သုဿူသာ သေဋ္ဌာ ဘရိယာနံ၊ ယော
စ ပုတ္တာနမဿဝေါ။ (သဂါဝဂ္ဂသံယုတ်ပါဠိတော်)
မယားတို့တွင် ပြော စကားကို
လေးစားနာယူသောမယားသည် အမြတ်ဆုံးဖြစ်၏။
♣♣ အပျိုဘဝဖြင့် လက်ထပ်အပ်သည်ဖြစ်စေ,
ကြီးမှလက်ထပ်အပ်သည်ဖြစ်စေ, အဆင်းလှသည်ဖြစ်စေ, မလှသည်ဖြစ်စေ တရားသဖြင့်ဆုံးမပြောကြားသော
ခင်ပွန်းသည်၏စကားကို
နာယူလေးစားသောမယားသာ အမြတ်ဆုံးဖြစ်၏။
သားသမီးတို့တွင် မိဘတို့
ဆုံးမစကားကို လေးစားလိုက်နာသော သားသမီးသည် အမြတ်ဆုံးဖြစ်၏။
♣♣ သားသမီးသည်လည်း အကြီးပင်ဖြစ်စေကာမူ
သားဦးစနေ မီးလိုမွှေလျှင် ကောင်းမြတ်သည်ဟု မဆိုနိုင်။ ဓားမနောက်ပိတ်ခွေး နောက်ဆုံးမှမွေးစေကာမူ
မိဘတို့၏မကောင်းမြစ်တား၍ ကောင်းရာညွှန်ကြားသည်ကို လေးစားလိုက်နာသော သားသမီးကို အမြတ်ဆုံးဟု
ဆိုလိုက်လေသည်။
♣♣ မဟာဂန္ဓာရုံ
မဟာနာယကချုပ်ဆရာတော်၏ သဂါထာဝဂ္ဂသံယုတ် မြန်မာဘာသာဋီကာ မှ
