ပထမသူတော်ကောင်း
ဂုဏ်အင်္ဂါ
ယောဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့် , ဘဝနောက်နှောင်း, ကောင်းထက်ကောင်းဖို့, လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်၊ ဝေ-စင်စစ်ဧကန်,
အမှန်စိတ်ထား, ရိုးဖြောင့်သောအားဖြင့်၊ ကတညူ-သူတစ်ပါးတို့, ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို,
အထူးရှိသရွေ့, သိလေ့ရှိသည်လည်းကောင်း။
ဟော.. အင်္ဂါတစ်ပါး, သူတော်ကောင်း အင်္ဂါတစ်ပါး၊
သူ တစ်ပါးက ဘာပြုဖူးတယ်၊ ဥပမာ - တို့ငယ်ငယ်တုန်းက မိဘများ ကလေ တို့ကို ဘယ်လို စောင့်ရှောက်ခဲ့လိမ့်မယ်၊ ကြည့်စမ်း ငါတို့က ငါတို့ သားသမီးကို ဘယ်လို စောင့်ရှောက်တယ်,
ဒီလို ဆိုရင် ငါတို့မိဘက ငါတို့ကို ဘယ်လို စောင့်ရှောက် ခဲ့လိမ့်မယ် နော်၊
တို့ ဘာမှ မသိခင် လူမမယ်ကလေးဘဝတုန်းက တို့
အဖေ အမေများက ဘယ်လို စောင့်ရှောက်ခဲ့လိမ့်မယ်နော်၊ တို့ကို တို့ဘိုး ဘွားများက တို့ကို
ချစ်တယ်လို့ ဆိုတယ်နော်၊ တို့ကို ဘယ်လို ချစ်ရှာလိမ့်မယ်နော်, ဘယ်လို ယုယရှာလိမ့်မယ်နော်၊ အားလုံး လေ ပြန်ပြီးတော့ သိရ,
တို့ဆရာသမားတွေကလေ တို့ကိုဘယ်လို ချီးမြှောက်လိုက်လို့,
ဘယ်လို စောင့်ရှောက်လိုက်လို့ တို့ ဒီအခြေ အနေ ရောက်လာတယ်နော် သိရတယ်၊ ဟိုနားဒီနား
သွားရင်း လာရင်း မိတ်ကောင်းဆွေကောင်းတွေ တွေ့ပြန်လဲ "ဪသာ် သူကလေ တို့ကို စောင့်ရှောက်ရှာတယ်"
တကတဲ ကျေးဇူးကို သိလို့၊ ဒါ သူတော်ကောင်းလက္ခဏာ,
သူတော်ကောင်းလက္ခဏာ။
ဒုတိယသူတော်ကောင်း ဂုဏ်အင်္ဂါ
ကတညူ - သူတစ်ပါးတို့, ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို, အထူးရှိသရွေ့,
သိလေ့ရှိသည်လည်း ကောင်း၊ ကတဝေဒီ-သူများပြုအပ်, ကျေးဇူးရပ်ကို, တတ်သရွေ့ မှတ်သရွေ့,
ဆပ်လေ့ရှိသည်လည်း ကောင်း။
နှစ်ချက်နော် ကျေးဇူးတော့ သိပါရဲ့, ကျေးဇူးဆပ်မယ့်အချိန်
ကျတော့ တွန့်တွန့်နေတယ်၊ ဒါက ဓာတ်ညံ့လို့, ဓာတ်ညံ့လို့၊ ကိုယ့် ကိုယ်ကို, ကိုယ့်စိတ်ကို
သေသေချာချာ ကြည့်နော်၊ ကျေးဇူးဆပ် ရမယ့် အချိန်ကျတော့ စိတ်က တွန့်တွန့်သွားတယ်, နှမြောသလိုလို
ပျင်းသလိုလို အဲသလိုဖြစ်တော့ ကျေးဇူးဆပ်ရမယ့်အချိန် သူ့ ကျေးဇူးတောင်မှ ကျေးဇူး မဆပ်ချင်သလိုလို,
အလကားပါ, ဘယ့် နှယ် ညာ့နှယ် ဟောဒီလို စိတ်ကလဲ ဖြစ်တယ်, နှုတ်ကလဲ ပြောမိတတ်တယ်၊
ဆိုပါတော့ ..မိဘတွေ ကျေးဇူးကို ကိုယ်က ပြန်ပြီး
ဆပ်ရမယ့်အချိန်မှာ သွက်သွက်လက်လက် ထက်ထက်မြက်မြက် စိတ်ပါ လက်ပါ မဟုတ်တတ်ဘဲနဲ့
"အို ဒီလောက်ဆို တောရော ပေါ့, အို ဒီလိုဆို တော်ရောပေါ့" အဲသလို စသည်အားဖြင့်
ကျေး ဇူးဆပ်တဲ့ နေရာမှာလေ တွန့်ပြီးတော့ နေပြီဆိုရင် သူတော်ကောင်း ဓာတ် နည်းနည်း ညံ့နေတာ၊
ဆရာသမားနဲ့ စပ်လာလို့ရှိရင် ဆရာ သမားကျေးဇူးတွေ
ငါ့မှာ ရှိတယ်၊ အဲဒီ ကျေးဇူးတွေ ငါဆပ်ရမယ် ဆိုရင် ပြန်တွန့်နေတယ်၊ ဆရာ့အလို တယ် မလိုက်ချင်ဘူး၊
ဆရာ့ ကို ပြန်ပြီးတော့ ရိုသေလေးမြတ်စွာနဲ့ ကျိုးကျိုးနွံနွံ တယ်ပြီး မနေ ချင်ဘူး၊ ဒါတွေလေ
ကတဝေဒီဆိုတဲ့ ဂုဏ်အင်္ဂါ နည်းနည်းလေး ညံ့ပြီး ဓာတ်ရော့သွားတာ။
အလောင်းတော် ခြင်္သေ့မင်း
ကတဝေဒီ-သူများပြုအပ်, ကျေးဇူးရပ်ကို, တတ်သရွေ့
မှတ်သရွေ့, ဆပ်လေ့ရှိသည် လည်းကောင်း၊
ရှေးတုန်းက ဘုန်းကြီးတို့ ဘုရားအလောင်းဟာ
ခြင်္သေ့မင်း ဖြစ်တယ်၊ တစ်ခါတော့ တောင် ပေါ်ကနေပြီး တစ်ဟုန်ထိုး ခုန်ပြီး ဖမ်းလိုက်တာ
အကောင်ကို မဖမ်းမိဘဲနဲ့ ညွန်ဗွက်ထဲ ကျနစ်ပါရောလား၊ ပြန်ပြီးတော့ ထဖို့ရာ ထောက်စရာ,
ကန်စရာ ဘာမှ မရှိတော့ အားကလဲပဲ ဘယ် လောက် ကြိုးစားကြိုးစား ထောက်စရာ မရှိတော့ç သူခုန်ပြီးတော့
ရုန်းမထွက်နိုင်ဘူးç ရွှံ့ညွန်ထဲမှာ၊
အဲဒီအခါမှာ မြေခွေး တစ်ကောင် ဟာ မလှမ်းမကမ်း
ရောက်လာတော့ ခြေင်္သေ့က လှမ်းခေါ်တယ်၊ "အသင်မြေခွေး လာပါç လာစမ်းပါ" ဆိုတော့
မြေခွေးက လာရှာ တယ်၊ လာလို့ အနားရောက်တော့ "ငါ့ကို ဗိုက်အောက်ကနေပြီး မ-ပေးပါ,
မ-ပေးလို့ရှိရင် ငါ့အားနဲ့ ငါ ကြိုးစားပြီးတော့ ရုန်းပါ့ မယ်" ဆိုတော့ မြေခွေးက
ကြောက်တယ်တဲ့၊
"အရှင်သခင်ကို ကျွန်တော မ-ပေးရမှာဆိုတော့"
"ကိစ္စ မရှိပါဘူး, ငါ ကျေးဇူး သိတတ်ပါတယ်" ဆိုတော့ မြေခွေးက နည်းနည်းရဲလာပြီးတော့
အနားကပ်ပြီး ဟို ရွှံ့ကလေးတွေကို ယက်၊ အဲ ယက်ပြီးတော့ အနားကပ်ပြီး သူ့ခေါင်းက ဗိုက်အောက်
ဝင်လောက်တဲ့အချိန်မှာ "ကြိုးစားလိုက်စမ်း သခင်" လို့ ဆိုပြီး အားပေးလိုက်တာ၊
ဟိုကလဲ လွှတ်ရုန်းလိုက်တာ တစ်ခါထဲ လွတ်ထွက်လာခဲ့ရော၊ ဟာ ဝမ်း မြောက်ဝမ်းသာဖြစ်၊ ခြင်္သေ့ကလဲ
ဝမ်းမြောက်ဝမ်းသာဖြစ်တယ်။
"အသင်မြေခွေး အသာ ဒီနား နေရစ်အုံးဆိုပြီးတော့
သူက တစ်ခါထဲ ဟို သမင်တို့ ဘာတို့ လိုက်ရှာဖမ်းပြီး ယူလာတယ်၊ 'စား မိတ်ဆွေ စား'၊ မြေခွေးက
နည်းနည်းလေးတော့ ရွံ့တွန့် တွန့်၊ 'စား-စား' အမယ်လေး ကျေးဇူးတင်လိုက်တာç ကျေးဇူး သိတတ်လိုက်တာ
'စား-စား' နောက်တော့ "လာ လိုက်ခဲ့ç ငါတို့ နေတဲ့ ဂူထဲ လိုက်ခဲ့" ဆိုပြီးတော့
ခေါ်သွား၊
သူလဲ စားတယ်, သူလဲ အားတွေဘာတွေ ရှိ၊ ခေါ်သွားပြီးတော့
"သင့်ရဲ့ကလေး တွေနဲ့ သင့်ရဲ့ မယားခေါ်ခဲ့,
တို့နဲ့ အတူတူနေရအောင်"၊ ဟာ ဒီတော့
ရဲလို့ အတူတူနေ၊ ဟို တောကောင်တွေ ဘာတွေ ဖမ်းမိပြီ ဆိုမှဖြင့် "ဟာ စားကြ၊ မြေခွေးရဲ့
သားမယားပါ စားကြ"၊
ပြီးတော့ သူ့ရဲ့ ကလေးတွေပါ, ခြင်္သေ့ပါ, ခြင်္သေ့မပါ
စားကြ၊ ဒီလိုနဲ့ အရေး
ပါလိုက်တာ၊ အရေးပါတော့
ခြင်္သေ့မက ကြာတော့ တယ် မကျေ နပ်ချင်ဘူး၊ ဘယ့်နှယ်
ငါ့ ခြင်္သေ့ဟာ အရေးပါလွန်းတယ်၊ ဘာလဲ ညာလဲနဲ့
စိတ်ထဲ မကျေမနပ်နဲ့ တောင်တွေး မြောက်တွေး တွေး ရာက ခြင်္သေ့တို့, မြေခွေးတို့ အစာရှာသွားကြပြီဆို
အတူတူ သွားကြ၊
သွားကြပြီဆိုရင် သူက ခြင်္သေ့ကလေးတွေကို ပြောတယ်၊
"ဟဲ့ ဟိုမြေခွေး ကလေးတွေကို နင်တို့ တယ် အဖက်မလုပ်နဲ့၊ နည်းနည်းပါးပါး နှိပ်စက်"လို့
အမေက မြှောက်ပေးတယ်၊ ခြင်္သေ့ ကလေးတွေက မြေခွေးနဲ့ အရင်က တော်တော်ချစ်တာ၊ အမေက မြှောက်ပေးတာနဲ့
နည်းနည်းကလေး သူတို့က ကျယ်လာတယ်၊ အဲ မြေခွေးမကိုလဲ သူတို့ နည်းနည်း စော်ကားမော်ကား
လုပ်လာ ကြတယ်။
ဒီတော့ ပြန်လာတဲ့ အခါကျတော့ သူတို့ တိုင်ကြတယ်ကိုး၊
"ကျုပ်တို့ကို ဒီလိုပဲ နှိပ်စက်တယ် မနေချင်တော့ဘူးç တခြား သွား ကြစို့ရဲ့"
ဆိုတော့ မြေခွေးက ခြင်္သေ့ကို ပြောတယ်၊
"သခင်... ကြာတော့ မုန်းလာတတ်တယ်၊ ဒီလို
ဒီလိုပဲ ကျုပ်တို့ အစာရှာ ထွက်တဲ့အခါကျတော့ ခြင်္သေ့မနဲ့ ကလေးတွေက ကျုပ်ကလေး တွေနဲ့ ကျုပ်ရဲ့
မိန်းမကို နှိပ်စက်သတဲ့" ဆိုတော့ ခြင်္သေ့ကလေ ခြင်္သေ့မကို ပြောတယ်၊
"ရှင်မ ဟို ဘယ်လောက်အချိန်တုန်းက ငါ
ဘယ်နှစ်ရက်လောက် ပြန်မလာတာ မင်းမှတ်မိသေးသလား" 'မှတ်မိတယ်' အဲဒီတုန်းကလေ ငါ ရွှံ့ညွန်ထဲ
ကျွံနေတော့ ဟောဒီ မြေခွေးက ငါ့ကို ဗိုက်အောက်ကနေပြီးတော့ မ-ထုတ်လို့ ငါ အသက်ဘေး ချမ်းသာရာ
ရလာတယ်ကွယ်၊ ကျေးဇူးရှင်တွေကို မင်း မနှိပ်စက်ပါနဲ့" လို့ အဲဒီလို ပြောတော့မှ
ခြင်္သေ့မလဲ သဘော
ပေါက်ပြီးတော့
ချစ်ချစ်ခင်ခင် ပြန်ပြီးတော့ နေကြတယ်၊ သားစဉ် မြေးဆက် ခုနစ်ဆက်လုံးလုံး အချစ်မပျက်ကြဘူးတဲ့။
ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်ç
ဘဝနောက်နှောင်းç ကောင်းထက်ကောင်းဖို့ç လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်။
*** ဆက်လက်ဖော်ပြပါမည် ***
