လောကမှာ သေသေချာချာ လေ့လာ အကဲခတ်ကြည့်။ အကျိုးကို လိုလားတဲ့ ပုဂ္ဂိုလ်တွေက အကျိုးကိုကြည့်ပြီး အကျိုးကိုရှာကြတာ။ အပြစ်ကို လိုလားတဲ့ ပုဂ္ဂိုလ်တွေက အပြစ်ကိုကြည့်ပြီး အပြစ်ရှာ ၊ အပြစ်တင်လုပ်ကြတာပဲ။ နောက်ဆုံးတော့ အကျိုးရှာသူတွေက အကျိုးကိုတွေ့ မြင်ပြီး အကျိုးရကြတယ်။ အပြစ်ရှာသူတွေကတော့ အပြစ်တွေမြင်ပြီး အပြစ်ရနေကြတာပေါ့။
သူတို့ အနောက်နိုင်ငံတွေမှာ နားမလည်နိုင်တဲ့ ကိစ္စတစ်ရပ်အပေါ်မှာ သူတို့ ရဲ့ သဘောထားကိုက အလွန်အထက်တန်းကျတဲ့ ခံယူချက်ရှိတယ်။ ဥပမာ - “ဗုဒ္ဓဘာသာအရ အမြင့်ဆုံးပန်းတိုင်ဟာ ဘာလဲ” လို့ မေးလာတဲ့အတွက် “နိဗ္ဗာန်” နဲ့  နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးကို ရှင်းပြတဲ့အခါ အသေအချာ စူးစူးစိုက်စိုက်ကို နားထောင်တယ်။ ပြီးတော့ ဘာပြောလဲဆိုတော့ “ကျွှန်တော်တို့ ဥာဏ်မမှီသေးဘူး။ သိပ်လေးနက်လွန်းတယ်။” တဲ့။ ဒါဟာ အလွန်အဆင့်မှီတဲ့ မှတ်ချက်ပဲ။ သူ့ အတွက် နိဗ္ဗာန်တံခါး ဘယ်တော့မှ မပိတ်ဘူး။
တို့ ဒီမှာ ခေတ်မီသလိုလို ၊ ခေတ်ပညာတတ်လိုလို ကောင်လေးတွေ တစ်ခါတစ်ခါ လာမေးလို့ ပြောပြကြည့်တယ်။ သူတို့ သဘောပေါက်နားမလည်တဲ့ ကိစ္စမျိုးဆိုရင် “ဟာ…….ဒါတော့ လုံးဝကို မဖြစ်နိုင်ပါဘူး” တဲ့။ မှတ်ချက်ချပုံချင်း ဘယ်လောက် အဆင့်အတန်းကွာသလဲ။ သွားပြီ…………သူ့ အတွက် ဘာမှမျှော်လင့်ချက်မရှိတော့
မှတ်ချက်။ ဆရာတော် ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) ရေးသားသော “မဟာသွေးစည်းမှုအောင်ပွဲနှင်
Htoo Tint Naing facebok မှ ကူးယူဝေငှပါသည်။