စိမ်းညို့နေတဲ့ တောင်တန်းကြီးတွေက ခေါ်နေသယောင် တရိပ်ရိပ်နဲ့ မိမိတို့နဲ့ နီးသထက်နီးလာပါတယ်၊
မိမိတို့ စီးလာတဲ့ ကားကလေးကတော့ ပတ်ဝန်းကျင်တစ်ခုလုံးကို လျစ်လျူရှုထားဟန်တူပါရဲ့ သူ့တာဝန်သူလုပ်ဆောင်နေ၏၊
မကြာလိုက်ပါ ညို့မှိုင်းနေတဲ့ တောင်တန်းရှိရာကို ရောက်သွားပါတော့တယ်။
တောင်တန်းရဲ့ လမ်းကလဲ လှလိုက်တာ… တောင်တွေကို ပတ်ရံပြီး ခွေရစ်နေတဲ့ မြွေလိမ်မြွေကောက်လမ်းကလေး.
ရှုခင်းသာဆိုတဲ့ နေရာလေးရောက်တော့ လာခဲ့ရာ မန်းမြို့တော်ဘက် သမင်လည်ပြန်လှည့်ကြည့်မိမှ
လွယ်ပြင်ကျယ်ကျယ်မှ မှုန်ပြပြမန်းမြို့ကို မြင်ရတော့ ဘာရယ်မသိ ကြည်နူးမိပြန်သည်။
လမ်းဘေးဝဲယာမှာတော့ ရတနာတန်းဝင် ကျွန်းသစ်ပင်တွေ၊ ယူကလစ်ပင်တွေ၊ ကြိုဆိုလိုက် နှုတ်ဆက်လိုက်နဲ့ ကျန်ရစ်နေခဲ့ကြကုန်တယ်။
ရှေ့မှာ မြင်လိုက်ရပါပြီ ယူကလစ်ပင်တွေ စီးတန်းပြီး ယာဘက်မှာ ကြိုဆိုနေတဲ့ မြင်ကွင်း အလေးပြုကြတာလားတော့ မပြောတတ် လေအဝှေ့မှာ ညွတ်ကျလာတဲ့ အပင်တန်းများက ညီညာလှပလှပါပေ၏။
" ချမ်းမြေ့ရိသာကျောင်းတိုက်"
တွေ့လိုက်ရတဲ့ မုခ်ဝက စာတမ်းလေးကြောင့် အော်… ရောက်ပါပြီကောလို့ မှတ်ချက်ချမိပါတယ်။
လိုက်ပို့တဲ့ ဒကာမကြီး ဒေါက်တာဒေါ်ရီရီ မိသားစုနဲ့အတူရောက်ရှိခဲ့ခြ
ကျောင်းတိုက်က ချမ်းမြေ့ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်အောင် ချမ်းမြေ့စရာပါပဲ၊ ရာသီဥတုကလဲ ချမ်းမြေ့သလို အနောက်ဘက်မှာက ပြာလှည့်လှည့် တောင်တန်းကြီးတွေ၊ ဘေးပတ်ဝန်းကျင်မှာလဲ သစ်ပင်တောတောင်တွေနဲ့မို့ တကယ့်ကို ချမ်းမြေ့စရာ၊ အနီးနားမှာ ရှိတဲ့ ဓာတ်တော်ချိုင့်ရေတံခွန်ကြေ
စီးကျနေတဲ့ ဖြူဖြူဖွေးဖွေးရေတံခွန်က ကြည့်ရှုလို့ ပသာဒဖြစ်လှပါ၏၊ ရေတံခွန်သံကလဲ ဂီတသံပမာ သာယာလှပလှပါ၏။ တစ်ခါတစ်ခါ တိမ်တောင်တိမ်လိပ်တွေက မိမိတို့နေတဲ့ အောက်မှာ တစ်ရံတစ်ဆစ်မှာတော့..မိမိတိ
အထူးသဖြင့် ချမ်းမြေ့စရာကောင်းတာက ဒီရိပ်သာကြီးမှာ ဆရာတော်တွေ ညွှန်ပြတဲ့ နည်းအတိုင်း အားထုတ်နေကြတဲ့ ယောဂီသူတော်စဉ်တွေရဲ့ ကျင့်ကြံနေတဲ့ သတိပဋ္ဌာန်တရားတော်ကြောင့်ပါပ
ဒီသတိပဋ္ဌာန်တရားတော်က ရှုမှတ်ဆဲ ခဏလေးမှာပင် စူးစူးစိုက်စိုက် အလုပ်နဲ့ ဉာဏ်ချိန်ကိုက်နေချိန်မှာ…စ
ရေတံခွန်က စီးကျတဲ့ ဂီတသံပမာ သာယာလှတဲ့အသံထက် ယောဂီတွေ နေ့စဉ် အရုဏ်ဆွမ်းစားပြီး ဘုရားရှိခိုးချိန်မှာ ရွတ်ဆိုရတဲ့ ကဗျာလင်္ကာသံတွေက ပိုပြီး ကြည်နူးချမ်းမြေ့စေတယ်လို့ ထင်ပါတယ်။
♣♣ သတိပဋ္ဌာန်လမင်း
ရှင်တော်ဗုဒ္ဓ ၊ သာသနာ့ဝေဟင်၊
သတိပဋ္ဌာန်လမင်း ၊ ထိန်လင်းကြည်လင်၊
ရောင်ခြည်အေးမြ ၊ ဖြာကျနေစဉ်၊
နိုးသူများ ၊ ရှုပွားအပူစဉ်..။
ကာမဂုဏ်မှောင်တိုက် ၊ အိုက်ငိုက်သူတွေ၊
လင်ရေး မယားရေး ၊ ရှုပ်ထွေးလိမ်ပွေ၊
သားရေး သမီးရေး ၊ ပူဆွေးဗျာပွေ၊
လရောင်နှင့် ၊ တွေ့ခွင့်မကြုံပေ၊
အပူမီး ၊ ထိန်ညီးတောက်လောင်နေ..။
♣♣ သတိပဋ္ဌာန်အကျိုး (၇)ပါး
ကိလေညစ်ကြေး ၊ ကင်းဝေးစေရန်၊
စိုးရိမ်ပူဆွေး ၊ ငိုကြွေးကင်းရန်၊
ကိုယ်စိတ်ဆင်းရဲ ၊ ချုပ်စဲဖို့ရန်၊
မဂ်နိဗ္ဗာန် ၊ အမြန်ဆိုက်ရောက်ရန်၊
တလမ်းထဲ ၊ ပွားမြဲသတိပဋ္ဌာန်..။ တဲ့။
မှန်ပါတယ် ဒီရိပ်သာကို တင့်တယ်စေတဲ့ သာသနာ့ဝေဟင်ပေါ်က သတိပဋ္ဌာန်လမင်းရဲ့ အလင်းရောင်အောက်မှာ ရှုပွားသောအားဖြင့် နိုးကြားနေကြတဲ့ ယောဂီသူတော်စင်တွေကြောင့်လည
များသောလူတွေကတော့ မိမိအပါအဝင် အချိန်များစွာ သတိပဋ္ဌာန်လမင်းရဲ့ အရသာကို မခံစားကြရပါဘူး၊ ကာမဂုဏ်အမှောင်တိုက်အတွင်းမ
တဒင်္ဂတခဏလေးဖြစ်စေ သာသနာ့ဝေဟင်က သတိပဋ္ဌာန်လမင်းရဲ့ အေးချမ်းတဲ့ ချမ်းမြေ့တဲ့ အရသာကို ခံစားကြည့်ရှုခွင့် မရသူတွေကလဲ လောကထဲမှာ အများသားလေ…။
တစ်ချို့ဆို ဘာရယ်မဟုတ် လေလွင့်သူဆိုတဲ့ ဂုဏ်ပုဒ်ကို ဂုဏ်ယူရင်း အတွေးရွက်လွင့်နေကြပြန်ရော.
လွင့်ပါးနေတဲ့ စိတ်လေစိတ်လွင့်တွေကိုမှ မတားမြစ်နိုင်သေးရင်လဲ သတိပဋ္ဌာန်လုပ်ငန်း ဘာဝနာစခန်းနဲ့ အလှမ်းဝေးနေဦးမယ်လို့ ရှင်တော်ဗုဒ္ဓကလဲ ဟောခဲ့ပါတယ်။
ကတိဟံ စရေယျ သာမညံ၊ စိတံ္တ စေ န နိဝါရယေ။
ပဒေ ပဒေ ဝိသီဒေယျ၊ သင်္ကပ္ပါနံ ဝသာနုဂေါ။
အာရုံအများ လှည့်လည်သွားလျက် ကျက်စား၍နေသော စိတ်လေစိတ်လွင့်ကို သတိတရား ကောင်းစွာထား၍ မတားမြစ်နိုင်ခဲ့လျှင် ဘယ်နှစ်ဘယ်လ ဘယ်ရက်လောက်ကျမှ ကိလေသာ ခပ်သိမ်း လွန်ငြိမ်းချမ်းသည့် ရဟန်းစင်စစ် ဖြစ်ဖို့အကြောင်း ကောင်းသောဘာဝနာအလုပ်ကို လုံ့လရင့်သန် အသင့်မှန်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ပါပေတော့အံ့နည်
ကာမဗျာပါ ဝိဟိံသာဟု ယုတ်မာသုံးလီ အကြံအစည်တို့၏ အလိုအကြိုက်ကို မိုက်မိုက် မှားမှား လိုက်စားနေသူသည် သွားရပ်ထိုင်လျောင်း လိုရာပြောင်း၍ အကြောင်းအားလျော်စွာ ဣရိယာပုထ်တိုင်းမှာ ဘာဝနာအလုပ်မှ ဆုတ်ကာဆုတ်ကာ နစ်မြုပ်၍နေရာ၏။….တဲ့။ (သဂါထာဝဂ္ဂသံယုတ်မြန်မာဘာသာဋ
ဒါကြောင့် လေလွင့်နေတဲ့ စိတ်ကို သတိတရားကောင်းစွာထားပြီး ခိုင်မြဲတဲ့ ဇွဲလုံလနဲ့ ထက်ထက်သန်သန် ကျင့်ကြံနိုင်ကြမယ်ဆိုရင်တေ
အခုတော့ဖြင့် ဟိုအနားက ဘာဆိုရင်လဲ စိတ်ကလေးက ရောက်သွားလိုက် ဒီအနားက ဒါဆိုလဲ စိတ်ကလေးက ပြေးသွားလိုက်နဲ့ အေး.. အာရုံတွေရဲ့ လွှမ်းမိုးမှုအောက်မှာ
ပြားပြားမှောက်နေရတုန်းပါလား…
ချမ်းမြေ့ဆရာတော်ကြီးကတော့ အမိန့်ရှိပါတယ်၊
စိတ်ပြေးစိတ်လွင့် ၊ မထိန်းနှင့် ၊ အသင့်ရှုပါလေ..။ တဲ့
အခုတော့ ရှုဖို့နေနေသာသာ ပြေးသွားတဲ့ စိတ်ကလေး ပြေးသွားမှန်းတောင် မသိလေတော့ ချမ်းမြေ့ခြင်းတွေ ဝေးကွာရပြီပေါ့….လို့ တွေးရင်း……။
♣♣ မှတ်ချက်... တွေးမိသလို ရေးမိတာမို့ သည်းခံကြပါရန် မေတ္တာရပ်ခံလိုက်ပါ၏။
ချမ်းမြေ့ဆရာတော်ကြီးကတော့ အမိန့်ရှိပါတယ်၊
စိတ်ပြေးစိတ်လွင့် ၊ မထိန်းနှင့် ၊ အသင့်ရှုပါလေ..။ တဲ့
အခုတော့ ရှုဖို့နေနေသာသာ ပြေးသွားတဲ့ စိတ်ကလေး ပြေးသွားမှန်းတောင် မသိလေတော့ ချမ်းမြေ့ခြင်းတွေ ဝေးကွာရပြီပေါ့….လို့ တွေးရင်း……။
♣♣ မှတ်ချက်... တွေးမိသလို ရေးမိတာမို့ သည်းခံကြပါရန် မေတ္တာရပ်ခံလိုက်ပါ၏။
