စင်ကာပူကိုသွားပြီး ပညာသင်နေတဲ့ တပည့်တစ်ယောက်က အင်တာနက်ကနေ လျှောက်ထားချင်လို့ ပါ ဆိုတာနဲ့ သွားပြီးနားထောင်နေလိုက်ပါ တယ်။
သူ့ မှာ အကုသိုလ်တွေများနေလို့ တဲ့။ ဘာဖြစ်လို့ လဲဆိုတော့ သူဟာ
စာမေးပွဲဖြေခါနီးရက်တွေမှာ သက်သက်လွတ်လည်းစားတယ် ၊ ပုတီးလည်းစိပ်တယ်။ ဒါနဲ
့တောင် စာမေးပွဲဖြေတဲ့အခါ သူနဲ့ အတူဖြေသူတွေက ဂုဏ်ထူးတွေနဲ့ အောင်မြင်ကြပြီး သူ့ မှာတော့ တစ်ဘာသာတောင် ထပ်ပြီး ဖြေရဦးမှာတဲ့။
ဒါနဲ့ Result ကိုကြည့်ပြီးတဲ့အခါ သက်သက်လွတ်တွေ ၊ ပုတီးတွေကလည်း ဘာမှမစွမ်းဘူးဆိုပြီး ပြစ်မှားမိတယ်။ သူများတွေ ဂုဏ်ထူးရလျှက်နဲ့ ကိုယ်က တစ်ဘာသာကျတာကိုလည်း အရမ်းဝမ်းနည်းပြီး မခံချင်စိတ်တွေလည်း ဖြစ်တယ်တဲ့။
အဲဒါကြောင့် သူ့ မှာ အကုသိုလ်တွေ များနေပြီး ဆောက်တည်ရာမရသလိုဖြစ်နေတယ် ဆိုတဲ့အကြောင်း ငိုချင်းရှည်ကြီးနဲ့ ရောပြီးလျှောက်ထားနေပါတော့ တယ်။
မိမိက “ဒီမှာ - အခု မင်းငိုတာတွေကို ခဏရပ်ထားလိုက်ဦး။ ဒီကပြောမှာကို သေသေချာချာနားထောင်ဦး။ ပြီးတော့ မေးတာကိုလည်း ဖြေးဖြေးစဉ်းစားပြီးမှဖြေနော်။
မင်းပြောသွားတဲ့အထဲမှာ စာမေးပွဲနီးကတည်းက သက်သက်လွတ်လည်းစားတယ် ၊ ပုတီးလည်းစိပ်တယ်လို့ ပဲပြောတယ်။ စာကို အေးအေးဆေးဆေးကြည့်တယ်လို့ မပါဘူးနော်။ ”
“အေး……….စာမေးပွဲကို သက်သက်လွတ်နဲ့ ပုတီးအကြောင်းမေးတဲ့ စာမေးပွဲဟုတ်ပုံမရဘူးကွ။ သူပြဋ္ဌာန်းထားတဲ့ ဘာသာရပ်တွေကိုပဲ မေးတဲ့ စာမေးပွဲမျိုးဖြစ်မယ်။ ဟုတ်တယ်မို့ လား။ မင်းက ပြဋ္ဌာန်းထားတဲ့ဘာသာရပ်ကိုတော့  မကြိုးစားပဲ မပြဋ္ဌာန်းတာ သွားကြိုးစားနေရင်တော့ ဘယ်ဖြေနိုင်မလဲ။ ဒါဟာ ဘယ်သူ့ အပြစ်လဲဆိုတာကို မင်းစဉ်းစားကြည့်ရင် သိမှာပါ။ ”
“မဖြေနိုင်တဲ့အခါကျတော့ သက်သက်လွတ်နဲ့ ပုတီးကိုလည်း ပြစ်မှားတယ်။ ဟုတ်လား။ ငါ ပြောမယ်နော်။ စဉ်းစားပြီးနားထောင်ဦး။ သက်သက်လွတ်တို့ ပုတီးတို့ ……..အေး မင်းတို့ ပြောသလို ပုတီးပဲထားလိုက်ပါတော့ကွာ။ အမှန်ကတော့ ဘုရားဂုဏ်ကိုအာရုံပြုတာပါ။ အဲဒီမှာ မင်းတို့ ခံယူပုံက အခြေခံကစပြီး လွဲနေကြတာ။ သက်သက်လွတ်ဆိုတာ သတ္တ၀ါတွေအပေါ် ကြင်နာသနားတဲ့စိတ်နဲ့ ”စားသူနည်းရင် သေတာနည်းပါစေ” ဆိုပြီး သူတို့ အကျိုးကို ရှေးရှုရှောင်ကြဉ်တာ ဆိုရင်တော့ ဘာမှအထူးပြောစရာမရှိပါဘူး။ ကိုယ်ကျိုးဖြစ် ၊ စီးပွားဖြစ်ရှောင်တယ်ဆိုရင် တော့ မင်းစေတနာကိုက မှန်မှ မမှန်ပဲဟာ။ ဘာအကျိုးထူးမှာလဲကွာ။”
“ ပြီးတော့ ဘုရားဂုဏ်တော်တွေကို အာရုံပြုပြီး ပုတီးစိတ်တယ်တဲ့နော်။ အေး……….မင်းတို့ ဘုရားကို တစ်ကယ်ကြည်ညိုတယ်ဆိုရင် လေးလေးနက်နက်သိထားရမှာက မြတ်စွာဘုရားဆိုတာ လေးစားကြည်ညိုဖို့ ၊ ဒုက္ခလွတ်မြောက်ရေးအတွက် အားကိုးဖို့ သာဖြစ်တယ်။ မန်းမှုတ် ကယ်တင်ခိုင်းဖို့ မဟုတ်ဘူး။ အဲဒါမြဲမြဲမှတ်ထားရမယ်။ ”
“ကြည်ညိုတယ်ဆိုတာကတော့ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့ပြီး ရိုသေလေးစားမှုပြုတာပဲ။ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေနဲ့ ပတ်သတ်ပြီး ကိုယ်ဥာဏ်မီသလောက် နှလုံးသွင်းအာရုံပြုကြည်ညို ရတာပေါ့။
ဒုက္ခလွတ်မြောက်ရေးအတွက် အားကိုးဖို့ ဆိုတာ ကိုယ်တွေ့ ကြုံရတဲ့ ဒုက္ခတွေက
လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ဘုရားရှင်ပေးတဲ့ နည်းလမ်းတွေကို
သင်ယူလေ့လာပြီး လိုက်နာကျင့်သုံးဖို့ ပြောတာနော်။ ဒုက္ခတွေက လွတ်မြောက်အောင်
ကယ်တင်ခိုင်းဖို့ မဟုတ်ဘူး။”
တို့ ရဲ့ ဂေါတမမြတ်စွာဘုရား ဆိုတာ ကယ်တင်ရှင်ဘုရားမဟုတ်ဘူး။ လမ်းညွှန်နည်းပြ ဘုရားသာဖြစ်တယ်။ ဘုရားဂုဏ်တော်တွေထဲမှာ “သတ္တာဒေ၀ မနုဿာနံ = နတ်လူတို့ ရဲ့ လမ်းညွှန်နည်းပြ သြ၀ါဒပေးဆရာဖြစ်တော်မူပါပေ၏ ။” ဆိုတာပါသားပဲ။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ကလည်း ဓမ္မပဒ (၂၇၆) မှာ -
“သင်တို့ က ကိုယ့်တာဝန်ကို ကျေပွန်အောင် ကြိုးစားအားထုတ်ရမယ်။ မြတ်စွာဘုရားတို့ ဆိုတာ လမ်းညွှန်ပုဂ္ဂိုလ်များသာဖြစ် တယ်။ လိုက်နာကျင့်သုံးသူသာ ဒုက္ခကလွတ်မြောက်မယ်” လို့ ဟောထားပါတယ်။
မင်းဖြစ်ပုံကို ဆရာတစ်ယောက်အနေနဲ့ အကြိုက်ကို မငဲ့ကွက်ပဲ အကျိုးကိုငဲ့ပြီး ပြောရမယ်ဆိုရင်တော့ ဘုရားရှင်ကိုရိုသေလေးစားပြီး အားကိုးတဲ့သဘောမျိုးမဟုတ်ဘူး။ ကိုယ်က အပင်ပန်းမခံချင်တဲ့အတွက် ဘုရားရှင်ကို ကိုယ်လိုချင်တာတွေရအောင် အလုပ်ခိုင်းတဲ့သဘောမျိုးဖြစ်နေတယ်။
ဒါကလည်း ဒို့ ဗုဒ္ဓဘာသာဝင်တွေ မှားလေ့ရှိတဲ့ အမှားကြီးပဲ။ အန္တရာယ်ကင်းအောင် ၊ ရာထူးဂုဏ်သိန် တိုးတက်အောင် ၊ စီးပွားဖြစ်အောင်ဆိုတဲ့ ရည်ရွှယ်ချက်နဲ့ အဓိဋ္ဌာန်ဝင်တယ် ၊ ပွဲထိုးတယ် ၊ ပုတီးစိပ်တယ်ဆိုတာ သေချာစဉ်းစားကြည့်လေ။ ကိုယ်လိုချင်တာတွေကို ကိုယ်စွမ်းကိုယ်စနဲ့ မကြိုးစားချင်ပဲ ဖြတ်လမ်းက အချောင်ရလို့ ဘုရားရှင်ကို မရိုမသေ အလုပ်ခိုင်းနေတဲ့ သဘောပဲ မဟုတ်လား။
ခိုင်းတာမှ ရိုးရိုးခိုင်းတာတောင် မဟုတ်ဘူး။ ဖြတ်လမ်းကနေ ပေါချောင်ကောင်းနဲ့ ရအောင် အမြန်ကို ရှာခိုင်းနေတာပဲ။ ငါပြောတာ ကြမ်းလွန်းတယ်ထင်ရင် မင်းလုပ်ခဲ့တဲ့ သက်သက်လွတ်စားတာနဲ့ ပုတီးစိပ်တယ်ဆိုတဲ့အခါမှာ မင်းထားတဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို ပြန်ပြီး သုံးသပ်ကြည့်ပေါ့နော်။
“အေး……….မင်းက ဘုရားဂုဏ်တော် အာရုံပြုတာ ရိုးရိုးသားသားကြည်ညိုလို့ ပါဆိုရင်လဲ စာမေးပွဲကျတဲ့အခါ ဘာဖြစ်လို့ ပြစ်မှားစရာလိုမလဲပေါ့။”
“မင်းနောက်ဆို မြဲမြဲမှတ်ထားနော်။ ရတနာသုံးပါး နဲ့ ပတ်သတ်ရင် ယုံကြည်ချက် ခံယူချက်နဲ့ သာလုပ်ပါ။ မျှော်လင့်ချက်နဲ့ လုံးဝမလုပ်မိစေနဲ့ ။ မျှော်လင့်ချက်နဲ့ လုပ်မိရင် မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ပြစ်မှားမိတတ်တယ်။ မင်းမှာ အခုကြုံရတာဟာ အဲဒီပြသာနာပဲ။ ”
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
မှတ်ချက်။ ဆရာတော် ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ရေးသားထုတ်ဝေသော “လောကကျက်သရေ” စာအုပ်ကို ကိုယ်တိုင်ဖတ်ရှုမှတ်သားပြီး သကာလ
ကျွှန်တော်တို့ ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက် အလွန်မှ တန်ဖိုးရှိသောဓမ္မရသ
အဆီအနှစ်များကို ပြန်လည်ကုသိုလ်ပြု ကောက်နုတ်ဖော်ပြပါသည်ခင်ဗျာ ။
ထူးတင့်နိုင်
၁၅-၁၁-၂၀၁၂
မနက် ၉ နာရီ
ဒါနဲ့ Result ကိုကြည့်ပြီးတဲ့အခါ သက်သက်လွတ်တွေ ၊ ပုတီးတွေကလည်း ဘာမှမစွမ်းဘူးဆိုပြီး ပြစ်မှားမိတယ်။ သူများတွေ ဂုဏ်ထူးရလျှက်နဲ့ ကိုယ်က တစ်ဘာသာကျတာကိုလည်း အရမ်းဝမ်းနည်းပြီး မခံချင်စိတ်တွေလည်း ဖြစ်တယ်တဲ့။
အဲဒါကြောင့် သူ့ မှာ အကုသိုလ်တွေ များနေပြီး ဆောက်တည်ရာမရသလိုဖြစ်နေတယ် ဆိုတဲ့အကြောင်း ငိုချင်းရှည်ကြီးနဲ့ ရောပြီးလျှောက်ထားနေပါတော့
မိမိက “ဒီမှာ - အခု မင်းငိုတာတွေကို ခဏရပ်ထားလိုက်ဦး။ ဒီကပြောမှာကို သေသေချာချာနားထောင်ဦး။ ပြီးတော့ မေးတာကိုလည်း ဖြေးဖြေးစဉ်းစားပြီးမှဖြေနေ
မင်းပြောသွားတဲ့အထဲမှာ စာမေးပွဲနီးကတည်းက သက်သက်လွတ်လည်းစားတယ် ၊ ပုတီးလည်းစိပ်တယ်လို့ ပဲပြောတယ်။ စာကို အေးအေးဆေးဆေးကြည့်တယ်လို့ မပါဘူးနော်။ ”
“အေး……….စာမေးပွဲကို သက်သက်လွတ်နဲ့ ပုတီးအကြောင်းမေးတဲ့ စာမေးပွဲဟုတ်ပုံမရဘူးကွ။ သူပြဋ္ဌာန်းထားတဲ့ ဘာသာရပ်တွေကိုပဲ မေးတဲ့ စာမေးပွဲမျိုးဖြစ်မယ်။ ဟုတ်တယ်မို့ လား။ မင်းက ပြဋ္ဌာန်းထားတဲ့ဘာသာရပ်ကိုတော
“မဖြေနိုင်တဲ့အခါကျတော့ သက်သက်လွတ်နဲ့ ပုတီးကိုလည်း ပြစ်မှားတယ်။ ဟုတ်လား။ ငါ ပြောမယ်နော်။ စဉ်းစားပြီးနားထောင်ဦး။ သက်သက်လွတ်တို့ ပုတီးတို့ ……..အေး မင်းတို့ ပြောသလို ပုတီးပဲထားလိုက်ပါတော့ကွာ။ အမှန်ကတော့ ဘုရားဂုဏ်ကိုအာရုံပြုတာပါ။ အဲဒီမှာ မင်းတို့ ခံယူပုံက အခြေခံကစပြီး လွဲနေကြတာ။ သက်သက်လွတ်ဆိုတာ သတ္တ၀ါတွေအပေါ် ကြင်နာသနားတဲ့စိတ်နဲ့ ”စားသူနည်းရင် သေတာနည်းပါစေ” ဆိုပြီး သူတို့ အကျိုးကို ရှေးရှုရှောင်ကြဉ်တာ ဆိုရင်တော့ ဘာမှအထူးပြောစရာမရှိပါဘူး။ ကိုယ်ကျိုးဖြစ် ၊ စီးပွားဖြစ်ရှောင်တယ်ဆိုရင်
“ ပြီးတော့ ဘုရားဂုဏ်တော်တွေကို အာရုံပြုပြီး ပုတီးစိတ်တယ်တဲ့နော်။ အေး……….မင်းတို့ ဘုရားကို တစ်ကယ်ကြည်ညိုတယ်ဆိုရင် လေးလေးနက်နက်သိထားရမှာက မြတ်စွာဘုရားဆိုတာ လေးစားကြည်ညိုဖို့ ၊ ဒုက္ခလွတ်မြောက်ရေးအတွက် အားကိုးဖို့ သာဖြစ်တယ်။ မန်းမှုတ် ကယ်တင်ခိုင်းဖို့ မဟုတ်ဘူး။ အဲဒါမြဲမြဲမှတ်ထားရမယ်။ ”
“ကြည်ညိုတယ်ဆိုတာကတော့ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့ပြီး ရိုသေလေးစားမှုပြုတာပဲ။ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတွေနဲ့ ပတ်သတ်ပြီး ကိုယ်ဥာဏ်မီသလောက် နှလုံးသွင်းအာရုံပြုကြည်ညို
တို့ ရဲ့ ဂေါတမမြတ်စွာဘုရား ဆိုတာ ကယ်တင်ရှင်ဘုရားမဟုတ်ဘူး။ လမ်းညွှန်နည်းပြ ဘုရားသာဖြစ်တယ်။ ဘုရားဂုဏ်တော်တွေထဲမှာ “သတ္တာဒေ၀ မနုဿာနံ = နတ်လူတို့ ရဲ့ လမ်းညွှန်နည်းပြ သြ၀ါဒပေးဆရာဖြစ်တော်မူပါပေ၏
“သင်တို့ က ကိုယ့်တာဝန်ကို ကျေပွန်အောင် ကြိုးစားအားထုတ်ရမယ်။ မြတ်စွာဘုရားတို့ ဆိုတာ လမ်းညွှန်ပုဂ္ဂိုလ်များသာဖြစ်
မင်းဖြစ်ပုံကို ဆရာတစ်ယောက်အနေနဲ့ အကြိုက်ကို မငဲ့ကွက်ပဲ အကျိုးကိုငဲ့ပြီး ပြောရမယ်ဆိုရင်တော့ ဘုရားရှင်ကိုရိုသေလေးစားပြီ
ဒါကလည်း ဒို့ ဗုဒ္ဓဘာသာဝင်တွေ မှားလေ့ရှိတဲ့ အမှားကြီးပဲ။ အန္တရာယ်ကင်းအောင် ၊ ရာထူးဂုဏ်သိန် တိုးတက်အောင် ၊ စီးပွားဖြစ်အောင်ဆိုတဲ့ ရည်ရွှယ်ချက်နဲ့ အဓိဋ္ဌာန်ဝင်တယ် ၊ ပွဲထိုးတယ် ၊ ပုတီးစိပ်တယ်ဆိုတာ သေချာစဉ်းစားကြည့်လေ။ ကိုယ်လိုချင်တာတွေကို ကိုယ်စွမ်းကိုယ်စနဲ့ မကြိုးစားချင်ပဲ ဖြတ်လမ်းက အချောင်ရလို့ ဘုရားရှင်ကို မရိုမသေ အလုပ်ခိုင်းနေတဲ့ သဘောပဲ မဟုတ်လား။
ခိုင်းတာမှ ရိုးရိုးခိုင်းတာတောင် မဟုတ်ဘူး။ ဖြတ်လမ်းကနေ ပေါချောင်ကောင်းနဲ့ ရအောင် အမြန်ကို ရှာခိုင်းနေတာပဲ။ ငါပြောတာ ကြမ်းလွန်းတယ်ထင်ရင် မင်းလုပ်ခဲ့တဲ့ သက်သက်လွတ်စားတာနဲ့ ပုတီးစိပ်တယ်ဆိုတဲ့အခါမှာ မင်းထားတဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို ပြန်ပြီး သုံးသပ်ကြည့်ပေါ့နော်။
“အေး……….မင်းက ဘုရားဂုဏ်တော် အာရုံပြုတာ ရိုးရိုးသားသားကြည်ညိုလို့ ပါဆိုရင်လဲ စာမေးပွဲကျတဲ့အခါ ဘာဖြစ်လို့ ပြစ်မှားစရာလိုမလဲပေါ့။”
“မင်းနောက်ဆို မြဲမြဲမှတ်ထားနော်။ ရတနာသုံးပါး နဲ့ ပတ်သတ်ရင် ယုံကြည်ချက် ခံယူချက်နဲ့ သာလုပ်ပါ။ မျှော်လင့်ချက်နဲ့ လုံးဝမလုပ်မိစေနဲ့ ။ မျှော်လင့်ချက်နဲ့ လုပ်မိရင် မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ပြစ်မှားမိတတ်တယ်။ မင်းမှာ အခုကြုံရတာဟာ အဲဒီပြသာနာပဲ။ ”
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
မှတ်ချက်။ ဆရာတော် ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ရေးသားထုတ်ဝေသော “လောကကျက်သရေ” စာအုပ်ကို ကိုယ်တိုင်ဖတ်ရှုမှတ်သားပြီး
ထူးတင့်နိုင်
၁၅-၁၁-၂၀၁၂
မနက် ၉ နာရီ