၁။ စေတီအတူ ၂။ စိတ်မူတည်ကြည်
၃။ ရောက်မည်နတ်ရွာ ၄။ တွေ့ခါသိလွယ်
၅။ မြတ်နွယ်အမျိုး ၆။ ရိုကျိုးခံရ
၇။ ပြည့်ဝအင်္ဂါ ၈။ ဆင်းလှစွာနှင့်
၉။ ကာယ ၁၀။ ခံတွင်း ကြိုင်သင်းမွှေးကြူ
၁၁။ ကြီးမူပညာ ၁၂။ နက်စွာ
၁၃။ ထက် ၁၄။ ရွှင်
၁၅။ လျင်မြန် ၁၆။ ဆန်းကြယ်
၁၇။ ကောင်းကြွယ်စကား ဆိုနိုင်ငြားသည်
ဘုရားဂုဏ်တော်
ပွားကျိုး(ဘုရားရှိခိုး အကျိုး) ဆယ့်ခွန်တည်း။
၁။ ဘုရားရှိခိုးသူသည်
ဘုရားဂုဏ်တော် ကိန်းဝပ်၍ ရိုသေထိုက်သဖြင့် စေတီနှင့် တူသော အကျိုး။
၂။ ဘုရားဂုဏ်တော်
အာရုံပြုခိုက် လောဘ ဒေါသအညစ်အကြေး ကင်းစင်၍ စိတ်ကြည်လင်ခြင်းအကျိုး, တည်ကြည်ခြင်းအကျိုးရရှိသည်။
၃။ စိတ်ကြည်လင်ခိုက်
လူ့ပြည် မနေရလို့ စုတေ သေလွန်ခဲ့သော်
နတ်ပြည်ရောက်ရခြင်းအကျိုး။
၎။ ဘုရားတစ်ဆူနှင့်တွေ့၍
ဘုရား တရားဟောလိုက်လျှင် ဘုရားကို ကြည်ညိုတဲ့ စိတ်ဖြင့် တရားတော်ကို နာယူရ၍
အလွယ်တကူ သစ္စာလေးပါး သိရခြင်းအကျိုး။
၅။ ဘုရားကို
ကြည်ညိုတဲ့ စိတ်ဖြင့် သေခဲ့လျှင် စိတ်တန်ခိုးသတ္တိရှိ၍
မြတ်သော
အမျိုး၌ ဖြစ်ရခြင်းအကျိုး။
၆။ မြတ်သောအမျိုးဟူသည်
မင်းမျိုး, အာဏာရှိသော အမျိုး, ပညာဥစ္စာ နှစ်ဖြာရှိသော
အမျိုးတို့၌ ဖြစ်ခဲ့၍ သူတကာတို့၏ အရိုအသေပြုမှုကို ခံရသော အကျိုး။
၇။ အင်္ဂါကြီးငယ်
ပြည့်ဝ၍ ဥပမာ ဘုရားဖြစ်မည့်သူ ဘုရားရှင်တို့၏
၃၂-ပါးသော လက္ခဏာတော်ကြီး၊ ၈၀-သော လက္ခဏာတော်ငယ်စသည်ဖြင့်
ပြည့်စုံခြင်းစသော အကျိုး။
၈။ အဆင်းလှခြင်း
နတ်တော့လဲ မမီ၊ လူလဲမက ဆိုတာလို ပဘာဝတီ, ဥမ္မာဒန္တီ, အမ္ဗပါလီ, ဇနပဒကလျာဏီတို့လို
လေးတောင်တိုက်ခန်း, ၁၂-တောင်တိုက်ခန်း မီးမထွန်းရပဲ ကိုယ်ရောင်လင်းခြင်း စသောအကျိုး။
၉။ ကာယ-ကိုယ်ခန္ဓာ
မွှေးကြိုင်ခြင်း။
၁၀။ မုခ=ပါးစပ်မှ
မွှေ့းကြိုင်ခြင်း၊ ဥပမာ-စကြဝတေးမင်း၏ မိဖုရားရတနာသည်
ပါးစပ်မှ
အာပုပ်စော် မနံပဲ ကြာဝစ္ဆံ, ကန့်ကော်ဝစ္ဆံအနံ့များထွက်ခြင်း၊
ကိုယ်ခန္ဓာမှ ချွေးစော်, ဂျေးစော်
မနံပဲ စန္ဒကူးနံ့ မွှေးပျံ့ခြင်းအကျိုး။
၁၁။ ပညာကြီးခြင်းအကျိုး၊
အရှင်သာရိပုတ္တရာ, မဟောသဓာတို့ကဲ့သို့ ပညာကြီးခြင်းအကျိုး။
၁၂။ ဘုရားမှတစ်ပါး
သာဝကများစွာအနက် နက်နဲသော ပြဿနာကို ဘုရားရှင်က မေးသောအခါ အရှင်သာရိပုတ္တရာတစ်ပါးသာ ဖြေနိုင်သည်။
၁၃။ ဉာဏ်ပညာ
အထက်ဆုံးသာဝက ဖော်ပြပါဆိုက အရှင်သာရိပုတ္တရာသည်
ပညာအထက်ဆုံးပင်
ဖြစ်သည်။
၁၄။ ရွှင်သော
ပညာဟူသည် ရှင်နန္ဒက၏ တရားနာရ၍ ဘိက္ခုနီမများ ရွှင်လန်းတက်ြွကလာကာ
သစ္စာလေးအင်ကို သိမြင်သွားကြပါသည်။
၁၅။ လျင်သော
ပညာ = ရှင်ဝင်္ဂီသသည် မြတ်စွာဘုရား ဂုဏ်တော်များကို သီကုံးဖွဲ့ဆိုရာ၌
တစ်ခဏချင်း လျင်မြန်စွာ သီကုံးဖွဲ့နိုင်သဖြင့် မြတ်စွာဘုရားကိုယ်တော်တိုင် ဧတဒဂ်ပေးတော်မူခဲ့သည်။
၁၆။ ဆန်းကျယ်သော
ပညာ = အရှင်ကုမာရကဿပသည် အဆန်း
တကျယ်
ဟောပြနိုင်သဖြင့် ဆန်းကျယ်သော ပညာရှိကြောင်း မြတ် ဗုဒ္ဓကိုယ်တိုင်
ဂုဏ်ထူးပေးတော်မူခဲ့ပါသည်။
၁၇။ ကောင်းကြွယ်စကား
ဆိုနိုင်ငြားသည် = စကားကောင်းဟူသည် မှန်လဲ မှန် အကျိုးလဲရှိ ကြားရသူလဲ
နားချမ်းသာ ဤအင်္ဂါသုံးဖြာနဲ့ညီမှ စကားကောင်းဖြစ်သည်၊ သို့ဖြစ်၍
အရှင်အဿဇိသည်
အရှင်သာရိပုတ္တရာအလောင်း ဥပတိဿပရိဗိုဇ်ကြီးအား ---
ယေ
ဓမ္မာ ဟေတုပ္ပဘဝါ စသော အကြောင်းရောက် အကျိုးပေါက်၊ အကြောင်းခမ်းခြောက် အကျိုးပျောက် အငြိမ်းဓာတ်သို့
ရောက်မှ ချမ်းသာ မည်ဟု ဟောလိုက်တာနဲ့ တစ်ပြိုင်နက် ချက်ချင်း သစ္စာလေးပါးကို သိသွား
ပါတော့သည်၊ စကားကောင်းကို ဆိုနိုင်သော အကျိုးပင် ဖြစ်ပါသည်။
♣♣ သဇ္ဇနောဒယဆရာတော်၏ အတ္ထုပ္ပတ္တိမှ ဖော်ပြပါသည်။
