သာသနာ ။ ။ (၁)ပရိယတ္တိသာသနာ(လမ်းညွှန်သင့်သော
သင်ခန်းစာ)
(၂)ပဋိပတ္တိသာသနာ (ဝေနေယျတို့၏ ဆုံးမအပ်ကြရာ
ကျင့်ဖွယ်)
(၃)ပဋိဝေဓသာသနာ(လမ်းညွှန်တော်မူအပ်သော
ထိုးထွင်းသိခြင်း?)ဟု သာသနာတော် ၃ရပ်ရှိသည်။
အမျိုးမျိုးသုံးကြ ။ ။ နေတ္တိအဋ္ဌကထာဝယ် သာသနဝရံ
ပုဒ်၌ သာသနပုဒ်အရ (သာသနာသရုပ်)ကို ပြရာ၌ “ပရိယတ္တိ
သဒ္ဓမ္မ, ပဋိပတ္တိသဒ္ဓမ္မ, ပဋိဝေဓသဒ္ဓမ္မ”ဟု သုံးသည်၊
ပါစိတျာဒိအဋ္ဌကထာဝယ် သဒ္ဓမ္မဋ္ဌိတိယာပုဒ်၌ သဒ္ဓမ္မအရ (သဒ္ဓမ္မသရုပ်)ကို
ပြရာ၌မူ ပဋိဝေဓသဒ္ဓမ္မကို “အဓိဂမသဒ္ဓမ္မ”ဟု သုံးသည်၊
မဟာနိဒ္ဒေသအဋ္ဌကထာ၌မူ၁ ရှေ့၂ပါးကို “ပရိယတ္တိသာသနံ, ပဋိပတ္တိသာသနံ”ဟု
သုံးသည်၊
ဥာဏဝိဘင်း အနုဋီကာ (၁) သကနိဒ္ဒေသဝဏ္ဏနာ၌မူ နောက်၂ပါးကို ‘ပဋိပတ္တိသာသနံ, ပဋိဝေဓသာသနံ” ဟု သုံးသည်၊
မဏိသာရမဉ္ဇူသာဋီကာဝယ် သာသနဒါယာဒေါပုဒ်၌ သာသနပုဒ်
အရ (သာသနာသရုပ်)ကို ပြရာ၌ နောက်ဆုံးကို “ပဋိဝေဓ
သာသန”ဟု သုံးသည်၊
သီလက္ခန်ဋီကာသစ်၌မူ “သာသနန္တိ ပရိယတ္တိ
ပဋိပတ္တိပဋိဝေဓဝသေန တိဝိဓမ္ပိ သာသနံ”ဟု ဆိုသည်။
♣♣ ပရိယတ္တိသာသနာ
ရှင်တော်ဘုရား၏ လေးဆယ့်ငါးဝါ ဒေသနာတော်ကို “ပရိယတ္တိသာသနာ”ဟု ခေါ်သည်၊
ယင်းသည်
(က)တန္တျာရောပိတဓမ္မဒေသနာ=ပို့ချစဉ်သို့ တင်အပ်သော တရား
ဒေသနာတော်,
ဒေသနာတော်,
(ခ)တန္တျာနာရောပိတ(ပကိဏ္ဏက)ဓမ္မဒေသနာ=
ပို့ချစဉ်သို့ မတင်အပ်သော(အထွေထွေ) တရားဒေသနာတော်၁ ဟူ၍ ၂မျိုးရှိသည်၊
ထိုတွင်
(က)ကို “ပါဠိတော်”ဟု ခေါ်ကြ၏၊ (ခ)ကို “အဋ္ဌကထာ”ဟု ခေါ်ကြ၏၊
ရှင်တော်ဘုရားသည်
(က)ကို မာဂဓီ (သတ္ထိယမာဂဓီ?) ဘာသာဖြင့် ဟောတော်မူ၍ (ခ)ကို ဒေသိယ မာဂဓီ(ဟိန္ဒီ)ဘာသာဖြင့်
ဟောတော်မူသည်၊
ထိုပရိယတ္တိ
သာသနာ တော်ကို သံဃာတော် (အရှင်မဟာကဿပ အစရှိသော ထေရ်များ) က တတိယသံဂါယနာ
(သာသနာနှစ်-၂၃၅ခုနှစ်)တိုင်အောင် (အချို့ ဖြည့်စွပ်အပ်သည်မှ တပါး) ရှင်တော်ဘုရား
ဟောတော်မူရင်း အတိုင်း ဆောင်ခဲ့သည်။
ဝါစနာမဂ္ဂ။ ။ ဖော်ပြပါ
(က၊ ခ)၂ရပ် ပရိယတ္တိသာသနာတော်
ကိုပင် “ဝါစနာမဂ္ဂ(ပို့ချစဉ်=သင်ရိုး)”ဟုလည်း ခေါ်ကြသေးသည်။
ကိုပင် “ဝါစနာမဂ္ဂ(ပို့ချစဉ်=သင်ရိုး)”ဟုလည်း ခေါ်ကြသေးသည်။
သာသနာပြု။
။ အဆိုပါ သာသနာ ၃ရပ်ကို တည်အောင်
ပြုခြင်း, အမြစ်တွယ်အောင် ပြုခြင်းတို့ကို “သာသနာပြု”ဟု ခေါ်သည်။
သာသနာအစ။ ။ မြန်မာနိုင်ငံ၌ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်
စ၍ ရောက်ရာ အရပ်မှာ သထုံ ဖြစ်သည်၊ ထိုကြောင့် “သာသနာအစ,
သထုံက”ဟု ဆိုကြသည်။
ဤကျမ်း၏
အစနားတွင် တင်ပြထားသည့် အကြောင်းအရာကို အမြွက်မျှ တင်ပြလိုက်ပါသည်။
ကြည့်ရှုစရာအဖြာဖြာ။ ။ အဋ္ဌကထာ ဋီကာ သဒ္ဒါ ကျမ်းပြုဆရာတော်တို့နှင့်
စပ်၍ သိမှတ်စရာ စီစစ်ချက်များ သထုံမင်းဆက်၊ သုဝဏ္ဏဘူမိအယူအဆဝါဒများ၊ သီဟိုဠ်မင်းဆက်
စသည်စသည်များကို အမျိုးမျိုးသော ကျမ်းဂန် သာသနာဝင် ရာဇဝင် တို့မှ တင်ပြထားသည်။
မိန့်မြွက်နေ့စဉ် စာဝါရ်တွင်။ ။ ယင်း သာသနာ့ရေစီးကြောင်းကို ဆရာတော်
သီလက္ခန်အဋ္ဌကထာပို့ချစဉ် စာဝါလိုက် သံဃာတော်များအား နေ့စဉ် နာရီဝက်ခန့်
မိန့်တော်မူလေ့ရှိသည်၊
ဒေါင်းလိုသူများ
ဒီမှာနှိပ်ပြီး ဒေါင်းယူနိုင်ပါတယ်။