Tuesday, January 15, 2013

အနောက်ပရက္ကမဆရာတော်၏ မေတ္တာပွားရန် တိုက်တွန်းသံ


မေတ္တာတရား၊ လက်ကိုင်ထား၊
မလားပယ်လေးရွာ။

မေတ္တာတရား၊ နေ့စဉ်ပွား၊
ထင်ရှာလာမည်သာ။

မေတ္တာတရား၊ အမြဲပွား၊
တိုးပွားဉာဏ်ပညာ။

မေတ္တာပွားများ၊ အသားစား၊
တအားရှောင်ကြဉ်ပါ။

မေတ္တာပွားပြန်၊ မမှားမှန်၊
ဧကန် ချမ်းသာမှာ။

မေတ္တာကိုဆောင်၊ ကြံတိုင်းအောင်၊
လူဘောင် ကျော်ကြားလာ။

မေတ္တာအကျိုး နေ့တိုင်းတိုး၊
တန်ခိုးပြည့်စုံမှာ။

မေတ္တာအတွက် ရန်သူပျက်၊
ဆက်လက်ပွားများပါ။

မေတ္တာတန်ခိုး၊ ရန်သူမျိုး၊
ပျက်ရိုးအမှန်ပါ။

မေတ္တာရေချမ်း၊ အမြဲဖျန်း၊
ဘေးဘျမ်း ရှင်းရှင်းကွာ။

မေတ္တာအတွက်၊ အသတ်ရက်၊
လွတ်ချက်ဧကန်ပါ။

မေတ္တာရှေ့သွား၊ နှလုံးထား၊
အများချမ်းသာရာ။

မေတ္တာပို့ပြန်၊ ရန်သူ့ထံ၊
ဒဏ်ပြန် ဆေးမှတ်ပါ။

မေတ္တာမွှမ်းထုံ၊ ဘေးရန်လုံ၊
အကုန်ချမ်းသာရာ။

နှုတ်ကြမ်းမောက်မာ၊ မဲ့မေတ္တာ၊
ချိုသာ ပြေပြစ်၊ လူတိုင်းချစ်။

ဘေးရန်နှင့်တွေ့၊ မေတ္တာမွေ့၊
ရန်ငွေ့ ပျက်ပြုန်းမည်။

မေတ္တာတရား၊ ပွားသူများ၊
ရောက်ငြာ်း ဘုံဗြဟ္မာ။

မေတ္တာအစွမ်း၊ ကမ္ဘာလွှမ်း၊
ငြိမ်းချမ်းသာယာမှာ။

မေတ္တာအဟုန်၊ ကမ္ဘာလုံ၊
လူဘုံ အေးချမ်းသာ။

(အရှင်စာရိန္ဒ ရေး၊ အနောက်ပရက္ကမဆရာတော်၏ ဖြစ်စဉ်နှင့် ကျင့်စဉ်များ..မှာလာကြောင်း မှတ်သားရပါသည်။)
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ