ပဉ္စမသူတော်ကောင်း
ဂုဏ်အင်္ဂါ
ဒဠှဘတ္တိ - ထိုမိတ်ကောင်းလဲ,
အသည်းစွဲမျှ, အမြဲမပြတ်, ဆည်းကပ်လေ့ရှိသည်၊ ဟုတွာ-ဖြစ်၍၊ ဒုက္ခိတ ဿ-မိမိမျက်မှောက်,
ဒုက္ခရောက်သဖြင့်, ပံ့ထောက်မဲ့မူ, ဆင်းရဲ သူ၏၊ ကိုယ့်မျက်စိအောက်, ဒုက္ခရောက်နေ, ဘယ်လို
လုပ်မလဲ၊ ဒုက္ခိတဿ-မိမိမျက်မှောက်, ဒုက္ခရောက်သဖြင့်, ပံ့ထောက်မဲ့မူ, ဆင်းရဲသူ၏၊ -
ကိုယ့်မျက်စိအောက်, ဒုက္ခရောက်နေ, ဘယ်လို
လုပ်မလဲ။
ကိစ္စံ-စားသောက်နေရေး, ဆေးဝါးပေး၍, လုပ်ကျွေးသမှု,
ကိစ္စစုကို၊ သက္ကစ္စံ ကရောတိ-ကိုယ်ချင်းစာနာ, သနားညှာ၍, များစွာပုံသေç ပြုတတ်ပေ၏။
ဒါက အရေးကြီး၊ ဒါလေးက ဓာတ်ခံကောင်းတယ်ç မကောင်း
တယ်ဆိုတဲ့ ဥစ္စာ အရေးကြီးတယ်၊ ဓာတ်ခံ ဘယ်လောက် ကောင်း တယ်ç မကောင်းတယ်ဆိုတာလဲ အရေးကြီးတယ်။
ဒုက္ခိတဿ-မိမိမျက်မှောက်, ဒုက္ခရောက်သဖြင့်,
ပံ့ထောက် မဲ့မူ, ဆင်းရဲသူ၏-တဲ့။
ကိုယ့်မျက်စိအောက် ဒုက္ခရောက်နေရင် ချက်ချင်းကူ,
ချက် ချင်း ပြုစု, ချက်ချင်း ကူညီပါ၊ ဒီတော့ ဒီကိစ္စလေးဟာလေ တယ်… ပြီးတော့ ကျယ်ဝန်းတယ်၊
ဥပမာ-ခရီးသွားတယ်၊ တစ်ယောက် ဒုက္ခရောက်နေ,
ကိုယ်က ချမ်းချမ်းသာသာ သွားဆိုပါတော့၊ လှည်း ပေါ့နဲ့ တောရွာမှာ သွား၊ တစ်ယောက်က လှည့်းမရှိဘူး,
ခြေလျင် သွားတယ်၊ လှည်းကလဲ နွားများလဲ နည်းနည်း ပေါ့ပါသေးရဲ့၊ နွားဘက်လဲ ကြည့်လိုက်ရမယ်၊
ဒုက္ခိတဿ-မိမိမျက်မှောက်, ဒုက္ခရောက်သဖြင့်,
ပံ့ထောက် မဲ့မူ, ဆင်းရဲသူ၏"။
ဒီတော့ တယ် နယ်ကျယ်တယ်၊ မီးရထားပေါ်မှာ အများစီးတဲ့
တွဲပေါ်မှာ စီး၊ ကိုယ်က နေရာလေး ကောင်းကောင်းရ၊ ကိုယ့် နေရာလေး နည်းနည်းလေးများ ကျယ်နေတဲ့အခါ
နည်းနည်းလေး ကျုံ့ မပေးချင်ဘူး၊ ဒါ သူတော်ကောင်းလက္ခဏာ သိပ်ပျက်တာပဲ၊
ဟာ ကိုယ့်နေရာလေး နည်းနည်းလေး ရှိပါသေးရဲ့၊
ဟိုလူတွေ သိပ်ကြပ်၊ "နည်းနည်း ဒီတိုးပါဗျာ၊ ဒီလာတာပေါ့ဗျာ၊ ဟောဒီနား နည်းနည်းလေးတော့
ရပါသေးရဲ့"၊ ဟော ဒီလိုဆိုတော့ သူတော် ကောင်းလက္ခဏာ ဖြစ်သွားပြန်ရော။
တစ်ခါ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်အိမ် အနီးအပါးမှာ
ဘယ် သူဖြင့် သိပ်ဆင်းရဲတယ်၊ အဖိုးကြီး အဖွားကြီး ဖြစ်နေတယ်၊ ဆင်းရဲတယ်၊ ကိုယ်ကလဲ နည်းနည်း
ပေးနိုင် ကမ်းနိုင်တယ်၊ ဟော နည်းနည်းပါးပါး ပေးကမ်းလို့ç ထောက်ပံ့လို့ç ဒီလိုဆိုတော့
သူ တော်ကောင်းလက္ခဏာ ရှိပြန်ရော၊ ကိုယ့်က ပေးနိုင်ကမ်းနိုင်တော့ အရှိသားပဲ၊ ဘာမှ ပေးခြင်း
ကမ်းခြင်း မရှိဘူးဆိုတော့ ဟော သူတော်ကောင်းလက္ခဏာ ပျက်သွားပြန်ရော၊
မရှိဆင်းရဲတဲ့ သူက ပါလာ၊ အဲ သူမကျန်းမမာ
ရောဂါတွေ ဖြစ်နေ၊ ကိုယ့်ဆေးဝါးလဲ အရှိသားနဲ့ç တတ်လဲတတ်နိုင်သားနဲ့ အဲဒါ မကုဘူးဆိုပြန်ရင်
သူ တော်ကောင်းလက္ခဏာ ပျက်သွားပြန်ရော၊ တစ်ခါ မရှိဆင်းရဲတဲ့ သူတဲ့, ဆေးဝါး သူ့ခမျာ မစားရလို့တဲ့,
အို ဒီလိုဆိုရင် ကိုယ့် ဆေးဝါး ရှိသားပဲဆိုပြီးတော့ ပြုစုလို့, ဆေးဝါးပေးလို့, ဟောသလို
ဆိုတော့ သူတော်ကောင်းလက္ခဏာ ဖြစ်သွားပြန်ရော။
ဆင်းရဲသူကို ငဲ့ညှာရင် မြန်မာပြည် ဒီအခြေ မရောက်
ဒုက္ခိတဿ - မိမိမျက်မှောက်, ဒုက္ခရောက်သဖြင့်,
ပံ့ထောက်မဲ့မူ, ဆင်းရဲသူ၏၊
ထောက်ပံ့မည့်သူက မရှိဘူး၊ ဆင်းလဲ ဆင်းရဲတယ်ç
ထောက်ပံ့မည့်သူက မရှိဘူး၊ အဲဒီလို ဆိုရင် ကိုယ်က
ဝင်ပြီးတော့ ကူညီနိုင်သမျှ ကူညီရတယ်၊ ဘုန်းကြီးကလေ ဒီတရား စဉ်းစားရင်း စဉ်းစားရင်း
တို့ မြန်မာနိုင်ငံဟာလေ ဒီအသွားနဲ့ သွားလိုက်လို့ရှိရင်ဖြင့် မြန်မာနိုင်ငံ အေးချမ်းသာယာဖို့
အများကြီး လမ်းရှိတယ်၊ ယခု ဒီအသွားနဲ့ မသွားဘဲ အသွားတစ်မျိုး သွားနေလို့ မြန်မာနိုင်ငံဟာ
ယခုအခြေအနေ ဖြစ်ရတယ်။
ဆိုပါတော့ပေါ့ မိမိတို့က ပြည့်စုံနေတဲ့ လယ်ပိုင်ရှင်တွေ
ဆို ကြပါစို့၊ လယ်သမားတွေ ဆင်းရဲနေတယ်၊ ဒီသူတော်ကောင်း လက္ခဏာနဲ့ ကြည့်တော့ ဘာ ပြဿနာ
ပေါ်လာမလဲ, ဘယ်အဖြေ ပေါ်လာမလဲ, သူတော်ကောင်းလက္ခဏာနဲ့ ကြည့်တော့ ကိုင်း-သူတို့တော့ ဘယ်တော့မှ
နလံထူမှာ မဟုတ်ဘူး၊ ဒီတော့ ကိုယ်တို့ က သူတို့အပေါ် တစ်သီးစားခတွေကို လျှော့ပြီးတော့
ယူမယ်၊ ဟောဒီလို ဆိုတော့လေ-
ဒုက္ခိတဿ-မိမိမျက်မှောက်, ဒုက္ခရောက်သဖြင့်,
ပံ့ထောက် မဲ့မူ, ဆင်းရဲသူ၏၊ ကိစ္စံ-စားသောက်နေရေး, ဆေးဝါးပေး၍, လုပ်ကျွေးသမှု, ကိစ္စစုကို၊
သက္ကစ္စံ ကရောတိ-ကိုယ်ချင်းစာနာ, သနားညှာလျက်, များစွာပုံသေ, ပြုတတ်ပေ၏။
ဒီလိုများ ဖြေရှင်းလိုက်လို့ရှိရင်လေ ဘယ်လယ်မြေတွေမှ,
ဘယ်သူမှ မသိမ်းနိုင်ဘူး၊ တစ်ခါထဲ သူပိုင် သူ့လယ်မြေအဖြစ်နဲ့ ဆင်းရဲသားတွေလေ မင်းတို့
ဒီသီးစားခတွေ တို့ လျှော့ယူမယ်၊ ဟော ဒါလောက်, ဒါလောက် ယူလိုက်လို့ရှိရင် မင်းတို့ စပါး
ဘယ် လောက် ကျန်မယ်၊ ဒီလိုဆိုရင် မင်းတို့ ဝမ်းစာရမယ်၊
ဒီလိုများ ချိန်ပြီးတော့များ, နှိုင်းယှဉ်ပြီးတော့များ
လုပ်ရလို့ရှိရင် ဘုန်းကြီးက
ဒီတရား စဉ်းစားရင်း
နိုင်ငံရေး သွားပြီးတော့ သဘောပေါက်တယ်၊ ဒီခဲခဲယဉ်းယဉ်း ပြဿနာတွေ ဘာမှ မဖြစ်ဘူး၊ ရှေးတုန်းက
ဒီ နည်းပဲ၊ ရှေးတုန်းကဆိုတာ ဘုန်းကြီးတို့ ဘိုးဘေးလောက်ဆိုရင် ဒီနည်းပဲ၊
"ဟာ ဒီနှစ် စပါးအရ နည်းမယ်၊ ဦးကို စပါး
ဒီလောက် မပေးပါနဲ့၊ မင်းတို့ ဝမ်းစာချန်ထားကြ" အဲသလို စောင့်ရှောက် လိုက်တော့
ဦးဆိုတဲ့ သူမှာလဲပဲ အခြေအနေ လျော့မသွားဘူး၊ ဟိုသူတွေမှာလဲပဲ ကြွေးးမြီ မတင်ဘူး၊ ဝမ်းစာ
ပြည့်စုံလို့၊ တစ်ခါ ဟိုလူတွေကလဲပဲ "တို့ ကျေးဇူးရှင်ကြီး, အမလေး ကျောင်းဒကာ ကြီးက
တို့ ကျေးဇူးရှင်"၊ အောင်မယ် သူကလည်း "ကတညုတ ကတဝေဒီ" ဖြစ်ပြီးသကာလ သူတော်ကောင်းလေး
ဖြစ်လို့။
ကျေးဇူးရှင်ဆီ သွားပါအေ၊ သူတို့အိမ်များ
တမင်သွားပြီး အကူအညီပေးပါဟဲ့ ရှင်မရဲ့၊ တို့ ဝမ်းစာလေး ကျောင်းဒကာက လယ်ခလေးတွေ လျှော့ယူလို့
ဝမ်းစာ လုံလောက်တယ်၊ တို့ နွား လေးç ကျွဲလေးလဲ တို့ ဘာမှ မရောင်းရဘူး၊ ဟေ့ ကောင်းလိုက်
တာ၊ သွားဟေ့ ဟို လုပ်စရာရှိလို့ရှိရင် သွားသွားလုပ်ပေးနော်၊
ဟို ကျောင်းအမက, ဘာမှ အခိုင်းစောင့်မနေနဲ့,
မင်း သွားပြီး ကြည့်လုပ်ပေးနော်၊ ကတညုတ ကတဝေဒီ တစ်ဖက်က ဖြစ်လို့၊ တစ်ဖက်က ဆင်းရဲသူတွေကို
ညှာတာလို့ အကုန်လုံး အကုန်လုံး၊ ဘယ်လယ်မြေ, ဘယ်ယာမှ သိမ်းစရာ မလိုဘူး၊ ဘယ်ပြည်သူပိုင်မှ
လုပ်စရာ မရှိဘူး၊ ဒီသူတော်ကောင်း အသွားနဲ့ သွားလိုက်လို့ ရှိရင်ဖြင့် တို နိုင်ငံရေပြဿနာဟာ
သိပ် ရှင်းတာပဲလို့ ဘုန်းကြီး တွေးမိတယ်၊
ဒီလိုသာ သွားနေတာပဲ ဟို တုန်းက၊ ဟို လွန်ခဲ့တဲ့
ဘုန်းကြီးတို့ ဘိုး ဘေး ဘီ ဘင် အဲသလို အချိန်တုန်းက ဒီလို သွားနေတာပဲ၊ ဘာမှ ရှုပ်ရှုပ်ထွေးထွေး
ပြဿနာ မရှိဘူး။
ဆက်လက်တင်ပြပါမည်။
