံရမည် အမှန်သာတည်း။ ။

၃။ မိဘနှစ်ပါး ချစ်သူများသို့ မခြားတကွ ဖြစ်သမျှမှာ ပေါင်းရပါကတဲ တည်မမြဲ ရှင်ကွဲကွဲရမည် အမှန်သာတည်း။ ။

၎။ မိဘနှစ်ပါး ချစ်သူများတို့ မခြားတကွ ဖြစ်သမျှမှာ ပေါင်းရပါကတဲ တည်မမြဲ သေကွဲကွဲရမည် အမှန်သာတည်း။ ။

၅။ လင်နှင့်မယား ချစ်သူများတို့ မခြားတကွ ဖြစ်သမျှမှာ..ပေါင်းရပါတကဲ တည်မမြဲ ငိုပွဲခံရမည် အမှန်သာတည်း။ ။

၆။ လင်နှင့်မယား ချစ်သူများသို့ မခြားတကွ ဖြစ်သမျှမှာ...ပေါင်းရပါကတဲ တည်မမြဲ ရှင်ကွဲ ကွဲရမည်သာ အမှန်သာတည်း။ ။

၇။ လင်နှင့်မယား ချစ်သူများတို့ မခြားတကွ ဖြစ်သမျှမှာ...ပေါင်းရပါကတဲ တည်မမြဲ သေကွဲ ကွဲရမည် အမှန်သာတည်း။ ။

၈။ သမီးနှင့်သား ချစ်သူများ ချစ်သူများတို့ မခြားတကွ ဖြစ်သမျှမှာ...ပေါင်းရပါကတဲ တည်မမြဲ ငိုပွဲခံရမည် အမှန်သာတည်း။ ။

၉။ သမီးနှင့်သား ချစ်သူများတို့ မခြားတကွ ဖြစ်သမျှမှာ...ပေါင်းရပါကတဲ တည်မမြဲ ရှင်ကွဲ ကွဲရမည် အမှန်သာတည်း။ ။

၁၀။ သမီးနှင့်သား ချစ်သူများတို့ မခြားတကွ ဖြစ်သမျှမှာ...ပေါင်းရပါကတဲ တည်မမြဲ သေကွဲ ကွဲရမည် အမှန်သာတည်း။ ။

၁၁။ ရုပ်နာမ်ထင်ရှား ပျော်လိုငြား အများပုထုဇဉ်မိုက်တို့၏ သဘောတည်း။

၁၂။ ရုပ်နာမ်ထင်ရှား မပျော်ငြား ဘုရားပစ္စေကဗုဒ္ဓါ အရိယာတို့၏ သဘောတည်း။

၁၃။ ရုပ်နာမ်ထင်ရှား ရှိတုံငြားက ဖျားကြနာကြ သေပျောက်ကြ ဒုက္ခခံကြမည် အမှန်ချည်းသာတည်း။

၁၄။ ပြုကျိုးမရှိ ပြင်ကျိုးမရှိ ခံမချိ မသိကျေးဇူး ခန္ဓာတည်း။ ။

၁၅။ လုပ်ကျိုးမရှိ ကိုင်ကျိုးမရှိ ခံမချိ မသိကျေးဇူး ခန္ဓာတည်း။ ။

၁၆။ စားကျိုးမရှိ သောက်ကျိုးမရှိ ခံမချိ မသိကျေးဇူးခန္ဓာတည်း။ ။

၁၇။ ပြင်ကျိုးမရှိ ဆင်ကျိုးမရှိ ခံမချိ မသိကျေးဇူး ခန္ဓာတည်း။ ။

၁၈။ မခံနိုင်သေ ခံနိုင်နေ နှစ်ထွေနာမ်ရုပ် သဘောတည်း။ ။

၁၉။ ဤကိုယ်ကာယ ရှိသမျှ ဒုက္ခခံကြရမည် အမှန်ချည်းသာတည်း။ ။

၂၀။ ဤကိုယ်ကာယ ရှိသမျှ စားကြသောက်ကြရမည် အမှန်ချည်းသာတည်း။ ။

၂၁။ ဤကိုယ်ကာယ ရှိသမျှ အိုကြရမည် အမှန်ချည်းသာတည်း။ ။

၂၂။ ဤကိုယ်ကာယ ရှိသမျှ ဖျားနာကြရမည် အမှန်ချည်းသာတည်း။ ။

၂၃။ ဤကိုယ်ကာယ ရှိသမျှ သေကြရမည် အမှန်ချည်းသာတည်း။ ။

၂၄။ ပြုရင်းပြင်ရင်း နှိပ်စက်ရင်း အိုခြင်းခံကြရသည် ချည်းသာတည်း။ ။

၂၅။ ပြုရင်းပြင်ရင်း နှိပ်စက်ရင်း နာခြင်းခံကြရသည် ချည်းသာတည်း။ ။

၂၆။ ပြုရင်းပြင်ရင်း နှိပ်စက်ရင်း သေခြင်းခံကြရသည် ချည်းသာတည်း။

(မန်လည်မဟာထေရုပ္ပတ္တိကထာ) မှ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ