ဆရာ။ ။ဗုဒ္ဓမြတ်စွာ ဟောတော်မူတဲ့ ဒီတရားတော်ကို ကလေးများ ဘယ်လို နားလည်ကြ သလဲ၊ မြွေကြီးဟာ ချမ်းချမ်းသာသာ မနေချင်ပေဘူးလား။
တပည့်များ။ ။နေချင်မှာပဲ။
ဆရာ။ ။ ကလေးများက မိမိတို့ကို ကိုက်မှာစိုးလို့ ရိုက်တယ်ဆိုတော့ ကိုယ်ချမ်းသာချင်လို့ မြွေကြီးကို ဆင်းရဲအောင် ညှဉ်းဆဲတာပဲမဟုတ်လား။
တပည့်များ။ ။ ဟုတ်ပါတယ်။
ဆရာ။ ။ ဒီလို သူ့ကိုဆင်းရဲအောင် ညှဉ်းဆဲရင် ဒီလို ညှဉ်းဆဲသူ ပေါ်လာမယ်မဟုတ်လား။
တပည့်များ။ ။ဟုတ်ပါတယ်။
ဆရာ။ ။အေး အေး, ဒါ့ကြောင့် မြွေကစပြီး ဘယ်သူမှ ဆင်းရဲအောင် မညှဉ်းဆဲကြနဲ့၊ ငှက်ကလေးတွေကိုလဲ လောက်လေးနဲ့ သားရေပတ်နဲ့ မပစ်ကြနဲ့၊ တကယ်လို့ မြွေတွေ့ရင် လူကြီးများကိုပြော၊ လူကြီးများက ဖမ်းပြီး လူနဲ့ဝေးအောင် လွှတ်ပစ်လိမ့်မယ်နော်။
တပည့်များ။ ။ဟုတ်ကဲ့ဆရာ။
♣ရန်ပြေတရားတော်♣
ကလေးများ......ကလေးများက လက်အုပ်ချီမိုး ရှိခိုးကန်တော့ရတဲ့ ဂေါတမမြတ်စွာဘုရားဟာ ကလေးချင်း လူကြီးချင်း ရန်မဖြစ်အောင် ရန်ပြေတရားတော်ကိုလဲ ဟောတော်မူတယ်၊ တရားတော်က ဒီလိုတဲ့-
"ဤလောက၌ရန်တို့မည်သည် အတုံ့ပြန်၍ ရန်လုပ်ခြင်းဖြင့် ဘယ်ကာလမှ
မငြိမ်းအေး နိုင်ကြလေကုန်၊ ရန်တုံ့မပြန် သည်းညည်းခံငြား မေတ္တာပွားခြင်းဖြင့်သာ ငြိမ်းအေးနိုင်ကြကုန်၏၊ ဤသို့ သည်းညည်းခံငြား မေတ္တာပွားမှ ရန်စပြတ်ကင်း ငြိမ်းအေးနိုင်ခြင်း သည် ရှေးရိုးစဉ်လာ ထုံးဟောင်းဓမ္မတာ ဖြစ်သည်"။
(နဟိ ဝေရေန ဝေရာနိ, သမ္မန္တိဓ ကုဒါစနံ၊
အဝေရေနစ သမ္မန္တိ, ဧသ ဓမ္မော သနန္တနော။ (ဓမ္မပဒ, ယမကဝဂ္ဂ, ကာဠယက္ခိနီဝတ္ထု။)
ကိုင်း....ဘုရားက တစ်ယောက်နှင့် တစ်ယောက် ရန်မဖြစ်အောင် ဟောတော်မူထားတယ်၊ ကလေးများ ဘယ်တော့မှ ရန်မဖြစ်ကြနဲ့၊ ဘုရားစကား နားထောင်ကြနော်၊ မတော်လို့ ရန်ဖြစ် မိရင်လဲ သည်းညည်းခံကြ၊ ငါတို့မှားတယ်လို့ နားလည်ပြီး တစ်ယောက်နှင့်တစ်ယောက် လက်ဆွဲနှုတ် ဆက်ကြ၊ ရှိနေတဲ့ရန်စကို လက်စားချေတာဟာ ရန်တုံ့ပြန်တယ်လို့ ခေါ်တယ်၊ ဒီလို ရန်တုံ့ပြန်နေရင် ဒီရန်ဟာ ဘယ်တော့မှ မပြီးနိုင်ဘူး၊ လက်စားမချေဘဲ သည်းခံလိုက်မှ တစ်ယောက်နှင့် တစ်ယောက်ချစ်ခင်အောင် မေတ္တာထားလိုက်မှ ရန်စပြေနိုင်တယ်၊ ဒီဃာဝု မင်းသား ဝတ္ထုကို ဆရာဖတ်ပြမယ်, နားထောင်ကြနော်။
♣ ဒီဃာဝုမင်းသားအကြောင်း။
ရှေးတုန်းက ကာသိတိုင်း ဗာရဏသီပြည်၌ "ဗြဟ္မဒတ်" မည်သူသည် မင်းပြုနေ၏၊ မင်းနှစ်ပါး စစ်ဖြစ်ခန်း။ ။ထိုမင်းသည် စစ်တပ်အား, ဥစ္စာဓနအား ကောင်းလှ၏၊ ကောသလတိုင်း၌ကား "ဒီဃိတိ" မည်သူသည် မင်းပြုနေ၏၊
ထိုမင်းမှာ စစ်တပ်အား, ဥစ္စာဓနအား နည်းပါးလှ၏၊ ကာသိမင်းသည် ကောသလ မင်းကို စစ်တိုက်၍ တိုင်းပြည်ကို သိမ်းလေရာ ကောသလမင်းကို စစ်ထွက်ပြေး၍ ဗာရဏသီပြည်၏ အစွန် အဖျား၌ မထင်မရှား နေရလေသည်။
♣ ထွက်ပြေးသောမင်း အဖမ်းခံရပုံ။
ထို ထွက်ပြေးသော ကောသလမင်း၏ မိဖုရားမှာ သားတော် တစ်ပါးဖွား၍ "ဒီဃာဝု" ဟု အမည်ပေးထား၏၊ ဒီဃာဝုမင်းသား ပညာသင်ချိန် ရောက်လတ်သော် မြို့ပြင်ဘက်၌ ပညာကို သင်စေလေသည်၊ ပညာတတ်၍ လူလားမြောက်ချိန်မှာ ခမည်းတော်နှင့် မယ်တော် နှစ်ပါးကို ကာသိမင်းက ဖမ်း၍ သုသာန်သို့ သတ်ဖို့ရန် ထုတ်ဆောင်သွားစဉ် ဒီဃာဝုမင်းသားလည်း မယ်တော်ခမည်းတော်များကို တွေ့လို၍ မြို့တွင်းသို့အလာတွင် တွေ့မြင်ရလေသည်။
♣ သားအား ဩဝါဒပေးပုံ။
ထိုအခါ ဒီဃာဝုမင်းသားသည် မယ်တော် ခမည်းတော်များကို လိုက်ကြည့် နေသော လူထုအကြားမှ မထင်မရှားတိုးဝှေ့သွား၍ မယ်တော် ခမည်းတော်နှင့် နီးကပ်သော နေရာသို့ ရောက်သွားလေလျှင် ခမည်းတော်ကလည်း သူ့ဘာသာသူ ရွတ်ဆိုနေဟန်ဖြင့်
"ချစ်သားဒီဃာဝု…အရှည်ကို မကြည့်ရစ်နှင့်၊ အတိုကိုလည်းမကြည့်ရစ်နှင့်၊ လက်စားချေသောနည်းဖြင့် ရန်စ မငြိမ်းနိုင်၊ ရန်တုံ့မပြန် သည်းညည်းခံမှသာ ရန်စငြိမ်း နှိင်သည်" ဟု ဩဝါဒပေးလေသည်၊
[ထို ဩဝါဒ၌ "အရှည် မကြည့်နှင့်" ဆိုသည်မှာ "ရန်စ မရှည်စေနှင့်" ဟုဆိုလိုသည်၊ "အတိုမကြည့်နှင့်" ဆိုသည်မှာ "ချစ်ခြင်းကို မတိုစေနှင့်" ဟု ဆိုလိုသည်၊ [ဤအဓိပ္ပာယ်ကို နားမလည်သူတို့က "ရူးနေလို့ ကယောင်ကတန်း ပြောသည်" ဟု ထင်ကြသတဲ့။]
♣ မင်းသားအမှုထမ်းခန်း။
ဒီဃာဝုမင်းသားသည် မယ်တော် ခမည်းတော်များကို သတ်ရာ သုဿာန်၌ စောင့်နေရစ်ကြသော မင်းမှုထမ်းတို့ကို အရက်တိုက်၍ မူနေသည့်အခါ မယ်တော် ခမည်းတော် အလောင်းကို မီးသင်္ဂြိုဟ်လေသည်၊ ထို့နောက် တောထဲသို့ သွား၍ အားရအောင်ငိုပြီးလျှင် ကာသိမင်းထံ အမှုထမ်းရအောင် တဖြည်းဖြည်းကြံစီလေရာ အတော်ကြာလျှင် လူယုံတော် တစ်ယောက် ဖြစ်သွားလေသည်၊
ထို့နောက် ကာသိမင်းသည် ဒီဃာဝုကို ရထားမောင်းစေ၍ သမင်ပစ်ရန် ထွက်သွားစဉ် နောက်လိုက်စစ်သားတို့နှင့် တကွဲတပြားဖြစ်ကာ ရထားကို ရပ်စေ၍ မောပန်း သဖြင့် ဒီဃာဝု၏ ရင်ခွင်မှာပင် အိပ်ပျော်သွားလေသည်။
♣ မင်းသား ကြံစီခန်း။
ထိုကဲ့သို့ အိပ်ပျော်သွားလေလျှင် ဒီ ဃာဝုမင်းသားသည် "မိမိတို့၏ တိုင်းပြည်ကို လုယူ၍ မယ်တော် ခမည်းတော်တို့ကို သတ်ခဲ့သောရန်စကို လက်စားချေတော့အံ့" ဟု ကြံ၍ သံလျက်ကို အိမ်မှ ဆွဲထုတ်လိုက်လေသည်၊ ထိုအခါ ခမည်းတော်၏ နောက်ဆုံးပေးခဲ့သော ဩဝါဒကို ("အရှည် မကြည့်နဲ့, အတို မကြည့်နဲ့, ရန်စကို လက်စားချေ၍ မငြိမ်းအေးနိုင်၊ ရန်တုံ့မပြန် သည်းညည်းခံမှ ငြိမ်းနိုင် သည်" ဟူသော ဩဝါဒကို) သတိရ၍ သံလျက်ကို အိမ်တွင်းသို့ ပြန်သွင်းလိုက်ပြန်သည်၊
ဤသို့ ထုတ်လိုက်သွင်းလိုက် သုံးကြိမ်လောက် လုပ်နေတုန်းမှာ ဗြုံးကနဲ ရှင်ဘုရင် နိုးလာသဖြင့် ဘုရင့် ဦးခေါင်း ဆံပင်ကို ဆွဲကာ သန်လျက်ဖြင့် ရွယ်ပြီးလျှင် ကောသလမင်းသား ဒီဃာဝုဆိုတာ မိမိ ဖြစ်ကြောင်းကို ပြောဆို ကြိမ်းဝါးလေသည်။
♣ ရန်ပြေခန်း။
ထိုအခါ ကာသိမင်းက မသတ်ဖို့ရန်ပြောလျှင်"ကျွန်ုပ်က
မသတ်လျှင် အရှင်မင်း ကျွန်ုပ်ကို သတ်မှာဘဲ မဟုတ်လား" ဟုမေး၍ အချင်းချင်း
မသတ်ဖို့ရန် ကတိသစ္စာ ပြုကြလေသည်၊ ထို့နောက် တိုင်းပြည်သို့ ပြန်သွား၍
ကာသိမင်းသည် ဒီဃာဝုမင်းသားကို သမီးတော်နှင့် လက်ထက်ပေးကာ သူ၏ အမွေဖြစ်သော
ကောသလတိုင်းပြည်မှာပင် မင်းပြုစေလေသည်။
♣♣ ပြန်လှန်စစ်မေးခန်း။
ဆရာ။ ။ဒီဝတ္ထုမှာ ကလေးများ ဘယ်လို နားလည်ကြသလဲ၊ ဒီဃာဝုမင်းသားက ကာသိမင်းကို တောထဲမှာသတ်မိလျှင် ကာသိမင်းဆိုင်ရာက ဒီဃာဝုမင်းသားကိုလဲ တစ်နေ့နေ့တော့ လက်စားချေမှာဘဲ မဟုတ်လား။
တပည့်များ။ ။ဟုတ်ပါတယ်။
ဆရာ။ ။ဒီဃာဝုမင်းသားဟာ "ရန်ကို လက်စားချေလို့ မငြိမ်းနိုင်ဘူ" ဆိုတဲ့ မိဘစကားကို နားထောင်တဲ့အတွက် ရန်စလဲ ငြိမ်းသွားတယ်, သမီးတော်ကိုလဲ ရတယ်, တိုင်းပြည် ကိုလည်းပြန်ရတယ် မဟုတ်လား။
တပည့်များ။ ။ဟုတ်ပါတယ်။
ဆရာ။ ။ ဒါ့ကြောင့်ကလေးများလဲ ရန်မဖြစ်ကြနဲ့၊ ရန်စရှိတောင်သည်းညည်းခံရမယ် ဆိုတဲ့ ဆရာ့ စကားကို နားထောင်ကြ၊ ဒီလိုရန်မဖြစ်ကြရင် ကလေးတွေအားလုံး တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်ကြပြီး လူလိမ္မာကလေးတွေ ဖြစ်ကြမယ်၊
ကလေးတို့ "နမော တဿ" လို့ ရှိခိုး ကန်တော့ရတဲ့ မြတ်စွာ ဘုရားဟာ ကလေးများကို အလိမ္မာတွေချည်းဖြစ်အောင် တရားဟောတော်မူခဲ့တယ်၊ ဒ့ါကြောင့် အဲဒီ ဘုရားကို ကျေးဇူးတင်ပြီးတော့ "နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" လို့ အားရပါးရ ရှိခိုးကြ ပါဦး။
♣ မဟာဂန္ဓာရုံဆရာတော်၏ "ဗုဒ္ဓဘာသာလက်စွဲ" မှ ကူးယူဖော်ပြပါသည်။
တပည့်များ။ ။နေချင်မှာပဲ။
ဆရာ။ ။ ကလေးများက မိမိတို့ကို ကိုက်မှာစိုးလို့ ရိုက်တယ်ဆိုတော့ ကိုယ်ချမ်းသာချင်လို့ မြွေကြီးကို ဆင်းရဲအောင် ညှဉ်းဆဲတာပဲမဟုတ်လား။
တပည့်များ။ ။ ဟုတ်ပါတယ်။
ဆရာ။ ။ ဒီလို သူ့ကိုဆင်းရဲအောင် ညှဉ်းဆဲရင် ဒီလို ညှဉ်းဆဲသူ ပေါ်လာမယ်မဟုတ်လား။
တပည့်များ။ ။ဟုတ်ပါတယ်။
ဆရာ။ ။အေး အေး, ဒါ့ကြောင့် မြွေကစပြီး ဘယ်သူမှ ဆင်းရဲအောင် မညှဉ်းဆဲကြနဲ့၊ ငှက်ကလေးတွေကိုလဲ လောက်လေးနဲ့ သားရေပတ်နဲ့ မပစ်ကြနဲ့၊ တကယ်လို့ မြွေတွေ့ရင် လူကြီးများကိုပြော၊ လူကြီးများက ဖမ်းပြီး လူနဲ့ဝေးအောင် လွှတ်ပစ်လိမ့်မယ်နော်။
တပည့်များ။ ။ဟုတ်ကဲ့ဆရာ။
♣ရန်ပြေတရားတော်♣
ကလေးများ......ကလေးများက လက်အုပ်ချီမိုး ရှိခိုးကန်တော့ရတဲ့ ဂေါတမမြတ်စွာဘုရားဟာ ကလေးချင်း လူကြီးချင်း ရန်မဖြစ်အောင် ရန်ပြေတရားတော်ကိုလဲ ဟောတော်မူတယ်၊ တရားတော်က ဒီလိုတဲ့-
"ဤလောက၌ရန်တို့မည်သည် အတုံ့ပြန်၍ ရန်လုပ်ခြင်းဖြင့် ဘယ်ကာလမှ
မငြိမ်းအေး နိုင်ကြလေကုန်၊ ရန်တုံ့မပြန် သည်းညည်းခံငြား မေတ္တာပွားခြင်းဖြင့်သာ ငြိမ်းအေးနိုင်ကြကုန်၏၊ ဤသို့ သည်းညည်းခံငြား မေတ္တာပွားမှ ရန်စပြတ်ကင်း ငြိမ်းအေးနိုင်ခြင်း သည် ရှေးရိုးစဉ်လာ ထုံးဟောင်းဓမ္မတာ ဖြစ်သည်"။
(နဟိ ဝေရေန ဝေရာနိ, သမ္မန္တိဓ ကုဒါစနံ၊
အဝေရေနစ သမ္မန္တိ, ဧသ ဓမ္မော သနန္တနော။ (ဓမ္မပဒ, ယမကဝဂ္ဂ, ကာဠယက္ခိနီဝတ္ထု။)
ကိုင်း....ဘုရားက တစ်ယောက်နှင့် တစ်ယောက် ရန်မဖြစ်အောင် ဟောတော်မူထားတယ်၊ ကလေးများ ဘယ်တော့မှ ရန်မဖြစ်ကြနဲ့၊ ဘုရားစကား နားထောင်ကြနော်၊ မတော်လို့ ရန်ဖြစ် မိရင်လဲ သည်းညည်းခံကြ၊ ငါတို့မှားတယ်လို့ နားလည်ပြီး တစ်ယောက်နှင့်တစ်ယောက် လက်ဆွဲနှုတ် ဆက်ကြ၊ ရှိနေတဲ့ရန်စကို လက်စားချေတာဟာ ရန်တုံ့ပြန်တယ်လို့ ခေါ်တယ်၊ ဒီလို ရန်တုံ့ပြန်နေရင် ဒီရန်ဟာ ဘယ်တော့မှ မပြီးနိုင်ဘူး၊ လက်စားမချေဘဲ သည်းခံလိုက်မှ တစ်ယောက်နှင့် တစ်ယောက်ချစ်ခင်အောင် မေတ္တာထားလိုက်မှ ရန်စပြေနိုင်တယ်၊ ဒီဃာဝု မင်းသား ဝတ္ထုကို ဆရာဖတ်ပြမယ်, နားထောင်ကြနော်။
♣ ဒီဃာဝုမင်းသားအကြောင်း။
ရှေးတုန်းက ကာသိတိုင်း ဗာရဏသီပြည်၌ "ဗြဟ္မဒတ်" မည်သူသည် မင်းပြုနေ၏၊ မင်းနှစ်ပါး စစ်ဖြစ်ခန်း။ ။ထိုမင်းသည် စစ်တပ်အား, ဥစ္စာဓနအား ကောင်းလှ၏၊ ကောသလတိုင်း၌ကား "ဒီဃိတိ" မည်သူသည် မင်းပြုနေ၏၊
ထိုမင်းမှာ စစ်တပ်အား, ဥစ္စာဓနအား နည်းပါးလှ၏၊ ကာသိမင်းသည် ကောသလ မင်းကို စစ်တိုက်၍ တိုင်းပြည်ကို သိမ်းလေရာ ကောသလမင်းကို စစ်ထွက်ပြေး၍ ဗာရဏသီပြည်၏ အစွန် အဖျား၌ မထင်မရှား နေရလေသည်။
♣ ထွက်ပြေးသောမင်း အဖမ်းခံရပုံ။
ထို ထွက်ပြေးသော ကောသလမင်း၏ မိဖုရားမှာ သားတော် တစ်ပါးဖွား၍ "ဒီဃာဝု" ဟု အမည်ပေးထား၏၊ ဒီဃာဝုမင်းသား ပညာသင်ချိန် ရောက်လတ်သော် မြို့ပြင်ဘက်၌ ပညာကို သင်စေလေသည်၊ ပညာတတ်၍ လူလားမြောက်ချိန်မှာ ခမည်းတော်နှင့် မယ်တော် နှစ်ပါးကို ကာသိမင်းက ဖမ်း၍ သုသာန်သို့ သတ်ဖို့ရန် ထုတ်ဆောင်သွားစဉ် ဒီဃာဝုမင်းသားလည်း မယ်တော်ခမည်းတော်များကို တွေ့လို၍ မြို့တွင်းသို့အလာတွင် တွေ့မြင်ရလေသည်။
♣ သားအား ဩဝါဒပေးပုံ။
ထိုအခါ ဒီဃာဝုမင်းသားသည် မယ်တော် ခမည်းတော်များကို လိုက်ကြည့် နေသော လူထုအကြားမှ မထင်မရှားတိုးဝှေ့သွား၍ မယ်တော် ခမည်းတော်နှင့် နီးကပ်သော နေရာသို့ ရောက်သွားလေလျှင် ခမည်းတော်ကလည်း သူ့ဘာသာသူ ရွတ်ဆိုနေဟန်ဖြင့်
"ချစ်သားဒီဃာဝု…အရှည်ကို မကြည့်ရစ်နှင့်၊ အတိုကိုလည်းမကြည့်ရစ်နှင့်၊
[ထို ဩဝါဒ၌ "အရှည် မကြည့်နှင့်" ဆိုသည်မှာ "ရန်စ မရှည်စေနှင့်" ဟုဆိုလိုသည်၊ "အတိုမကြည့်နှင့်" ဆိုသည်မှာ "ချစ်ခြင်းကို မတိုစေနှင့်" ဟု ဆိုလိုသည်၊ [ဤအဓိပ္ပာယ်ကို နားမလည်သူတို့က "ရူးနေလို့ ကယောင်ကတန်း ပြောသည်" ဟု ထင်ကြသတဲ့။]
♣ မင်းသားအမှုထမ်းခန်း။
ဒီဃာဝုမင်းသားသည် မယ်တော် ခမည်းတော်များကို သတ်ရာ သုဿာန်၌ စောင့်နေရစ်ကြသော မင်းမှုထမ်းတို့ကို အရက်တိုက်၍ မူနေသည့်အခါ မယ်တော် ခမည်းတော် အလောင်းကို မီးသင်္ဂြိုဟ်လေသည်၊ ထို့နောက် တောထဲသို့ သွား၍ အားရအောင်ငိုပြီးလျှင် ကာသိမင်းထံ အမှုထမ်းရအောင် တဖြည်းဖြည်းကြံစီလေရာ အတော်ကြာလျှင် လူယုံတော် တစ်ယောက် ဖြစ်သွားလေသည်၊
ထို့နောက် ကာသိမင်းသည် ဒီဃာဝုကို ရထားမောင်းစေ၍ သမင်ပစ်ရန် ထွက်သွားစဉ် နောက်လိုက်စစ်သားတို့နှင့် တကွဲတပြားဖြစ်ကာ ရထားကို ရပ်စေ၍ မောပန်း သဖြင့် ဒီဃာဝု၏ ရင်ခွင်မှာပင် အိပ်ပျော်သွားလေသည်။
♣ မင်းသား ကြံစီခန်း။
ထိုကဲ့သို့ အိပ်ပျော်သွားလေလျှင် ဒီ ဃာဝုမင်းသားသည် "မိမိတို့၏ တိုင်းပြည်ကို လုယူ၍ မယ်တော် ခမည်းတော်တို့ကို သတ်ခဲ့သောရန်စကို လက်စားချေတော့အံ့" ဟု ကြံ၍ သံလျက်ကို အိမ်မှ ဆွဲထုတ်လိုက်လေသည်၊ ထိုအခါ ခမည်းတော်၏ နောက်ဆုံးပေးခဲ့သော ဩဝါဒကို ("အရှည် မကြည့်နဲ့, အတို မကြည့်နဲ့, ရန်စကို လက်စားချေ၍ မငြိမ်းအေးနိုင်၊ ရန်တုံ့မပြန် သည်းညည်းခံမှ ငြိမ်းနိုင် သည်" ဟူသော ဩဝါဒကို) သတိရ၍ သံလျက်ကို အိမ်တွင်းသို့ ပြန်သွင်းလိုက်ပြန်သည်၊
ဤသို့ ထုတ်လိုက်သွင်းလိုက် သုံးကြိမ်လောက် လုပ်နေတုန်းမှာ ဗြုံးကနဲ ရှင်ဘုရင် နိုးလာသဖြင့် ဘုရင့် ဦးခေါင်း ဆံပင်ကို ဆွဲကာ သန်လျက်ဖြင့် ရွယ်ပြီးလျှင် ကောသလမင်းသား ဒီဃာဝုဆိုတာ မိမိ ဖြစ်ကြောင်းကို ပြောဆို ကြိမ်းဝါးလေသည်။
♣ ရန်ပြေခန်း။
ထိုအခါ ကာသိမင်းက မသတ်ဖို့ရန်ပြောလျှင်"ကျွနု
♣♣ ပြန်လှန်စစ်မေးခန်း။
ဆရာ။ ။ဒီဝတ္ထုမှာ ကလေးများ ဘယ်လို နားလည်ကြသလဲ၊ ဒီဃာဝုမင်းသားက ကာသိမင်းကို တောထဲမှာသတ်မိလျှင် ကာသိမင်းဆိုင်ရာက ဒီဃာဝုမင်းသားကိုလဲ တစ်နေ့နေ့တော့ လက်စားချေမှာဘဲ မဟုတ်လား။
တပည့်များ။ ။ဟုတ်ပါတယ်။
ဆရာ။ ။ဒီဃာဝုမင်းသားဟာ "ရန်ကို လက်စားချေလို့ မငြိမ်းနိုင်ဘူ" ဆိုတဲ့ မိဘစကားကို နားထောင်တဲ့အတွက် ရန်စလဲ ငြိမ်းသွားတယ်, သမီးတော်ကိုလဲ ရတယ်, တိုင်းပြည် ကိုလည်းပြန်ရတယ် မဟုတ်လား။
တပည့်များ။ ။ဟုတ်ပါတယ်။
ဆရာ။ ။ ဒါ့ကြောင့်ကလေးများလဲ ရန်မဖြစ်ကြနဲ့၊ ရန်စရှိတောင်သည်းညည်းခံရမယ်