မေတ္တာဂုဏ်ရည်, ဆယ့်တစ်လီကား,
အညီသတ္တဝါ, မလပ် ပါအောင်,
ခါခါနေ့စဉ်, မေတ္တာယှဉ်မူ,
ကြည်လင်အိပ်ပျော်, ထချိန် တော်၍,
နိုးသော်ရွှင်ရွှင်, အိပ်မက်မြင်လည်း, အစဉ်ကောင်းစွာ, မြင်မက်ရာ၏၊
ပြည်ရွာလူသား, နတ်အများလည်း, မြင်ကြားသမျှ, ချစ်ခင် ကြသဖြင့်,
ဒေဝထွေထွေ, စောင့်ရှောက်လေ၏၊
မီးရေခိုးသူ, များရန် သူလည်း, မယူမဖျက်, မနှောက်ယှက်တည်း၊
စိတ်စက်လည်းတည်, မျက်နှာကြည်၍,
သေမည်ခချဉ်း, တွေဝေကင်း၏၊
မှန်းရင်းဓမ္မ, မဂ် မရလည်း, ဈာန်ရလေလစ်, ဗြဟ္မာဖြစ်သည်...
ဆယ့်တစ်မေတ္တာ အကျိုးတည်း။ (မဟာဂန္ဓာရုံဆရာတော်)
အဓိပ္ပာယ်မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ချမ်းသာစွာ
အိပ်ရခြင်း။
၂။ ချမ်းသာစွာ နိုးရခြင်း။
၃။ မကောင်းသောအိပ်မက်ကို မမြင်မက်ရခြင်း။
၎။ လူတို့ ချစ်ခင်နှစ်သက်ခြင်း။
၅။ နတ်တို့ ချစ်ခင်နှစ်သက်ခြင်း။
၆။ နတ်တို့ စောင့်ရှောက်ခြင်း။
၇။ မီး, အဆိပ်, တုတ်, ဒါးလက်နက် မသင့်နိုင်ခြင်း။(ရန်းသူများ)မနှောက်ယှက်ခြင်း။
၈။ စိတ် လျင်မြန်စွာ တည်ကြည်ခြင်း။
၉။ မျက်နှာရုပ်အဆင်း ကြည်လင်ရွှင်ပျခြင်း။
၁၀။ မတွေမဝေ သေရခြင်း။
၁၁။ ရည်မှန်းသည့်မဂ်မရသော်လည်း သေသောအခါ ဗြဟ္မာ့ပြည်သို့
၂။ ချမ်းသာစွာ နိုးရခြင်း။
၃။ မကောင်းသောအိပ်မက်ကို မမြင်မက်ရခြင်း။
၎။ လူတို့ ချစ်ခင်နှစ်သက်ခြင်း။
၅။ နတ်တို့ ချစ်ခင်နှစ်သက်ခြင်း။
၆။ နတ်တို့ စောင့်ရှောက်ခြင်း။
၇။ မီး, အဆိပ်, တုတ်, ဒါးလက်နက် မသင့်နိုင်ခြင်း။(ရန်းသူများ)မနှောက်ယှက်ခြင်း။
၈။ စိတ် လျင်မြန်စွာ တည်ကြည်ခြင်း။
၉။ မျက်နှာရုပ်အဆင်း ကြည်လင်ရွှင်ပျခြင်း။
၁၀။ မတွေမဝေ သေရခြင်း။
၁၁။ ရည်မှန်းသည့်မဂ်မရသော်လည်း သေသောအခါ ဗြဟ္မာ့ပြည်သို့
လားရခြင်း-တို့ ဖြစ်ပါသည်။
