Friday, February 15, 2013

ဘာ့ကြောင့် မေတ္တာပွားကြတာလဲ ?




အဘယ်ကြောင့် မေတ္တာကမ္မဋ္ဌာန်းကိုစီးဖြန်းရပါသနည်း

သည်ပုစ္ဆာကိုမေးခဲ့ပါလျှင် ပြဆိုလတံ့အတိုင်း ဖြေကြားရပေလိမ့်မယ်။

(၁) မမိတို့၏အတွင်းသန္တာန်၌ အေးမြသော အဗျာပါဒဓာတ်ကို ထူထောင်လိုခြင်း။

(၂ ) အဗျာပါဒ ဓာတ်ကိုထူထောင်မိခြင်း အားဖြင့် မျက်မှောက် ဘဝမှာ စိတ်နှလုံးအေးမြစွာဖြင့် တစ်စိမ့်စိမ့်ခြမ်းသာလိုခြင်း။

(၃) ဗြဟ္မာမင်းတို့၏ နေခြင်းကဲသို့နေလိုခြင်း။

(၄) အလုံးစုံသော ဘေးအန္တရာယ်တို့မှ ကာကွယ်လိုခြင်း။

(၅) ဘဝင်ငြိမ်ငြိမ်နှင့် ကောင်းမွန်နှစ်ချိုက်စွာ အိပ်လိုခြင်း။

(၆) ကောင်းစွာနိုးကြားလိုခြင်း။

(၇) လူကြည်ညိုç နတ်ကြည်ညို ပုဂ္ဂိုည်ထူး ဖြစ်လိုခြင်း။

(၈) မေတ္တာဈန်ကို ရအောင်ပွားများနိုင်ပြီး ကွယ်လွန်သည်၏ နောက် ဗြဟ္မာပြည်သို့ ရောက်လိုခြင်း။

(၉) မေတ္တာဈန်ကို ရအောင်မပွားနိုင်ပါလျှင် သမာဓိ ဘာဝနာ ကုသိုလ်များကိုရ၍ ကောင်းသော သုဂတိဘဝ သို့ရောက်လိုခြင်း။

(၁၀) မေတ္တာ ဘာဝနာဖြင့် ကိုယ်, နှုတ် အမူအရာ ယဉ်ကျေး သိမ်မွေ့လိုခြင်း။

(၁၁) သံသရာတစ်ခွင်မှာ ကြင်လည်ရသောအခါ ဒေါသစရိုက် နည်းပါးစွာနှင့် နူ့ညံ့သိမ်မွေ့ အေးမြကြည်လင်သော စိတ်ဓာတ်နှင့် ပြည့်စုံ စေလိုခြင်း။

(၁၂) သတ္တဝါအပေါင်းတို့အား ကိုယ်နှင့်ထပ်တူ ချမ်းသာ စေလိုခြင်း။

(၁၃) ယောဂီ သူတော်ကောင်းတို့၏ အလေ့စရိုက်ကို လိုက်လိုခြင်း။

(၁၄) စွမ်းနှိုင်ခဲ့ပါလျှင် မေတ္တာသမာဓိကို အရင်ခံထား၍ ဝိပဿနာဥာဏ်ကို ပွားလိုခြင်း။

(၁၅) ဝိပဿနာဥာဏ် ရင့်သန် ထက်မြက်ခြင်းအားဖြင့် အရိယာ ပုဂ္ဂိုလ်အဖြစ်သို့ ဆိုက်ရောက်လိုခြင်း။

(၁၆) ပုထုဇန် နယ်မှ အရိယာနယ်သို့ ကူးပြီးနောက် သံသရာဝဋ်မှ ကျွတ်လွတ်၍ ဆင်းရဲခပ်သိမ်း ငြိမ်းလိုခြင်း၊

ဆိုခဲ့ပြီးသော အကျိုးထူး (၁၆) ပါးကို လိုလားတောင်းတခြင်းကြောင့် မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းရပေသည်။

( မှတ်ချက်။ ။ အထက်၌ ပြဆိုထားသော အကျိုးပေါင်း (၁၆) ပါးမှာ အင်္ဂုတ္ထိုရ် ပါဠိတော်၌ လာသော မေတ္တာအကျိုး (၁၁) ပါး မဟုတ်ပေ။ ကျေးဇူးရှင်လယ်တီ ဆရာတော်ဘုရားကြီး မေတ္တာဘာဝနာနှင့် စပ်လျဉ်း၍ အထူးသဖြင့် မိန့်ကြားအပ်သော စကားမှတ်ချက်ကြီး ဖြစ်ပေသည်။

♣ (လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ မေတ္တာစက္ခုကျမ်း)မှ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ