ဘုန်းကြီး ဟောဖို့ စိတ်ကူးထားတာ "သူတော်ကောင်းဆိုတဲ့ လက္ခဏာ" ဟာ ဘယ်လိုလဲလို့ သူတော်ကောင်းရဲ့ အကြောင်းကို ဟောပေးမယ်။
ယော ဝေ ကတညူ ကတဝေဒီ ဓီရော, ,
ကလျာဏမိတ္တော ဒဠှဘတ္တိ ဟောတိ၊
ဒုက္ခိတဿ
သက္ကစ္စံ ကရောတိ ကိစ္စံ,
တထာဝိဓံ
သပ္ပုရိသံ ဝဒန္တိ။ (ခု။ ၆။ ၁၀။)
ယော ဓီရော-နဂိုမူလ, ဓာတ်ခံရသဖြင့်, ဘဝနောက်နှောင်း, ကောင်းထက်ကောင်းဖို့,
လမ်းကြောင်းတီထွင်, အကြင်ပညာရှင်သည်၊
ဝေ-စင်စစ်ဧကန်, အမှန်စိတ်ထား, ရိုးဖြောင့်သောအားဖြင့်၊
ကတညူ-သူတစ်ပါးတို့, ပြုထားအပ်ဖူး, မြတ်ကျေးဇူးကို, အထူးရှိ သရွေ့,
သိလေ့ရှိသည်လည်းကောင်း၊
ကတဝေဒီ-သူများပြုအပ်, ကျေးဇူးရပ်ကို, တတ်သရွေ့ မှတ်သရွေ့, ဆပ်လေ့ရှိသည်လည်း
ကောင်း၊
ဟုတွာ-ဖြစ်၍၊
ကလျာဏမိတ္တော-မိကောင်းဖကောင်း, ဆရာကောင်းနှင့်, ဖော်ပေါင်းအတိ,
မိတ်ကောင်းရှိသည်၊
ဒဠှ ဘတ္တိ-ထိုမိတ်ကောင်းလဲ, အသဲစွဲမျှ, အမြဲမပြတ်, ဆည်းကပ်လေ့ရှိ
သည်၊ ဟောတိ-ဖြစ်၏၊ ဒုက္ခိတဿ-မိမိမျက်မှောက်,
ဒုက္ခရောက် သဖြင့်, ပံ့ထောက်မဲ့ဟူ, ဆင်းရဲသူ၏၊
ကိစ္စံ-စားသောက်နေရေး, ဆေးဝါးပေးလျက်, လုပ်ကျွေးသမှု, ကိစ္စစုကို၊
သက္ကစ္စံ ကရောတိ-ကိုယ်ချင်းစာနာ, သနားညှာလျက်, များစွာပုံသေ, ပြုစုတတ်ပေ၏၊
တထာဝိဓံ-သို့ကလိုဂုဏ်အင်, စုံလင်ပေသည့်, ပညာရှိအပေါင်း,
သူတော်ကောင်းကို၊ သပ္ပုရိသံ-မြင့်ထက်မြင့်သည့်,
အကျင့်အလွန် ကောင်း, သူတော်ကောင်းဟူ၍၊
ဝဒန္တိ-ဘုရားစသား, ပုဂ္ဂိုလ်များက, လေးစားကြည်ဖြူ, ချီးမွမ်းတော်မူကြလေသတည်း။
ကိုယ့်ကိုကို စဉ်းစားရအောင်
တထာဝိဓံ - သို့ကလိုဂုဏ်အင်,
စုံလင်ပေ သည့်, ပညာရှိအပေါင်းယ သူတော်ကောင်းကို၊ သပ္ပုရိသံ-ဘဝနောက်နှောင်း,
ကောင်း ထက်ကောင်းမည့်, လမ်းကြောင်းတီထွင်, သူတော်စင်ဟူ၍၊ ဝဒန္တိ-ဘုရားစသား, ပုဂ္ဂိုလ်များက,
လေးစားကြည်ဖြူ, ချီးမွမ်းတော်မူကြ ကုန်၏တဲ့။
ယော ဓီရော-ဘဝနောက်နှောင်, ကောင်းထက်ကောင်းဖို့, လမ်းကြောင်းတီထွင်,
အကြင်ပညာရှင်သည်-
အားလုံး စိတ်တွေမှာလေ ကိုယ့်ကိုယ်ကို ပြန်သွင်းထားလိုက်၊ ဘုန်းကြီးက
ဘုန်းကြီးကိုယ်ကို ပြန်ပြီးတော့ စိတ်ထားမယ်၊ ယခု အလှူရှင်ဖြစ်တဲ့ ဆရာဝန်တို့ ဆရာဝန်ကတော်တို့က
သပ္ပုရိသ ဂုဏ်အင်္ဂါနဲ့ ပြည့်စုံသလား, မပြည့်စုံဘူးလား၊
ပြည့်စုံရင် ဘယ် လောက်
ပြည့်စုံတယ်ဆိုတာကို စဉ်းစားရအောင် ကိုယ့်ကိုယ်ကို ကိုယ့်စိတ်က အာရုံပြုထားလိုက်၊ ကိုယ့်ရဲ့
ဘဝတစ်သက်တာ လာခဲ့ တဲ့ အကြောင်းအရာတွေ ပြန်ပြီးတော့ စဉ်းစားရင် "အင်း .. ဒီဂုဏ်နဲ့
ဒီအင်္ဂါနဲ့တော့ ငါပြည့်စုံတယ်၊ ပြည့်စုံတာမှ ဘယ်လောက် ပြည့်စုံတယ်၊ သို့မဟုတ် ဒီအင်္ဂါတော့
ငါ ဘယ်လောက် လိုသေး တယ်" အဲဒါ စဉ်းစားရအောင်လေ။
ဓာတ်ကိုယ်ကြီးက ဓာတ်ခံတွေပါလာ
ယော ဓီရော - နဂိုမူလ,
ဓာတ်ခံရသဖြင့်, ဘဝနောက်နှောင်း, ကောင်းထက်ကောင်းဖို့, လမ်းကြောင်းတီထွင်, အကြင်သူတော်
စင်သည်၊
"နဂိုမူလç ဓာတ်ခံရသဖြင့်" လို့ ဒါလေး စဉ်းစားရမယ်၊ ဘုန်းကြီးတို့တစ်တွေဟာ
ဓာတ်တွေ စုပေါင်းနေတဲ့ ခန္ဓာကိုယ်၊
ဥပမာ-မျက်လုံးမှာ စက္ခုဓာတ်ရှိတယ်၊ နားထဲမှာ သောတဓာတ် သောတပသာဒ
ရှိတယ်၊ နှာခေါင်းထဲမှာ ဃာနဓာတ် ဃာနပသာဒ ရှိတယ်၊
အဲဒီလို စသည်ဖြင့် ဟဒယထဲမှာ မနောဝိညာဏဓာတ် စိတ်ဝိညာဉ်တွေ ရှိတယ်၊
ဒီပြင် စိတ်ဝိညာဉ်မှ တစ်ပါး စေတသိက်ဆိုတဲ့ တရားတွေ တချို့သော ရုပ်တွေက ဓမ္မဓာတ်၊ အားလုံး ခန္ဓာကိုယ်ကြီးဟာ ဓာတ်ကောင်ကြီး။
"ယော ဓီရော-နဂိုမူလç ဓာတ်ခံရသဖြင့်" လို့ ဆိုတော့ အဲဒီ
ဓမ္မဓာတ်ထဲက ဘုန်းကြီးတို့ ဓာတ်ခံတွေ ဘဝသံသရာမှာ ဓာတ် ကောင်ကြီး အဖြစ်နဲ့ လာခဲ့ရာက အဲဒီ
ဓာတ်ခံပါလာတယ်၊ မကောင်းတဲ့သူက မကောင်းတဲ့ ဓာတ်ခံ ပါလာ၊ ကောင်းတဲ့သူက ကောင်းတဲ့ဓာတ်ခံ
ပါလာတယ်၊ ဒါလေးကို ဘုန်းကြီးတို့ မယုံကြည် နိုင်ကြတဲ့ သူများအတွက် ထပ်ပြီးတော့ စဉ်းစားကြအုန်းစို့ရဲ့။
ဓာတ်ခံပါလာတာ မယုံဘူးလား
ကလေးတစ်ယောက် ဖွားမြင်လာတယ်ဆိုတော့ ဒီမိ ဒီဖ အတူတူပဲ၊ သွေးသားတွေဖြစ်ပြီးတော့
ပေါက်ဖွားလာတဲ့ သားသမီး, စိတ်ချင်းတူရဲ့လား, မတူပါဘူး၊
ကောင်းပြီ အရည်အချင်း, ဥာဏ် ချင်း တူရဲ့လား, မတူဘူး၊ ကောင်းပြီ လုံ့လဝီရိယချင်း
တူရဲ့လား, မတူဘူး၊
ထားစမ်း ဒီတစ်မိ တစ်ဖထဲ ဆိုပေမယ့် အချိန်ချင်းက အကြီးနဲ့ အငယ်နဲ့
အသက်နဲ့ ဆိုတာတွေ ကွဲလို့ မတူတာ ထင်ပါရဲ့လို့ ဆိုတော့ အမွှာမွေး ယောကျာ်းလေး နှစ်ယောက်,
မိန်းကလေး နှစ်ယောက် အမွှာမွေးတယ်၊ တူဖို့ ကောင်းတယ်၊ မိသွေး ဖသွေး တစ်သွေးထဲ၊
တကတဲ ရှေ့ဆင့် နောက်ဆင့် မွေးလာတယ်၊ တူဖို့ ကောင်း၊ ရုပ်ချင်းကတော့
သွေးသားအကြောင်းတွေက အထောက် အပံ့ရတော့ ရုပ်ချင်းကတော့ အတော်တူတယ်၊
တစ်ခါတစ်ခါ ခွဲမရအောင် တူတယ်၊ စိတ်ချင်း ဘယ့်နှယ်နေတုန်း, မတူလိုက်တာ၊
ဥာဏ်ချင်း ဘယ့်နှယ်နေတုန်း, မတူလိုက်တာ၊ လုံ့လဝီရိယချင်း ဘယ့်နှယ်နေတုန်း, မတူလိုက်တာ၊
နောက်တော့ အကျိုးပေးချင် ကော အို.. မတူလိုက်တာ၊ နောက်ဆုံး ရောဂါဘယချင်းကော
အို မတူလိုက်တာ၊ သေတော့ကော မတူလိုက်တာ၊ ဪသာ် တစ် ယောက်နှင့် တစ်ယောက် မတူတာ ထောက်လို့ရှိရင်
ဓာတ်ခံချင်း ကွဲလာပြီ။
ဆက်လက်ဖော်ပြပါမည်။
ဆက်လက်ဖော်ပြပါမည်။
