Monday, December 3, 2012

ချမ်းမြေ့ရိပ်သာကျောင်း မေတ္တာပို့


လုံးသတ္တ၀ါတွေ
ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ
ကိုယ်ဆင်းရဲ ကင်းကြပါစေ ၊ စိတ်ဆင်းရဲ ကင်းကြပါစေ
အစစအရာရာ အဆင်ပြေကြပါစေ

အားလုံးသတ္တ၀ါတွေ
ဘေးကင်းကြပါစေ၊ ရန်ကင်းကြပါစေ
စိုးရိမ်ခြင်းကင်းကြပါစေ၊ ပူဆွေးခြင်းကင်းကြပါစေ
ကြည်လင်ရွှင်လန်း ချမ်းမြေ့ကြပါစေ



အားလုံးသတ္တ၀ါတွေ
ဒေါသမာန်မာန ကင်းကြပါစေ၊ ရန်မူလိုခြင်း ကင်းကြပါစေ
နှိပ်စက်လိုခြင်း ကင်းကြပါစေ၊ သတ်ဖြတ်လိုခြင်း ကင်းကြပါစေ
ရန်ငြိုးသိုခြင်း ကင်းကြပါစေ၊ မနာလိုခြင်းကင်းကြပါစေ
စိတ်ထားဖြူစင်၊ မေတ္တာဝင် ချင်ခင်ကြင်နာကြပါစေ


အားလုံးသတ္တ၀ါတွေ
လိမ်ညာလှည့်ဖြား ရှောင်ရှားကြပါစေ၊ ကောက်ကျစ်စဉ်းလဲ ရှောင်လွဲကြပါစေ၊
ကုံးချေားစကား ရှောင်ရှားကြပါစေ၊ ကြမ်းတမ်းစကား ရှောင်ရှားကြပါစေ၊
ကြိမ်းမောင်းစကား ရှောင်ရှားကြပါစေ၊ ရန်လိုစကား ရှောင်ရှားကြပါစေ၊
အနှစ်မဲ့စကား ရှောင်ရှားကြပါစေ၊ အကျိုးမဲ့စကား ရှောင်ရှားကြပါစေ၊
ဟုတ်မှန်ကျိုးရှိ အနှစ်ပြည့်၍ ပိယဝါစာ ချိုသာစကား မေတ္တာထား ပြောကြားကြပါစေ၊

အားလုံးသတ္တ၀ါတွေ
သူ့ပစ္စည်းကို ရယူလိုခြင်း ကင်းကြပါစေ၊ သူ့အကျိုးကို ဖျက်ဆီးလိုခြင်း ကင်းကြပါစေ၊
အယူမှားကို စွဲယူလိုခြင်း ကင်းကြပါစေ၊
ယူမှားကင်းကြ လောဘကိုသိမ်း ဒေါသထိန်း အေးငြိမ်းကြပါစေ၊

အားလုံးသတ္တ၀ါတွေ
ဥစ္စာဓန ပြည်စုံကြပါစေ၊ အလှူဒါန ပြုနိုင်ကြပါစေ၊
ကိုယ်ကျင့်သီလထိန်းနိုင်ကြပါစေ၊ ဥပုသ်သီလ စောင့်နိုင်ကြပါစေ၊
သမထတရား ပွားနိုင်ကြပါစေ၊ ၀ိပဿနာတရား ပွားနိုင်ကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊
လိုအင်ဆန္ဒ မှန်သမျှ ပြည့်ဝကြပါစေ။

                         ဆုတောင်းမေတ္တာ

သူတော်စိတ်မြတ်၊ အငြိမ်းဓာတ်၊ လွှမ်းပတ်ကမ္ဘာတည်ပါစေ။
မေတ္တာစိတ်မြတ်၊ အအေးဓာတ်၊ လွှမ်းပတ်ကမ္ဘာခြုံပါစေ။
သတ္တဝါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ။
သတ္တဝါမှန်သရွေ့၊ တရားတွေ့၊ ချမ်းမြေ့သာယာရှိပါစေ။
ဗုဒ္ဓသာသနာ၊ ရှည်မြင့်ကြာ၊ ကမ္ဘာအနှံ့ပြန့်ပါစေ။
သတ္တဝါမှန်သမျှ၊ ကိုးကွယ်ကြ၊ ဒုက္ခခပ်သိမ်း ငြိမ်းပါစေ...။

သာဓု သာဓု သာဓု
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ