Friday, November 2, 2012
အကောင်းအဆိုးဆိုတာ အထင်နဲ့သာ
ရှေးတုန်းက ကုန်သည်တစ်စု ဝေးလံတဲ့ အရပ်ဒေသသွားပြီး ကုန်ရောင်းကုန်ဝယ်လုပ်ကြ တယ်။ တောရွာလေးတစ်ရွာရောက်တော့ အဲဒီမှာ အလှူကလေးပေးနေတယ်။ လျှပ်စစ်မီးတွေ မရှိတာမဟုတ်တော့ မီးမှိတ်တုတ်ထွန်းညှိပြီးတော့ ထမ်းတွေကျွေးနေတယ်။ ကုန်သည်တွေ ရောက်သွားတော့---
“ ဟာ ဧည့်သည်တွေ ရောက်ပြီ၊ လာ လာ” ဆိုပြီးတော့ စေတနာကောင်းကောင်းနဲ့ ထမင်းတွေ ကျွေးလို့ အလင်းရောင်မှုံပျပျထဲမှာ စားကြတာ၊ ဘာဟင်းမှန်းလည်း မသိဘူး၊ ဟင်းချို ချိုလွန်းလို့ သောက်ကြတာ။ သူတို့စိတ်ထဲက ခေါက်ဆွဲဟင်းချိုထင်ပြီးတော့ သောက်ကြတာ။ ချိုလိုက်တာ၊ ခေါက်ဆွဲဟင်းချို ဘယ်လိုများ ချက်ထားပါလိမ့်။
ကုသိုလ်ရှင်တွေကလည်း ခင်ဗျားတို့ ဒီဟင်းကြိုက်ရင် ယူသွား မနက်ကျတော့ စား။ နွှေးထားလို့ရတယ်ဆိုတော့ စားပြီး ထည့်ယူသွားကြတယ်။ မနက်မိုးလင်းလို့ မနေ့က ဟင်းချိုဟင်း နွှေးပြီးတော့ စားရအောင်ဆိုပြီး ကြည့်လိုက်တော့ တီကောင်ဟင်းချို ဖြစ်နေတယ်။
သူတို့ညက မှတ်ထားတာ ခေါက်ဆွဲဟင်းချို၊ တီကောင်ဆိုရင် သူတို့ ညကတည်းက မသောက်ဘူး။ အမှတ်ကခေါက်ဆွဲဆိုတဲ့ အမှတ်နဲ့သောက်လိုက်တာ။
ညတုန်းက ကောင်းတာ ကောင်းတာနဲ့ သောက်လိုက်တာ။ မနက်ကျတော့ ထိုးထိုးပြီး အန်ကြတယ်။ ဘာဖြစ်လို့ ဒီလို ဆန့်ကျင်ဘက် ဖြစ်ကြတာလဲ။
ရွံစရာဆိုတာလည်း သညာပဲ၊ ရွံစရာမဟုတ်ဘူးဆိုတာလည်း သညာပဲ။ သညာက မှတ်တမ်းတင်ထားတဲ့အတိုင်း လူတွေမှာ ဖြစ်နေတာ…။
အကောင်းအဆိုးဟာ အထင်ပဲလေ…
ဒေါက်တာနန္ဒမာလာဘိဝံသ၏ အဘိဓမ္မာမြတ်ဒေသနာမှ...
Labels:
ဖတ်မိတာလေးများ
မိမိဘလော့ကို submit မှန်မှန် လုပ်ပေးခြင်းဖြင့် မိမိဘလော့ မြန်ဆန်မည်ရှင်းလင်းမည် မောက်တင်ပြီး ကျလာတဲ့ဘောက်ထဲမှာ မိမိဘလော့လိပ်စာ ထည့်ကာ Submit ကလစ်လိုက်ပါ ဒါဆို နောက်ဇယားတစ်ခုမှ သင့်အီးမေးကို ထည့်ပြီး Submit လုပ်လိုက်ပါ