တစ်ကန့်စီ
တစ်ကန့်စီ စဉ်းစား
"ယော ဓီရော - နဂိုမူလ,
ဓာတ်ခံရသဖြင့်, ဘဝနောက်နှောင်း, ကောင်းထက်ကောင်းဖို့, လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်"
စဉ်းစားရမယ်၊ ဘုန်းကြီးက မစဉ်းစားဘဲနဲ့ နမော်နမဲ့ ကြီးလာတဲ့သူတွေကို
တယ်မကျေနပ်ဘူး၊ စဉ်းစဉ်းစား စားနဲ့ဆိုတဲ့ စကားကို ပြောရအုံးမယ်၊ ဒီဘုန်းကြီးတို့ဟာ တစ်ကန့်စီ တစ်ကန့်စီ စဉ်းစားတာဟာ
အင်မတန် ကောင်းတယ်၊
ဟိုဘက် ဘဝက တစ်ကန့်၊ ယခုဘဝက တစ်ကန့်၊ နောက်လာမယ့် ဘဝက တစ်ကန့်၊ အဲဒီတော့
တစ်ကန့် တစ်ကန့်မှာလေ အင်မတန် ကောင်းအောင် ကြိုးစားလိုက်လို့ရှိရင်ဖြင့်
အို တစ်ခါထည်း တက်ပြီးတော့ ဘဝပေါင်းများစွာ သွားပြန်ရော၊
ဒီတော့ ဘုန်းကြီးက ဒီဘဝကို တစ်ကန့်လို့ ယူထားတယ်၊ ဟိုလွန်ခဲ့တဲ့
ဘဝပေါင်းများ စွာက တစ်ကန့်၊ အဲဒီ ဓာတ်ခံတွေက ယခု ပါလာတယ်၊ ငါ့မှာ ပါလာတယ်၊ ယခု အလှူ့ဒကာမှာ,
ရဟန်းအမမှာ ပါလာတယ်၊ ဟိုဘက် ဘဝက ဓာတ်တွေဟာ
ဒီအကန့်ထဲ ပါလာç ဒီဘဝ
ဒီအကန့်ထဲ ပါလာ၊ ဒါလေးကို မြတ်စွာဘုရားက ဘယ်လိုများ အမိန့် ရှိတုန်း။
ကမ္မသတ္တိအရ ဓာတ်ခံပါလျက်ရှိ
ဟိုဘဝက ကုသိုလ်ပြုပြု, အကုသိုလ်ပြုပြု အဲဒီ ကုသိုလ် အကုသိုလ်ကံက
ဓာတ်ခံအဖြစ်နဲ့ ခန္ဓာကိုယ်မှာ သတ္တိကျန်ရစ်တယ်၊ ဘာသတ္တိလဲ ကမ္မပစ္စည်းသတ္တိ ကျန်ရစ်တယ်၊
အဲဒီ ကမ္မပစ္စည်း သတ္တိက သင့်တော်တဲ့ အချိန်ကျရင် အကျိုးပေးပါရော၊
ဒါကြောင့် အဲဒီ ဓာတ်ခံလေးဟာ ပြန်ပြီးတော့ စဉ်းစားရမယ်၊ ကိုယ့်ကိုယ်ကို
ဒီအကန့်ကနေပြီးတော့ လွန်ခဲ့တဲ့ ဘဝသံသရာကို မှန်းကြည့်လို့ ရှိရင် ငါ ဘယ်လို ဓာတ်ခံ
ပါလာသလဲ၊ ငါ ဒီဘဝ အကျိုးပေးတဲ့ မျိုးရိုး ဘယ်လို ဓာတ်ခံကြောင့် ဘယ်လို အမျိုးအရိုး
လာပေးတယ်၊
ငါ ဒီဘဝမှာ ရုပ်အဆင်းက ဘယ်လိုကုသိုလ် ဓာတ်ခံကြောင့် ဘယ်လို ရုပ်အဆင်းမျိုး
လာပေးတယ်၊ ငါ ဒီဘဝမှာ စည်းစိမ် ဥစ္စာက ဘယ်လိုဓာတ်ခံကြောင့် စည်းစိမ်ဥစ္စာ လာပေးတယ်၊ ဒါ
လေးတွေ ဒီကံနဲ့ ကံရဲ့ အကျိုးပေးပုံတွေ ကြည့်ရင် ငါဘယ်လို ဓာတ်ခံ ပါလာတယ်၊ ငါ့ စိတ်နေ
စိတ်ထားဟာလေ ဘယ်လို သဘော ရှိတယ်၊
ကောင်းတယ် မကောင်းဘူး, ကိုယ့်ဟာကို အသိဆုံး၊ အဲဒီ သိတဲ့ဥစ္စာ ကောင်းလဲ
ရှေးဘဝက ဓာတ်ခံပဲ, မကောင်းလဲ ရှေးဘဝက ဓာတ်ခံပဲ၊ အဲဒီ ဓာတ်ခံဟာ ဒီအကန့် ရောက်လာတယ်၊
ဒီအကန့် ရောက်လာတော့ ဒီအကန့် နောင် လာမယ့် ဘဝသံသရာ လှမ်းမျှော်လိုက်တဲ့ အခါကျတော့
"ဟာ ဒီဘဝဓာတ်တွေဟာ နောင်လာမယ့် ဘဝသံသရာတွေမှာ ဆက်အုံး မှာပါလား၊ နိဗ္ဗာန်မရမချင်း
ဆက်အုံးမှာပါလား" ဟောဒီလို သဘောပေါက်တော့ အို ဒီဘဝမှာလေ သိပ်ကောင်းအောင် ကြိုး
စားချင်လာတဲ့ စိတ် ဖြစ်လာတယ်၊ အလွန် ကောင်းတယ်ç အလွန် ကောင်းတယ်၊ ဒါ မစဉ်းစားလို့ မဖြစ်ဘူး။
ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့် ...
ဒါက ဓာတ်ကောင်းရလာလို့
အသိဥာဏ်တွေ ဘာတွေက ရှိလာလို့, မိကောင်း ဖကောင်းတွေက အဆုံးအမတွေ ပေးလာလို့, ဆရာသမားကောင်းတွေက
ညွှန်ပြလို့, ဆုံးမလို့, ကိုယ်ကလဲ လိုက် နာလို့, နားထောင်လို့ အဲဒီ ဓာတ်ကောင်း ပါလာတာ၊
ဓာတ်ကောင်း ပါလာတာ၊ ဓာတ်ကောင်း ပါမလာတဲ့ သူကို မိကောင်း ဖကောင်း က အဲဒီဓာတ်ကောင်းပါဖို့
ဆုံးမပေမယ့် နားမထောင်ပေါင်၊ ဆရာကောင်း သမားကောင်းက ဆုံးမပေမယ့် နားမထောင်ပေါင်၊ ဒါ
ဓာတ်ကောင်း ပါမလာလို့ သိပ်ကြောက်စရာကောင်းတာ ဒီ ဓာတ်က-
ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့် ...
ကိုင်း ဘုန်းကြီးတို့ ဓာတ်ကောင်း အထိုက်အလျောက် ရကြပြီပဲ၊ ရလို့ ဒီအခြေအနေ ရောက်နေကြပြီ၊ ဒါ လွန်ခဲ့တဲ့ ဘဝ အကန့်ကို ကြည့်ရင် အလွန် အားရစရာ
ကောင်းတယ်၊ "အို တို့ အဆင့် အတန်း မနိမ့်သော ဘဝမှာ စိတ်နေ စိတ်ထား မညံ့တဲ့ ပုဂ္ဂိုလ်
တစ်ယောက်အဖြစ်နဲ့ တို့ ရောက်နေတယ်၊ ဒီအကန့်မှာ ရောက်နေ တယ်၊ အတော် အားရစရာ ကောင်းပါလားလို့"
ကိုယ့်ကိုယ်ကို အင်မတန် ကျေကျေနပ်နပ် ဖြစ်ပြီးတော့ လာမယ့်ဘဝကို မျှော် လိုက်ရတယ်။
"ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်, ဘဝနောက်နှောင်း, ကောင်းထက်ကောင်းဖို့,
လမ်းကြောင်းတီထွင်, အကြင်ပညာရှင် သည်"
ငါ ဒီဘဝ ဒီအကန့်က ကြိုးစားလို့ရှိရင် သေသေချာချာ ဒီထက် မြင့်သွားမယ်၊
ခံစားဖို့လား မဟုတ်ဘူးလေ၊ ဒီထက် ဥာဏ် တွေ မြင့်သွားမယ်၊ ခံစားဖို့လား မဟုတ်ဘူးလေ၊ လုံ့လဝီရိယတွေ
ထက်သန်လာမယ်၊ ဘာလုပ်ဖို့လဲ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက် ပြုဖို့၊ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုဖို့၊
နိဗ္ဗာနပစ္စယော - နိဗ္ဗာန်ရဲ့ အထောက်အပံ့ ဖြစ်ဖို့။
"ယော ဓီရော-နဂိုမူ,ç ဓာတ်ခံရသဖြင့်, ဘဝနောက်နှောင်း, ကောင်းထက်ကောင်းဖို့,
လမ်းကြောင်းတီထွင်, အကြင်ပညာရှင် သည်" ဒါလေး ရပ်ပြီးတော့ ဘုန်းကြီးတို့ တစ်တွေ
အခုတရား နာလာတဲ့ ဒကာတို့တစ်တွေအားလုံး တပည့်ဒကာမတွေအားလုံး စဉ်းစားရမယ်။
ဓာတ်မကျအောင် ရိုးဖြောင့်ရမယ်
ဝေ - စင်စစ်ဧကန်, အမှန်စိတ်ထား, ရိုးဖြောင့်သောအားဖြင့်၊ အို မလွယ်လိုက်တာ၊ ဝေ
- စင်စစ်ဧကန်, အမှန်စိတ်ထား, ရိုး ဖြောင့်သောအားဖြင့်၊ ကတညူ - သူတစ်ပါးတို့, ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို, အထူးရှိသရွေ့, သိလေ့ရှိသည်လည်းကောင်း။
အားလုံး လုပ်ရမယ့် သူတော်ကောင်းလက္ခဏာတွေဟာ ရိုးရိုး သားသားç စိတ်ဖြောင်ဖြောင့်
ပရိယာယ် မပါဘူး, ဟန် မဟုတ်ဘူး၊ သူများ အထင်ကြီးအောင်, ဂုဏ်ရှိအောင်,
ချီးမွမ်းခံရအောင်, နာမည်ကျော်အောင် ဒီလို မဟုတ်ဘူး၊ ရိုးရိုးကလေး ကိုယ့်စိတ်
ဓာတ်ကို ကိုယ်မြှင့်တင်နေတာ၊ ကိုယ့်ဓာတ်ကို ကိုယ် ကောင်း သထက်ကောင်းအောင် မြှင့်တင်နေတာ၊
ဒီဓာတ်ဟာ ဘယ်ထိ အောင် သွားရမှာတုန်းလို့ဆိုတော့ မဂ်ဓာတ်, ဖိုလ်ဓာတ်, အရိယာ ဓာတ်, ရဟန္တာဓာတ်ထိအောင်
သွားရမှာ၊ ဓာတ်မြင့်သွားရအောင်။
"ဝေ-စင်စစ်ဧကန်, အမှန်စိတ်ထား, ရိုးဖြောင့်သောအားဖြင့်"
နည်းနည်းကလေး ကောက်ပေးလိုက်စမ်း၊ အို ဓာတ်တွေကို လွဲလို့၊ တကတဲ ဓာတ်မတိုးတဲ့အပြင် ဓာတ်မှားတွေ
ဖြစ်ပြီး ဓာတ်ကျသွား မှာ၊ မရိုးလို့ရှိရင် ဓာတ်ကျသွားမှာ၊ ဘာ မရိုးသလဲ၊ အလုပ်တစ်ခု
လုပ်လို့ရှိရင် ဂုဏ်လိုချင်တယ်၊ အဲဒါ မရိုးတာ၊ ဂုဏ်လိုချင်တယ် ဆိုတဲ့ ဥစ္စာဟာ တရားကိုယ်က
(လောဘ ပါလာတယ်၊) အဲဒီ ကတဲက ဓာတ်နည်းနည်း ညံ့သွားပြီ၊
အဲ ဘုန်ကြီးက အခု တရား ဟောနေတယ်၊ တရားဟောတဲ့ ဥစ္စာ အို အရှင်ဘုရား
- ဘယ်လို
ညာလို စသည်ဖြင့် နာမည်လိုချင်တယ်ဆိုရင်
လောဘ ပါလာ တယ်၊ အဲဒီ လောဘဟာ ဓာတ်ကျသွားတယ်၊ အဲ ပရိယာယ် မာယာနဲ့ သူများ အထင်ကြီးအောင်
ဟန်ပန်လေသံနဲ့ လုပ်နေ သရွေ့ ဓာတ်တွေကျပြီးတော့ လောဘဖြစ်တယ်၊ ဒါ့ကြောင့်-
"ဝေ-စင်စစ်ဧကန်, အမှန်စိတ်ထား, ရိုးဖြောင့်သောအားဖြင့်" နည်းနည်းများ ဂုဏ်လိုချင်တယ်ဆိုလို့ရှိရင်
"ဟဲ့ နင်ဂုဏ် မလို ချင်နဲ့ç ကိုယ့်ဓာတ်ကို မြှင့်တင်ရမယ်"၊ နည်းနည်းလေးများ
နာမည် ကြီးချင်တယ်ဆိုလို့ရှိရင် "အို နာမည် မလိုချင်နဲ့၊ ကိုယ်ကတကဲတဲ သူတစ်ပါးကို
ကောင်းစားအောင် လုပ်နေတဲ့ ဥစ္စာပဲ၊ ဘာပြုလို့ ဒီကြားထဲ နာမည်လိုချင်တဲ့ လောဘ ပါနေရသလဲ၊
မေတ္တာဓာတ်ç ကရုဏာဓာတ် ဖြောင့်ဖြောင့်ကြီး နေပါစေလား" ဟောဒီလို ကိုယ့် ဓာတ်ကလေး ကိုယ်လေ
ချိန်ပြီးတော့ စိတ်ဓာတ် နာမ်ဓာတ် ကလေးကို ချိန်ပြီးတော့ ကြည့်ရမယ်၊
သွားတဲ့ လာတဲ့ စားတဲ့ သောက်တဲ့အခါမှာလဲ ပရိယာယ် မာယာ ဟန်တွေ ပါသလားလို့
ရုပ်ဓာတ်ကလေးကို ချိန်ကြည့်ရမယ်၊ ကိုယ့်ကိုကို ချိန်ကြည့်နေ ကြဆိုတော့ သူများကိုလေ
ချိန်ကြည့်ရတာ သိပ်လွယ်လွယ်ကူကူနဲ့ နားလည်တာပဲ, သိတာပဲ။
"ဝေ-စင်စစ်ဧကန်, အမှန်စိတ်ထား, ရိုးဖြောင့်သောအားဖြင့်" ဖြောင့်ဖြောင့် ဘာဖြစ်ဖြစ် ရိုးရိုးဖြောင့်ဖြောင့်၊
အထက်လူကြီးက ငါ့ကို အထင်ကြီးအောင် ဒီလိုပါလားလို့ရှိရင်ကို တကတဲ လောဘ ကလေးကလေ ဓာတ်ကို
နှိမ်ပြီးတော့ ဓာတ်ကို ဖျက်ဖျက်ပစ်တယ်၊
တော်တော် မကျေနပ်စရာ ကောင်းတာ၊ ဒီ မရိုးမဖြောင့်တဲ့ ဥစ္စာ တွေဟာ
မဖြောင့်ဘူးဆိုလို့ရှိရင် မှားပြီ၊ လမ်းလွဲပြီ၊ လမ်းလွဲတယ် ဆိုကတဲက ဟို နိဗ္ဗာနဓာတ်ကို
ရောက်ဖို့ရာကို အပုံကြီး ခရီးတွေ ကွာသွားပြန်ပြီ၊ ဒါ့ကြောင့် ရိုးရိုးဖြောင့်ဖြောင့်
သွားမှ လမ်းဖြောင့် လို့ မဂ်ဓာတ်, ဖိုလ်ဓာတ်, နိဗ္ဗာနဓာတ်နဲ့ ကပ်သွားမယ်။
*** ဆက်လက်တင်ပြပါမည် ***
