Thursday, January 24, 2013

ပန်းသည်


မောင်လေးရေ၊ထပါတော့၊
ရောင်နီလာပါတော့။
တစ်ကြော့နှစ်ကြော့တေးကိုသီ၊
ငှက်ကျားနှုတ်ပလီ။

တောင်ဆီနားက ခရေပန်း၊
ပင်အောက်ကြိုင်လို့လန်း။
ဗန်းလေးယူခဲ့မောင်လေးရယ်၊
သွားကောက်ချေစို့ကွယ်။

ပန်းသည်လုပ်စို့-တပြုံးပြုံး၊
ပန်းတွေ-တကုံးကုံး။ ။ (မင်းသုဝဏ်) 


 
ခရေ..ရနံ
XXXXXX

ပွင့်ရယ်သေးပေမဲ့
မွှေးရနံကကြွယ်..
နေညိုချိန်..ရွှေအဆင်း
သက်တန့်ဖြာလင်း
ညနေခင်းမယ်...
ခရေရယ်..ရနံသင်းပါလို့
လေပြည်ရယ်...
ဆောင်ယူသွားပေသမို့
ခရေပွင့်လေးတွေ
ကြွေကာခုန်ဆင်း..
ဒီမြေတလင်းဝယ်...
လဲကာလျောင်းရပေမဲ့.....
ရနံရယ်....မပြယ်ရှာဘူး...
ကြိုင်ကာ...မွှေးနေဆဲ.......

 Royal Hero Media မှ ကူးယူဖော်ပြပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ