ဓာတ်ခံကောင်းတာမှ
တန်ဖိုးရှိ
ကြည့်စမ်း - အလောင်းတော် ခြင်္သေ့မင်းဟာ ဓာတ်ခံရလာလို့
ကျေးဇူးသိ တတ်လိုက်တာ၊ သိတာမှ အို တစ်ခါ ထဲ တကတဲ အစာတွေ ကျွေးမွေးလိုက်၊ ဒီလိုတင် မဟုတ်ဘူး၊
ဟို အသက်ထက်ဆုံး ချစ်ချစ်ခင်ခင်နေ၊ နောက် သားစဉ်မြေးဆက် ချစ်ချစ်ခင်ခင် နေရစ်ဖို့ရန်
ပြောပြ၊
အဲဒီလို ဓာတ်ခံကောင်းတာတွေ ဘုန်းကြီးက အားရတာ,
အားရတာ၊ ဒီဓာတ်ခံက မပျက်ဘူး၊ ဒီကောင်းတဲ့ ဓာတ်ခံက မပျက်ဘူး၊ ခဏပန်းကလေး ပစ္စည်းဥစ္စာ
ပေါလို့, ခဏပန်းကလေး အမျိုးအဆွေ တင့်တယ်လို့, ခဏပန်း ကလေး ရုပ်အဆင်းလှလို့ ဒါ အသုံးမကျပါဘူး၊
မကြာခင် ဒီဘဝ ကလေး ကျော်လွန်ပြီး ဟိုတစ်ကန့် ရောက်သွားကြတာပဲ၊ ဒါဟာ ဘာမှ အားမကိုးလောက်ဘူး,
ဘာမှလဲ အထင်မကြီးလောက်ဘူး, ဘာမှလဲ ဒီလိုပုဂ္ဂိုလ်မျိုးကို ကိုယ်က အရေးကြီးတယ်လို့ မယူ
လောက်ဘူး၊ အမှန်ကတော့ အဲဒီ ဓာတ်ခံကလေး ဘုန်းကြီးက သဘောကျတယ်ကိုး။
"ယော ဓီရော - နဂိုမူလ, ဓာတ်ခံရသဖြင့်" အဲဒီဓာတ်ခံက ဘဝထဲ ပျောက်ပျောက် မသွားတာ ဘုန်းကြီးက
ကြိုက်လွန်းလို့ ကြည့်စမ်းလေ၊ ဘုရားရှင်ကိုယ်တော်မြတ်က "သဗ္ဗညုတဥာဏ် ရပါလို၏"
လို့ ဆုတောင်းလာတာ ဓာတ်ခံ
မပျက်လို့ လေး အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပြည့်တဲ့အခါကျတော့ ဘုရားဖြစ် လာတယ်၊
အရှင်သာရိပုတ္တရာက "ဥာဏ်ပညာ ကြီးရပါလို့ရဲ့"လို့
ဆုတောင်းပြီးတော့ ကုသိုလ်ကောင်းမှုတွေ ပြုလာ၊ ဘဝတိုင်း ဥာဏ်ပညာကြီးချင်တယ်, ကြီးချင်တယ်ဆိုတဲ့
ဓာတ်ခံပါလာ၊ ဒီတော့ အရှင်သာရိပုတ္တရာက တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပြည့်တော့ ဟော ဧတဒဂ်ရ
ပညာရှင်ကြီးဖြစ်ပြီးတော့ လာခဲ့ရ၊ ဘုန်းကြီးက ဒါပဲ သဘောကျတယ်။
အဲဒါဟာဖြင့် တစ်ဘဝလဲ မက, နှစ်ဘဝလဲ မက, ပရိနိဗ္ဗာန်စံတဲ့
ဘဝတိုင်အောင် ဒီဓာတ်ခံကောင်းကလေးက လိုက်သွားမှာ ဖြစ်တော့ အဲဒါ ဘုန်းကြီးက တယ်ကျေနပ်တယ်,
တယ် ဝမ်းသာအားရဖြစ်တယ်၊ ဒီသူ့အပေါ်မှာတော့ တယ်သဘောကျ တယ်၊
အဲဒီ ဓာတ်ခံ ကောင်းတယ်, မကောင်းဘူး, ဘဝသံသရာ
လိုက်မယ် မလိုက်ဘူးဆိုတဲ့ ဒီအင်္ဂါတွေ ရှောက်ကြည့်ပါ၊ သူများ ကျေးဇူးကို သိတတ်သလား၊ သူများကျေးဇူးကို
ဆပ်ရမယ့် အချိန် ကျတော့ ရှောရှောရှူရှူ ဆပ်ရဲ့လား, အဲဒါတွေ ကြည့်ပါ။
တတိယသူတော်ကောင်း ဂုဏ်အင်္ဂါ
ကတညူ - သူတစ်ပါးတို့, ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို, အထူးရှိသရွေ့, သိလေ့ရှိသည်လည်း ကောင်း၊ ကတဝေဒီ-သူများပြုအပ်,
ကျေးဇူးရပ်ကို, တတ်သရွေ့ မှတ်သရွေ့, ဆပ်လေ့ရှိသည်လည်းကောင်း၊ ကလျာဏမိတ္တော-မိကောင်းဖကောင်း,
ဆရာကောင်းနှင့်, ဖော်ပေါင်းအတိ, မိတ် ကောင်းရှိသည်လည်းကောင်း၊
လောက ပေါင်းသင်းဆက်ဆံကြ ပေမယ်လို့ ဓာတ်တူချင်းမှသာ
ပေါင်းလို့ ကောင်းတာ၊ လူကောင်း လူကောင်းချင်း ပေါင်းလို့ တယ်ကောင်း၊ လူမကောင်း,
လူ မကောင်းချင်း ပေါင်းပြန်တော့လဲ တစ်ခါတစ်ခါ တယ်ကောင်း တယ်၊ တစ်ခါတစ်ခါတော့
မကောင်းသည်အားလျော်စွာ တယ် ကြောက်စရာ ကောင်း၊ လူကောင်း လူကောင်းချင်း သူတော်ကောင်း
သူတော်ကောင်းချင်း, "သူတော်ချင်းချင်းç သတင်းလွေ့ လွေ့" ဆိုတာလို, တယ်..
ပေါင်းလို့ သင်းလို့ ပြောလို့ ဆိုလို့ ကောင်း တယ်။
"ကလျာဏမိတ္တော-မိကောင်းဖကောင်း, ဆရာကောင်းနှင့်"
ဒါ ကံကောင်းမှ ရတာ၊ ဓာတ်ခံကောင်းတဲ့သူတွေ ကံကောင်းလာတဲ့
လူတွေမှ အမေကောင်း အဖေကောင်းနှင့် တွေ့တာ၊ ဓာတ် ခံကောင်းလာတဲ့ç ကံကောင်းလာတဲ့ သူမှ
ဆရာကောင်းနဲ့ တွေ့ တာç သမားကောင်းနဲ့ တွေ့တာ။
"ကလျာဏမိတ္တော-မိကောင်းဖကောင်းç ဆရာကောင်းနှင့်ç
ဖော်ပေါင်းအတိç မိတ်ကောင်းရှိသည်လည်းကောင်း"။
အပေါင်းကလဲ တယ်ကောင်း၊ နို့ တကတဲ ကြည့်ရှုမယ့်သူနဲ့
မç စမယ့်သူနဲ့ လမ်းကောင်းညွှန်ပြမယ့်သူနဲ့ အားပေးမယ့်သူနဲ့
တယ်ကောင်း၊ ဆရာသမားတွေ ကြည့်လိုက်တော့လဲ ပညာသင် ချိန် ပညာသင်ပေးတဲ့ ဆရာကကောင်း၊ အမိအဖတွေ
ကြည့်လိုက် တော့လဲ အမိအဖတွေက သိက္ခာရှိရှိနဲ့, အမိအဖတွေက အားကိုး စရာ ကောင်းလိုက်တာ,
ပစ္စည်းဥစ္စာနဲ့, သိက္ခာနဲ့, ပြောဆိုဆုံးမလို့၊
အဲဒါကိုက ရှေးကံကောင်းမှ, ဓာတ်ခံကောင်းမှ
အကောင်းတွေ့တာ၊ ဒါ့ကြောင့် ဆွေကောင်း မျိုးကောင်းတွေ တွေ့ကြလို့ရှိရင် ဝမ်းသာစရာ၊ "ဪသာ်
ငါ့ဘဝ ဟိုဘက်အကန့်တွေက ငါ မညံ့ခဲ့လို့ ဒီအကန့်မှာ မိကောင်း ဖကောင်းနဲ့ တွေ့ရတယ်, ဆရာကောင်း
သမားကောင်းနဲ့ တွေ့ရတယ်, ဝမ်းသာစရာ၊ ဟိုဘက် အကန့် တွေက ငါ မညံ့ခဲ့လို့ ဒီအကန့် ဆရာကောင်း
သမားကောင်းနဲ့ တွေ့ရ, သူတော်ကောင်း အပေါင်းအဖော်တွေနဲ့ တွေ့ပြန်လဲ ဝမ်း သာစရာ"။
"ကလျာဏမိတ္တော-မိကောင်းဖကောင်း, ဆရာကောင်းနှင့်,
ဖော်ပေါင်းအတိ, မိတ်ကောင်းရှိသည်လည်းကောင်း" ဒါ ဂုဏ်အင်္ဂါ တစ်ခုç ဓာတ်ခံကောင်းတဲ့ သူတော်ကောင်းရဲ့
လက္ခဏာတစ်ခု။
စတုတ္ထသူတော်ကောင်း ဂုဏ်အင်္ဂါ
ဒဠှဘတ္တိ - ထိုမိတ်ကောင်းလည်း, အသည်းစွဲမျှ, အမြဲမပြတ်, ဆည်းကပ်လေ့ ရှိသည်လည်းကောင်း" မိတ်ကောင်း ဆွေကောင်းနဲ့ တွေ့ပါရဲ့၊ ပေါ့ပေါ့ဆဆ,
ဒီလိုဆိုရင်
ဒီဂုဏ်အင်္ဂါ ညံ့တာပဲ၊
ဆရာကောင်း, မိကောင်းဖကောင်းနဲ့ တွေ့ပါရဲ့ ပေါ့ပေါ့ဆဆ၊
ဆက်လက်ဖော်ပြပါမည်
