ခုနက မျက်စိကမြင်ပြီးတော့
အလုပ်လုပ်တဲ့ စိတ်တွေကျတော့ ပစ္စုပ္ပန်တည့်တည့်လုပ်တာ၊ သူ သက်ရှိထင်ရှား ရှိနေတုန်း လုပ်သွားတာ၊
အခု နောက်ထပ်စိတ် ပြန်တွေးတာကျတော့ အာရုံက အတိတ်ဖြစ်သွားပြီ၊ တကယ်မြင်နေတဲ့ဟာ မဟုတ်တော့ဘူး၊
စိတ်ကူးထဲမှာ မှတ်ထားတဲ့အာရုံ ဖြစ်သွားပြီ၊ အဲဒီအာရုံကို မနောဒွါရာဝဇ္ဇန်းက စိတ်တံခါးကို
ဖွင့်ပေးလိုက်မှ ချက်ချင်းရောက်လာတာ၊ ချက်ချင်းရောက်လာပြီးတော့ ပန်းဆိုတာ ဘာပါလိမ့်ဆိုတာ
ပြန်စဉ်းစားသွားပြီ၊ ပြန်စဉ်းစားသွားပြီး တစ်ခါ သူတို့လည်းပဲ ချုပ်သွားပြီး နောက်ထပ်တစ်ခါ
တတိယအကြိမ် တစ်အုပ်စု ပေါ်လာပြန်တယ်၊ mind door မှာပဲ။
အဲဒီပေါ်လာတဲ့ အခါမှာလည်းပဲ ဒုတိယဝီထိနဲ့
တတိယဝီထိကြားမှာ လာပြန်ပြီ ဘဝင်-၂ခု၊ ဘဝင်္ဂစလန၊ ဘဝင်္ဂုပစ္ဆေဒ လာပြီးတော့မှ ခုနက mind
door တံခါးဖွင့်ပေးတဲ့ မနောဒွါရာဝဇ္ဇန်း ဖြစ်တယ်၊ ဖြစ်ပြီးရင် ဇော၊ အဲဒီကျတော့ သူက အမည်တပ်လာပြီ၊
ပန်းဆိုတဲ့ အမည်လေးကို တပ်လာပြီ၊ စကားလုံးလေး ရလာပြီ၊ ရလာပြီးနောက် အနက်အဓိပ္ပာယ် နားလည်သွားတဲ့
အဆင့်ကျတော့ တတိယအဆင့်လောက်ကျမှ နားလည်တယ်။
အသံလည်း ဒီအတိုင်းပဲ၊ အနည်းဆုံး
လေးဝီထိလောက် ဖြစ်ရတယ်၊ ဒါ ယေဘုယျ ပြောတာနော်၊ ယေဘုယျပြောရတဲ့ စကား၊ ဒီထက်ကြာတာလည်း
ဖြစ်နိုင်တယ်၊ အဲဒါ မျက်စိကမြင်ပြီး အဲဒီ ၄-နံပါတ် ဝီထိ mind door မှာ ပြန်စဉ်းစားတဲ့
ဝီထိဖြစ်ပြီးတော့မှ ဒါ “ပန်းပါလား” ဆိုတာသိတာ၊ အဲဒီနောက်မှာလည်း ဘာပန်းတုန်းဆိုတာ တစ်ခါလာဦးမယ်
ထပ်ပြီးတော့၊ အရင်တုန်းက တွေ့ဖူးရင်တေ့ ချက်ချင်းလိုလို သိနေတယ်၊ မတွေ့ဖူးလို့ရှိရင်
“ဘာပန်းပါလိမ့်” “ဘာပန်းပါလိမ့်” နဲ့ ခေါင်းထဲမှာ question တွေပဲ လာနေမှာပဲ၊ ပြန်တွေးလို့
ရှိရင်နော်၊ ဒါ မျက်စိက မြင်တဲ့ ဝီထိစိတ်ဖြစ်ပုံကိုပြောတာ။
ဒါကို “စိတ္တနိယာမ” လို့ ခေါ်တာပဲ၊ ဘယ်သူကမှ လာပြီးတော့ control လုပ်နေတာလည်း
မဟုတ်ဘူး၊ စိတ္တနိယာမ mental order အတိုင်းသွားနေတာ၊ ဒါ စိတ်ဖြစ်စဉ်တစ်ခုပဲ၊ အဲဒီလို
ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အခုပြောတာက အတိမဟန္တအာရုံနဲ့ ပတ်သက်ပြီးတော့ ပြောတာ၊ ဘဝင်စိတ်
၃-ခု၊ အတီတဘဝင်လေး တစ်ခု လွန်ပြီးတော့မှ ထင်လာတယ်၊ ဒါက အရေးကြီးဆုံးအာရုံ။
သာမန်ကြီးတဲ့အာရုံကျတော့ ခုနကထက် ဘဝင်စိတ်တွေ
ပိုပြီးဖြစ်လာပြီ၊ သေးတဲ့အာရုံကျတော့ ဘဝင်စိတ်တွေ ပိုလာတယ်၊ သိပ်သေးတဲ့အာရုံကျတော့
ဝီထိစိတ်တွေက ပိုလာတယ်၊ သိပ်သေးတဲ့အာရုံကျတော့ ဝီထိစိတ်တောင် မဖြစ်တော့ဘူး၊ ဘဝင်စိတ်တွေချည်းပဲ
ဖြစ်တယ်၊ ဘာနဲ့ ဥပမာတူတုန်းဆိုရင် ကလေးလေးတစ်ယောက် အိပ်နေတာကို နှိုးလိုက်တယ်၊ အင်း
ဆိုပြီး ဟိုဘက်လှည့် အိပ်သွားတယ်၊ မနိုးဘူး၊ အဲဒါမျိုးလိုပဲ တံခါူးဝကနေ အာရုံက အိပ်သွားတယ်၊
မနိုးဘူး၊ အဲဒါမျိုးလိုပဲ တံခါးဝကနေ အာရုံက ဖြတ်ကျော်ပေမယ့်လို့ စိတ်နဲ့မတေါ့ဘူး၊ စတွေ့တော့
ပြန်အိပ်ပျော်သွားတယ်၊ ဘဝင်စိတ်က ပြတ်မသွားဘူးလို့ပြောတာ၊ ပြတ်မသွားဘူး ဆက်အိပ်သွားတယ်ပေါ့၊
အတိပရိတ္တာရုံ ဆိုတာ အဲဒါမျိုးကိုခေါ်တာ။
အားလုံးပေါင်းလိုက်လို့ရှိရင် စက္ခုဒွါရမှာ
၁၅-ဝီထိ ရှိတယ်၊ ဖြစ်နိုင်တာကို ပြောတာ၊ သောတဒွါရမှာလည်း ၁၅-ဝီထိ ရှိတယ်၊ ၁၅-ဝီထိ ငါးလီပေါင်းလိုက်တဲ့အခါကျတော့
၇၅-ဝီထိ ရှိတယ်တဲ့၊ ဟော - လူ့ရဲ့သန္တာန်မှာ ဖြစ်နိုင်တာတွေကို ရေတွက်ပြီးတော့ ပြောတာ၊
၇၅-ဝီထိ၊ ဒါက နေ့စဉ် လူ့ဘဝမှာ ကြုံတွေ့နေရတဲ့ ငါးဒွါရမှာတွေ့ရတဲ့ စိတ်ဖြစ်စဉ်တွေပဲ။
ဒီဖြစ်စဉ်တွေကို သိရှိနားလည်းထားလို့ရှိရင်
“ဘယ်အရာမှ ရပ်တန့်နေတာမဟုတ်ဘူး၊ အာရုံကြောင့်
စိတ်တွေဟာ ဖြစ်နေတယ်၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်နေတယ်၊ ထိုဖြစ်ပေါ်နေတဲ့
စိတ်တွေဟာ မမြဲပါလား၊ ငါလို့ သတ်မှတ်စရာ မရှိပါလား၊ ငါ့ဥစ္စာလို့လည်း ပြောစရာမရှိပါလား” လို့ ဗုဒ္ဓမြတ်စွာ ဘုရား ဟောကြားတော်မူခဲ့တဲ့ အနိစ္စ
ဒုက္ခ အနတ္တ လို့ဆိုတဲ့ သဘာဝတရားတွေက ထင်ထင်ရှားရှား ပေါ်လာနိုင်ပါတယ်။
ဒါကြောင့် အဘိဓမ္မာတရားကို နာယူရသဖြင့်
မိမိတို့သန္တာန်မှာ မြဲနေတဲ့အရာ ဆိုတာလည်း မရှိဘူး၊ ချမ်းသာတဲ့အာ ဆိုတာလည်း မရှဘူး၊
မမြဲတဲ့အရာ၊ ထာဝရ ပြောင်းလဲနေတာ ဖြစ်ခြင်းကြောင့် မကျေနပ်စရာ ဒုက္ခတွေချည်းသာဖြစ်တယ်၊
ကိုယ်ပိုင်တယ်, ကိုယ့်ရဲ့အလိုကျဖြစ်တယ် ဆိုတာလည်း မရှိဘူး၊ အနတ္တ သဘာဝတွေသာ ရှိတယ်လို့
ကိုယ်စီကိုယ်စီ ဝိပဿနာအမြင်ဖြင့် နှလုံးသွင်းဆင်ခြင်နိုင်ပြီး မဂ် ဖိုလ် နိဗ္ဗာန်ရကြောင်း
သူတော်ကောင်းတရားကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ သတည်း။
***ဒေါက်တာနန္ဒမာလာဘိဝံသ၏
အဘိဓမ္မာမြတ်ဒေသနာ(ဒုတိယတွဲ) မှ ပူဇော်ပါသည်။
*** အခန်း
- ၆ စိတ်ကိုအာရုံနှင့်
လေ့ကျင့်ခြင်းဆက်လက်ပူဇော်ပါမည်။