Wednesday, November 28, 2012

ဉာဏ်ထက်မြက်ရန် အကြောင်းများ


 
" လောကကြီးမှာ ဥာဏ်ပညာထက်မြက်သူများဖြစ်ရန် လိုအပ်သော အကြောင်းတရား အချက်အလက်များ"

၁။ ပညာသံဝတ္တနိက ကမ္မတော= ပညာကိုဖြစ်စေတတ်သော ကံကြောင့်လည်း ကောင်း။

၂။ အဗျာပဇ္ဇလောကူပပတ္တိတော= ဒေါသဗျာပါဒမရှိသော ဗြဟ္မာ့ပြည်တွင် ပဋိသန္ဓေနေခဲ့ရခြင်းကြောင့်လည်းကောင်း။

၃။ ဣန္ဒြိယပရိပါကတော= ပညိနြေ္ဒရင့်ကျက်ခြင်းကြောင့်လည်းကောင်း။

၎။ကိလေသဒူရီဘာဝတော=ကိလေသာတို့၏ဝေးကွာသည်၏အဖြစ်ကြောင့် လည်းကောင်း၊ ဥာဏ်ကောင်းခြင်း (ဥာဏသမ္ပယုတ်ဖြစ်ခြင်း) ဖြစ်သည်။

ပညာထက်ရေး၊ မြော်တွေးလျက်သာ၊
ကုသိုလ်ကောင်းမှု၊ ပြုခဲ့မှန်စွာ၊
ဗြဟ္မာဌာန၊ ဖြစ်ရတစ်ဖြာ၊
ပညိန်ရင့်၊ ဝေးလွင့် ကိလေသာ။
ဥာဏ်ထက်ကြောင်း၊ အပေါင်း မှတ်လိုက်ပါ။ (ဦးမုနိန္ဒာဘိဝံသ၊၀င်းနိမ္မိတာရုံ)
ဥာဏ်ကောင်းကြသူများဖြစ်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ

ပညာသံဝတ္တနိက ကမ္မတော၊ အဗျာပဇ္ဇလောကူပပတ္တိတော၊ ဣန္ဒြိယပရိပါကတော၊ ကိလေသဒူရီဘာဝတော စ ဥာဏသမ္ပယုတ္တတာ၊ တဗ္ဗိပရိယာယေန ဥပေက္ခာသဟဂတာ စေ၀ ဥာဏ၀ိပ္ပယုတ္တတာ စ။ (အဘိဓမ္မတ္ထ၀ိဘာဝိနီဋီကာ= ဋီကာကျော်၊ နှာ-၈၇)
 
♣♣ အရှင်သုနန္ဒ ၏ ပို့ကို ဖော်ပြလိုက်ပါသည်။
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ